ရီရတယ် ကြည့်ကြည့်ပါ



ကားမောင်းလာတဲ့ သူကို အကြောင်းပြချက်ထွေထွေထူးထူးမရှိဘဲနှင့် လွှတ်ကော ခဲ့တဲ့ လူကြီးတစ်ယောက်ရဲ့ အကြောင်းပါ။ ဒီဗီဒီယိုက Youtube မှာ ကြည့်ရှု့သူ ၆သန်းတောင်ကျော်သွားပါပီ။ ဖြစ်ပုံက ခွေးတစ်ကောင်နှင့် လမ်းလျှောက်လာတဲ့ အဖိုးကြီးတစ်ယောက်ဟာ လမ်းကိုဖြတ်ကူးဖို့ လုပ်နေခဲ့တာကြောင့် ကားလမ်းမအတိုင်း မောင်းနှင်လာတဲ့ ကားဟာ ရပ်တန့်ပေးလိုက်ပါတယ်။

ဒါပေမယ့် အရင်ကမောင်းနှင်လာတဲ့ အရှိန်ကြောင့် ဆောင့်ပြီး ရပ်လိုက်သလိုဖြစ်သွားခဲ့ပါတယ်။ဒီလိုအဖြစ်ကိုမြင်တော့ ခွေးကျောင်းလာတဲ့ အဖိုးကြီးက သာမာန်ထက်ပိုပြီးတော့ အမှန်အကန် ကားမောင်းသူကို ကောလွှတ်ပါတော့တယ်။ ဒီအပိုင်းထိက ခွီဖို့ အချိန်မဟုတ်သေးပါဘူး။ အဖိုးကြီး တောက်လျှောက်ကောပြီး လမ်းကိုအဆုံးထိကူးလိုက်တဲ့ အချိန်မှာတော့ လမ်းမှာ စိုက်ထားတဲ့ ဓာတ်တိုင်နှင့် ခေါင်းနှင့် ၀င်ဆောင့်ပါတော့တယ်။နောက် ရှက်ကိုးရှက်ကန်းနဲ့ ပြန်ပြီး လှည့်ကောပြန်ပါတယ်။ ဗီဒီယိုကို အောက်မှာဖော်ပြထားတာမို့ တလက်စထဲကြည့်သွားပါအုံးနော်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations