ရင်သားကင်ဆာ၊ အရေပြားကင်ဆာ၊ လည်ချောင်းကင်ဆာတို့ အပြင် အခြားသော ကင်တာတို့၏ရှေ့ပြေးလက္ခဏာများ
အရေပြားပေါ်ကအသားပို
အရေပြားပေါ်ကအသားပို
အသားပိုတွေထွက်လာခြင်းဟာ အရေပြားကင်ဆာနှင့် ရင်သားကင်ဆာတို့ ဖြစ်လာနိုင်မယ့် ရှေ့ပြေးနိမိတ်တွေပါဘဲ။ အခြားသော လက္ခဏာတွေကတော့..............
(၁) ချိုင်းတွေ ရင်သားတွေမှာ အဖုမာမာလေးတွေပေါက်လာတာ
(၂) အစားအစာတို့ကြောင့်သော်လည်းကောင်း အလှကုန်ပစ္စည်းကြောင့်သော်လည်း ထွက်လာတဲ့ ယားနာမျိုးတွေ မဟုတ်ဘဲ အင်ပြင်လိုအရာမျိုးတွေနှင့် ကျိန်းစပ်စပ်အနာတွေ ထွက်လာခြင်း
(၃) အသားပိုရဲ့ အလည်မှာ ပြည်တွေစို့နေခြင်း၊ ပြည်တွေနှင့် စိုစွတ်နေခြင်း
(၄) မွေးရာပါအမှတ်တွေ ပိုကြီးလာခြင်း (သို့) ပုံသဏ္ဍာန်ပြောင်းသွားခြင်းတို့ဘဲဖြစ်ပါတယ်။
မကြာခဏချောင်းဆိုးခြင်း
မကြာခဏချောင်းဆိုးခြင်း
ချောင်းကြာရှည်စွာဆိုးနေခြင်းဟာ အဆုတ်ရောဂါနှင့် အဆုတ်ကင်ဆာတို့ရဲ့ ရှေ့ပြေး လက္ခဏာတွေဖြစ်ပြီးတော့ အခြားသော လက္ခဏာများကတော့...................
(၁) အစားစားချင်စိတ်မရှိခြင်း
(၂) ရုတ်တရက် ကိုယ်အလေးချိန်ကျဆင်းသွားခြင်း
(၃) နောက်ပိုင်းမှာတော့ ချောင်းဆိုးရင် သွေးပါလာပြီး အသက်ရှုမဝဖြစ်လာတာတွေဘဲဖြစ်ပါတယ်။
အရေပြားတွေယားယံလာခြင်း
အရေပြားတွေယားယံလာခြင်း
ဖြစ်စဉ်တော်တော်များများမှာတော့ အရေပြားပေါ်က အင်ပြင်တွေဟာ ရောင်နာ၊ ယင်းနာ၊ အသားပို တွေနှင့် ပတ်သက်ခြင်းမရှိသော်လည်း ဆေးရုံဆေးခန်းတို့မှ နားလည်တက်ကျွမ်းသူတွေရဲ့ ပြောပြချက်တွေအရ အောက်ပါ အချက်တွေနဲ့တော့ အသေအချာ ဆက်နွယ်နေပါတယ်။
(၁) သားအိမ်မှာ အသားပိုထွက်နေတယ်ဆိုရင် လိင်အဂါင်္ကို ယားယံစေပါတယ်။ (သားအိမ်ကင်ဆာ)
(၂) ဦးနှောက်ကင်ဆာဟာ နှာခေါင်းပေါက်ကိုယားယံလာအောင် လှုံ့ဆော်ပေးပါတယ်။
ကိုယ်တွင်းပိုင်းဆိုင်ရာတွေ ပြောင်းလဲခြင်း
ကိုယ်တွင်းပိုင်းဆိုင်ရာတွေ ပြောင်းလဲခြင်း
ကိုယ်တွင်းပိုင်းကင်ဆာတွေကအောက်ပါ လက္ခဏာတွေကို ရှေ့ပြေးပြသပါတယ်။
(၁) ၀မ်းသွားရင် သွေးပါခြင်း
(၂) သလိပ်၊ ချွဲ၊ ပြည်တို့ ထွက်ခြင်း
(၃) အလိုအလျောက် ၀မ်းမထိန်းနိုင်ခြင်း၊ ၀မ်းသွားခြင်းတို့ဖြစ်ပါတယ်။
ဆီးတစိမ့်စိမ့် သွားခြင်း
ဆီးတစိမ့်စိမ့် သွားခြင်း
(၂) သွေးတိုးခြင်း
ဒီအချက်ကတော့ ကျောက်ကပ်ကင်ဆာဖြစ်ဖို့အတွက် ပြနေတဲ့လက္ခဏာဘဲဖြစ်ပါတယ်။ ၎င်းအပြင်
(၁) ဆီးသွားရင် သွေးပါခြင်း
(၂) သွေးတိုးခြင်း
(၃) ကျောက်ကပ်မှ နာကျင်ခြင်း
(၄) အချိန်အတော်ကြာအောင် အားပြတ်လပ်ခြင်းတို့သည်လည်း ကျောက်ကပ်ကင်ဆာ ၏ရှေ့ပြေးနိမိတ်တွေ ဘဲဖြစ်ပါတယ်။
(၃) သွေးအားနည်းခြင်း
ဒီလို အဖြေရှာမရတဲ့ ကိုယ်အလေးချိန်ကျဆင်းမှု့မျိုးကတော့ အစာအိမ်ကင်ဆာဖြစ်ဖို့အတွက် နည်းလမ်းရှာလိုက်ပါဘဲ။ အစပိုင်းတွေမှာ သိသိသာသာ ထင်ထင်ရှားရှားမရှိသော်လည်း နောက်ပိုင်းမှာတော့ အောက်မှာဆက်လက်ဖော်ပြမယ့် ရောဂါလက္ခဏာတွေ ဟာ ဆက်တိုက်ဖြစ်လာပါလိမ့်မယ်။
(၁) အစာအဟာရတွေကို မနှစ်မြို့ခြင်း (အစားစားချင်စိတ်မရှိခြင်း)
(၂) အစာနည်းနည်းဘဲ စားနိုင်ခြင်း(နည်းနည်းလေးဘဲ စားလိုက်တာတောင်မှ ဗိုက်တင်းနေပြီး စားချင်စိတ်မရှိသ လိုဖြစ်ခြင်း)
(၃) သွေးအားနည်းခြင်း
(၄) အူအတွင်းပိုင်းမှ အညစ်အကြေးထုတ်ရာအပိုင်းသို့ အစားအစာများသွားရောက်တဲ့အခါ အခက်အခဲဖြစ်ခြင်းတို့ ဖြစ်ပါတယ်။
ဆက်တိုက် လည်ချောင်းနာခြင်း
ဆက်တိုက် လည်ချောင်းနာခြင်း
အချိန်အတော်ကြာအောင် လည်ချောင်းနာနေခြင်းဟာ လည်ချောင်းကင်ဆာဖြစ်ဖို့အတွက် လမ်းစဖြစ်ပြီးတော့ အောက်ပါ အချက်တွေကလည်း လည်ချောင်းကင်ဆာဖြစ်ဖို့အတွက် လမ်းစတွေဘဲဖြစ်ပါတယ်။
(၁) အသက်ရှုရတာခက်ခြင်း၊ မျိုချရတာခက်ခြင်း
(၂) လည်ချောင်းထဲမှာ အစိုင်အခဲ တစ်ခုခုခံနေသလိုလို ခံစားရခြင်း
(၃) မူလပင်ကိုယ်သံပျောက်လို့ မကောင်းမွန်သောအသံပုံစံမျိုးထွက်ခြင်း
(၄) အသက်ရှုရတာမကောင်းခြင်းနှင့် ချောင်းဆိုးရင် သွေးပါခြင်းတို့ဖြစ်သည်။
အထက်ပါဖော်ပြချက်ကိုဖတ်ရှု့ပြီးတော့ မိမိကိုယ်တိုင်ရောဂါကို အကဲဖြတ်ခြင်း ဆုံးဖြတ်ခြင်း မလုပ်သင့်ပါ။ သို့သော် လည်း အဆိုပါအကြောင်းအရာတွေထဲက တစ်ခုခုနှင့် သွားပြီး တိုက်ဆိုင်နေပြီဆိုရင်လည်း လျစ်လျူမရှု့ ထားသင့်ပါဘူး။ ဆရာဝန်နှင့် တိုင်ပက်ဆွေးနွေးပြီး လိုအပ်တာတွေကို ဆက်လက်ပြုလုပ်သင့်ပါတယ်လို့ စေတနာရင်းဖြင့် အကြံပြုရင်း...................။
source : bs
Pyae Phyoe(Buzzy.com.mm)
Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Facebook Conversations