တစ်ခုခုကို ရွေးပြီးမှ ဝင်ဖတ်ပါနော်

ကျွန်ုပ်တို့ရဲ့ ရွေးချယ်မှု့က ကျွန်ုပ်တို့အဓိပ္ပာယ်ဖွင့်ပေးပါတယ်။ အသေးအဖွဲ့လေးလို့

ထင်လိုက်မိတဲ့ အရာတွေကတောင် အဓိပ္ပာယ်ဖွင့်ပေးသွားနိုင်ပါတယ်။ ဒါလေးကရိုးရိုး

လေးပါဘဲ။ မသိစိတ်ကနေ အားလုံးကို လုပ်ဆောင်သွားတာဖြစ်ပါတယ်။

အခုစမ်းသပ်မှု့လေးတစ်ခုလုပ်လိုက်ကြရအောင်လား။ ဓာတ်ပုံထဲမှာပါတဲ့ လူလေး

ယောက်ထဲကနေ ဘယ်သူက အရူးမိုက်ဆုံးလုပ်ရပ်ကို လုပ်နေတယ်လို့ သင်ထင်လိုက်

မိပါသလည်း။ အဲ့ဒီလူရဲ့ နံပါတ်ကိုရွေးပြီးတော့ နံပါတ်အတိုင်းအောက်မှာ အဖြေရှာလို့

သင်ဟာ ဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာကို ကြည့်ကြည့်လိုက်ရအောင်။

နံပါတ် ၁ -

သင်ဟာ ဘွင်းဘွင်းပြောတက်တဲ့ ခေါင်းဆောင်တစ်ယောက်စိတ်ရှိသူဖြစ်ပါ

တယ်။ သင်ဟာ ခေါင်းမာတယ်လို့ နာမည်ကြီးနေတာတောင်မှ ပတ်ဝန်းကျင်မှာရှိတဲ့

လူတွေက သင့်ကို မှီလိုလို့ရနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ သင်ဟာ မကြာခဏဆို

သလို မိုက်ကန်းကန်း ဆုံးဖြတ်ချက်တွေကို ချတက်ပါတယ်။ သင့်ရဲ့ အကြံတွေကိုတွေးနေ

ဖို့အတွက် အချိန်အနည်းငယ်သာတွေးတက်ပါတယ်။

နံပါတ် ၂ -

တစ်ကြိမ်ဖြတ်ဖို့ အတွက် နှစ်ကြိမ်တိုင်းပါ ဆိုတဲ့ လူစားပါဘဲ။ ဥာဏ်ပညာနှင့်

စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု့တွေက သင့်ဟာ ဘယ်လိုလူလည်းဆိုတာကို သိသာစေ

ပါတယ်။ ဒါပေမယ့်လည်း တခါတရံမှာ သင်ဟာ တာဝန်ယူမှု့ဆိုတဲ့ နေရာတွေမှာ

တခြားသူတွေအပေါ်ကို ပုံချတက်ပါတယ်။ သင်ဟာ ကြင်နာတက်တဲ့ လူတစ်ယောက်ပါ။။

ပြီးတော့ တစ်ခါတစ်ရံမှာ သင့်ဘေးက လူတွေက သူတို့အကျိုးအမြတ်အတွက် သင့်ကို

အမှားတွေပြုလုပ်ဖို့ သွေးဆောင်ဖြားယောင်းတက်ကြပါတယ်။

နံပါတ် ၃

သင်ဟာ စိတ်ကူးယဉ်နေရတာကို ကြိုက်နှစ်သက်တဲ့လူတစ်ယောက်ပါ။

ဒါပေမယ့်လည်း သင့်ရဲ့ စိတ်ကူးယဉ်မှု့တွေက ရဲရင့်ပါတယ်။ သတ္တိရှိပါတယ်။ အခု

ထက်ထိ သင်ဟာ အဲ့ဒီ စိတ်ကူးယဉ်ထားတာတွေကို တစ်နည်းနည်းနှင့် လက်တွေ့

ဖြစ်လာအောင်  ပြောင်းလဲနေပါတယ်။ သင့်ရဲ့ ထူးဆန်းတဲ့ အတွေးအမြင်တွေကြောင့်

လူတော်တော်များများက သင့်ကို မကြာခဏနားမလည်ကြပါဖူး။

နံပါတ် ၎

သင်ဟာ ပင်ကိုယ်စရိုက်က ခေါင်းမာတက်ပြီးတော့ မြင့်မားတဲ့ကိုယ်ကျင့်တရား

ကောင်းမွန်သူဖြစ်ပါတယ်။ အရာရာရဲ့ အကြောင်းတရားတွေကို ထင်မြင်ချက်တွေရှိပြီး

တော့ စနစ်ကြီးကို ဆန့်ကျင်ဖို့အတွက် အမြဲတမ်းအဆင်သင့်ဖြစ်နေတဲ့သူပါ။ ဒါပေမယ့်

တခြားသူတွေကို သက်သေပြဖို့အတွက်ကြိုးစားရင်းနှင့် ကိုယ့်ကိုကိုယ်ပြန်လည်ထိခိုက်

နိုင်တာကိုတော့ သတိထားဖို့လိုပါလိမ့်မယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations