ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်

1. မြွေကိုက်လို့သေဆုံးခဲ့တဲ့ မြွေတွေကို ကယ်တင်ပေးသူအသင်းရဲ့ သင်းအုပ်ဆရာ

မြွေကိုက်လို့သေဆုံးခဲ့တဲ့ မြွေတွေကို ကယ်တင်ပေးသူအသင်းရဲ့ သင်းအုပ်ဆရာ

၂၀၁၄ခုနှစ်တုန်းက နာမည်ကြီးခဲ့တဲ့ မြွေကိုလက်မှာကိုင်ပြဖူးသူတစ်ယောက်ဟာ

ခလောက်မြွေကိုက်လို့ သေဆုံးခဲ့ပါတယ်။Jamie Coots လို့အမည်ရပြီး Middlesboro

မှာရှိတဲ့ သူ့ရဲ့ church ကျောင်းမှာ ကိုင်ဆောင်ပြခဲ့တာဖြစ်ပြီးတော့ အဲ့ဒီလက်ကိုဘဲ

ကိုက်လိုက်တာဖြစ်ပါတယ်။ သို့သော်လည်း သူဟာဆေးကုသမှု့ကို ခံယူဖို့ ငြင်းဆန်

ခဲ့ပါတယ်။ သူ့ရဲ့သားဖြစ်သူ Cody ရဲ့ ပြောပြချက်အရ သူ၏ဖခင်ဟာ အရင်ကလည်း

ရှစ်ကြိမ်လောက်အကိုက်ခံရဖူးပေမယ့် ဒီလို မျိုး မဖြစ်ခဲ့ဘူးလို့ပြောပါတယ်။

2. ရေပေါ်မှာ လမ်းလျှောက်ပြဖို့ ကြိုးစားရင်း မိချောင်းကိုက်ခံရလို့ သေဆုံးရတဲ့ သင်းအုပ်

ရေပေါ်မှာ လမ်းလျှောက်ပြဖို့ ကြိုးစားရင်း မိချောင်းကိုက်ခံရလို့ သေဆုံးရတဲ့ သင်းအုပ်

Zimbabwe မှာနေထိုင်သူ သင်းအုပ်ဆရာတစ်ယောက်ဟာ ၂၀၁၇ခုနှစ် အစောပိုင်း

တုန်းက မိချောင်းတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီးတော့ သေဆုံးသွားခဲ့ပါတယ်။Jonathan Mthethwa ဟာ ဘုရားသခင်ရဲ့ biblical ပုံပြင်ထဲကအတိုင်း ရေပေါ်မှာ လမ်းလျှောက်

ပြီးတော့ တိရစ္ဆာန်တွေရဲ့ စားသောက်ခြင်းခံရပုံကို ပြန်လည် သရုပ်ပြနေခဲ့တာဖြစ်ပါတယ်။

သတင်းပေးပို့ချက်တွေထဲမှာတော့ Mthethwa ဟာ Aptly လို့အမည်ရတဲ့ မိချောင်း

ကန်ကြီးထဲမှာလမ်းလျှောက်ပြခဲ့ပါတယ်။ လျှောက်လာရင်းနဲ့ မီတာ ၃၀ အရောက်မှာ

အခုလိုဘဲ တိရစ္ဆာန်တွေရဲ့တိုက်ခိုက်မှု့ကို ခံခဲ့ရာဘဲဖြစ်ပါတယ်။

3. သူ့ရဲ့ သစ္စာပျက်မှု့အတွက် ဖြောင့်ချက်ပေးနေစဉ် လဲကျသေဆုံးခဲ့တဲ့ သင်းအုပ်

သူ့ရဲ့ သစ္စာပျက်မှု့အတွက် ဖြောင့်ချက်ပေးနေစဉ် လဲကျသေဆုံးခဲ့တဲ့ သင်းအုပ်

Bishop Bobby Davis လို့ခေါ်တဲ့ သင်းအုပ်ဆရာတစ်ယောက်ဟာ Bridgeport မှာရှိတဲ့ Miracle Faith World Outreach Church ကျောင်းမှာ တရားကြားနာဖို့လာတဲ့

လူတွေကို သစ္စာပျက်မှု့အတွက် ဖြောင့်ချက်ပေးဖို့ပြုလုပ်နေချိန်အတွင်းမှာ  လဲကျသေ

ဆုံးခဲ့တာဖြစ်ပါတယ်။ သူဟာ ၁၉၆၇ ခုနှစ်ထဲက နာမည်ကြီး Church ကျောင်းရဲ့

သင်းအုပ်ဆရာဖြစ်ခဲ့ပြီးတော့ လဲကျသွားစဉ်မှာ နီးစပ်ရာဆေးရုံကို အလျင်အမြန်ပို့

ဆောင်ခဲ့ပေမယ့်လည်း အသက်မမှီတော့ဘဲ သေဆုံးသွားခဲ့တာဖြစ်ပါတယ်

4. Jesus ရဲ့ စံချိန်ကို ကျော်ဖို့ဆိုပြီး ရက် ၃၀ ကြာဥပုသ်စောင့်ရင်းသေဆုံးခဲ့တဲ့ သင်းအုပ်ဘုန်းကြီး

Jesus ရဲ့ စံချိန်ကို ကျော်ဖို့ဆိုပြီး ရက် ၃၀ ကြာဥပုသ်စောင့်ရင်းသေဆုံးခဲ့တဲ့ သင်းအုပ်ဘုန်းကြီး

အာဖရိကတောင်ပိုင်းက ဘုန်းတော်ကြီး Alfred Ndlovu ဟာရက်ပေါင်း ၄၀ နှင့် ညပေါင်း ၄၀ ဥပုသ်စောင့်ခဲ့တဲ့ Christ ရဲ့ စံချိန်ကို ကျော်လွန်အောင်ဆိုပြီး ရက်ပေါင်း ၃၀

အစားမစားဘဲ ဥပုသ်စောင့်ခဲ့ရာမှ အဟာရပြတ်လပ်ရင်းနှင့် သေဆုံးခဲ့ပါတယ်။

အသက် ၄၄နှစ်ရှိပြီဖြစ်ပြီးတော့ အိမ်နားမှာ ရှိတဲ့ တောထဲကိုဝင်လို့ ဥပုသ်စောင့်ဖို့ပြုလုပ်

ခဲ့တာဘဲဖြစ်ပါတယ်။ဒီလို ဥပုသ်စောင့်ရင်း တစ်လအကြာမှာ သေဆုံးခဲ့တာဘဲဖြစ်ပါတယ်။

တောကြီးမျက်မည်းထဲမှာ တစ်ယောက်ထဲနေထိုင်တာဖြစ်ပြီးတော့ သူ့ရဲ့ ရုပ်အလောင်း

ကို လူစိမ်းတစ်ယောက်မှတွေ့ရှိခဲ့တာဖြစ်ပြီးတော့ အာဏာပိုင်တွေကို အကြောင်းကြား

ခဲ့တာဘဲဖြစ်ပါတယ်။ သူ့ရဲ့ သေဆုံးမှု့ကိုတော့ ကြားရသူတိုင်းက အံ့သြလို့နေခဲ့ပါ

တယ်။

5. နှစ်ခြင်းခံခြင်း မင်္ဂလာပြုလုပ်နေချိန် မတော်တဆ ဓာတ်လိုက်သေဆုံးခဲ့တဲ့ သင်းအုပ်ဆရာ

နှစ်ခြင်းခံခြင်း မင်္ဂလာပြုလုပ်နေချိန် မတော်တဆ ဓာတ်လိုက်သေဆုံးခဲ့တဲ့ သင်းအုပ်ဆရာ

၂၀၀၅ ခုနှစ်တုန်းက church ကျောင်းတစ်ခုမှာ နှစ်ခြင်းမင်္ဂလာပြုလုပ်နေချိန်အတွင်းမှာ

သင်းအုပ်ဆရာတစ်ယောက်ဖြစ်သူ Rev.Kyle Lake ကိုင်ထားတဲ့ မိုက်ကရိုဖုန်းရဲ့

အစိတ်အပိုင်းတစ်ချို့ဟာ ရေအောက်မှာ မတော်တဆနစ်မြုပ်သွားပြီးတော့

ဓာတ်လိုက်သေဆုံးခဲ့ပါတယ်။ အသက် ၃၃နှစ်မှာ သေဆုံးခဲ့တာဖြစ်ပြီးတော့ ရေထဲမှာ

ရပ်နေစဉ်အတွက်ကြောင့်လည်း ဓာတ်လိုက်သေဆုံးခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း

နစ်ခြင်းခံသူ အမျိုးသမီးကတော့ ထိခိုက်မှု့တစ်စုံတစ်ရာမရှိဖူးလို့ မှတ်တမ်းများမှာပါရှိ

ပါတယ်။ တက်ရောက်လာသူ ဧည့်ပရိတ်သတ်ပေါင်း ၈၀၀ ရှေ့မှာ မိနစ်ပိုင်းအတွင်း

မှာတင်ဖြစ်ပွားခဲ့တာဘဲဖြစ်ပါတယ်။

6. ဒေသနာမြွက်ကြွားနေတုန်း "ဘုရားသခင်က ကျွန်ုပ်ကို အခုအချိန်ခေါ်လျှင်တောင် အဆင့်သင့်ပါဘဲ" လို့ပြောခဲ့ပြီး သေဆုံးခဲ့တဲ့ သင်းအုပ်

ဒေသနာမြွက်ကြွားနေတုန်း "ဘုရားသခင်က ကျွန်ုပ်ကို အခုအချိန်ခေါ်လျှင်တောင် အဆင့်သင့်ပါဘဲ" လို့ပြောခဲ့ပြီး သေဆုံးခဲ့တဲ့ သင်းအုပ်

၂၀၁၅ ခုနှစ်တုန်းက နယူးအော်လန်က သင်းအုပ်တစ်ယောက်ဟာ နယူးအော်လန်က Saint Mary Church ကျောင်းမှာ ဒေသနာမြွက်ကြွားနေစဉ် "ဘုရားသခင်က ကျွန်ုပ်ကို အခုချိန်ခေါ်ရင်တောင် အဆင်သင့်ပါဘဲ" လို့ပြောရင်း လူဘုံအလည်မှာ လဲကျသေဆုံးသွားခဲ့ပါတယ်။ သေဆုံးချိန်မှာ Kenneth Green ဟာ အသက်အားဖြင့် ၅၆ နှစ်ရှိပြီဘဲဖြစ်ပါတယ်။

 

 

"..ပြီးတော့..ကျွန်ုပ် ကောင်းကင်ဘုံကိုသွားတဲ့အခါ.." လို့ပြောပြီး တရားဟောစင်မြင့်ထက်မှာ သေဆုံးသွားခဲ့တဲ့ တရားဟောဆရာ

 

၂၀၀၅ခုနှစ်တုန်းက အသင်းဝင်ဝန်ကြီးတစ်ယောက်ဖြစ်သူ Jack Arnold ဟာ တရား

ဟော စင်မြင့်ထက်မှာ "..ပြီးတော့..ကျွန်ုပ် ကောင်းကင်ဘုံကိုသွားတဲ့ အခါ" လို့ပြော

ပြီးလဲကျသေဆုံးသွားခဲ့ပါတယ်။ သေဆုံးချိန်မှာ အသက် ၆၉နှစ်ရှိပြီဖြစ်ပြီးတော့ တရား

ဟော စင်မြင့်ရဲ့ အနားကို လဲကျသွားခဲ့တာဖြစ်ပြီးတော့ ကြမ်းပြင်ပေါ်ကို ပြုတ်ကျသွား

ခဲ့တာဘဲဖြစ်ပါတယ်။ မသေဆုံးခင် မိနစ်ပိုင်းအတွင်းမှာ Arnold ဟာ ၁၈ရာစုရဲ့ Bible Scholar John Wesley ရဲ့ စာသားကို ရွတ်ဆိုနေခဲ့တာဖြစ်ပါတယ်။ ၎င်းစာသားကတော့

" ဒီကမ္ဘာကြီးပေါ်က ငါ့ရဲ့ အလုပ်တွေ မပြီးခင်မှာတော့ ငါဟာ မသေဆုံးနိုင်တဲ့ လူသား

တစ်ယောက်ဖြစ်ပြီးတော့ ဘုရားသခင်အတွက် လုပ်ပေးရမယ့် အလုပ်တွေလုပ်ပြီးသွား

တဲ့အခါမှာတော့ ဘုရားသခင်ဆီ သွားရမှာပါ" ဆိုတဲ့ စာသားလေးဘဲဖြစ်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations