လာမည့် သြဂုတ်လ ၁၈ရက်နေ့ G-dragon မွေးနေ့မှာ ဖွင့်လှစ်သွားမှာဘဲဖြစ်ပါတယ်

Zawgyi Version



Unicode Version

နာမည်ကြီး ကိုရီးယား အဆိုတော် ယောက်ကျားလေးအဖွဲ့ဖြစ်သည့် BIG BANG အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ G-Dragon ရဲ့ မွေးနေ့ကတော့ လာမယ့် သြဂုတ် ၁၈ရက်နေ့ဘဲဖြစ်ပါတယ်။အဲ့ဒီနေ့မှာ GD ဟာ ၂၉နှစ်ပြည့် မှာဖြစ်ပြီးတော့ သူ့ရဲ့ ပရိသတ်တွေက GD အတွက် မွေးနေ့လက်ဆောင်အနေဖြင့် ၎င်းအထူးပြုလုပ်ထားတဲ့ သစ်တောကို ဖွင့်လှစ်မှာဘဲဖြစ်ပါတယ်။

ဒီတောကိုတော့ GD ၏နာမည်အရင်းဖြစ်သော Kwon Ji-yong ဟုပေးထားပြီးတော့ Seogwipo မှာရှိတဲ့ ရှောက်ပင်တွေ ချည်းစိုက်ပျိုးထားတဲ့ ပြတိုက်မှာထားရှိမှာဘဲဖြစ်ပါတယ်။၎င်းပြတိုက်အတွင်းမှာဆိုရင်ဖြင့် ရှောက်ပင်အမျိုး အစားပေါင်း များစွာ ကိုအပင်ပေါင်း ၅၀ကျော်နီးပါး စိုက်ပျိုးထားပြီးတော့ ပြတိုက်ထဲမှာပင် ထားရှိထားတာဖြစ်ပါတယ်။

Zawgyi Version



Unicode Version

ဒီလိုမျိုး စီစဉ်ဖြစ်ဖို့အတွက် GDရဲ့ တကယ်ပရိသတ်တွေနှင့်  Tree Planet တို့ကပူပေါင်း ဆောင်ရွက်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ကျရောက်ခဲ့သော မွေးနေ့ထဲက စတင်ပြုလုပ်နေခဲ့တာ ဘဲဖြစ်ပါတယ်။ ပိုပြီးထူးခြား တာကတော့ ဒီလိုမျိုး နာမည်ကြီးတစ်ယောက်ရဲ့ နာမည်ဖြင့် သစ်တော တစ်ခုကို ဖွင့်လှစ်တာဟာ ဒါပထမဦးဆုံး အကြိမ်ဘဲဖြစ်ပါတယ်။

ဒီတောကနေထွက်ရှိလာတဲ့ ထုတ်ကုန်တွေကိုတော့ ပရဟိတနေရာများမှာ အသုံးပြုသွားမှာဖြစ်ပြီးတော့ အခြားသော လူထုနှင့် သက်ဆိုင်တဲ့ ပွဲတွေမှာလည်း လှုဒါန်းပေးသွားမှာဘဲဖြစ်ပါတယ်။ အဲ့ဒီအပြင် ၎င်းတောဟာ နိုင်ငံခြားသား ခရီးသွားများ အများဆုံးလာရောက်လေ့လာကြတဲ့ နေရာတစ်နေရာဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားကြောင်းလည်း သိရပါတယ်။

source : asiaone

Pyae Phyoe(Buzzy.com.mm)

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations