အရာရာ တန်ဆေးလွန်ဘေးပါ

1. ကားထဲမှာသဘာဝလွန်ဆန်တဲ့ ပုံစံဖြင့် လိင်ဆက်ဆံနေစဉ် အိတ်ဇောပိုက် လောင်ကျွမ်းမှု့ကြောင့် သေဆုံးခဲ့ရတဲ့ ထိုင်ဝမ်စုံတွဲ

ကားထဲမှာသဘာဝလွန်ဆန်တဲ့ ပုံစံဖြင့် လိင်ဆက်ဆံနေစဉ် အိတ်ဇောပိုက် လောင်ကျွမ်းမှု့ကြောင့် သေဆုံးခဲ့ရတဲ့ ထိုင်ဝမ်စုံတွဲ

၂၀၁၇ခုနှစ် မေလအတွင်းမှာ နယူးတိုင်ပေမြို့အတွင်း ရပ်ထားတဲ့ BMW ကားအတွင်းမှာ သေဆုံးနေတဲ့ စုံတွဲတစ်တွဲကိုတွေ့ရှိခဲ့ရပါတယ်။ အမျိုးသားကို

တော့ အောက်ပိုင်းမှာ ၀တ်လစ်စလစ်ဖြစ်နေပြီးတော့ အမျိုးသမီးရဲ့ လက်ထဲ

မှာတော့ အမျိုးသားရဲ့လိင်တံကိုတွေ့ရပါတယ်။ တရားဝင်ကောက်ချက်ချခဲ့တာ

ကတော့ အဲ့ဒီနှစ်ယောက်စလုံးဟာ သေဆုံးချိန်မှာ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း

ကိုပြုလုပ်ခဲ့ကြတယ်လို့ ကောက်ချက်ချခဲ့ပါတယ်။ နှစ်ယောက်စလုံးက

အသက်အားဖြင့် ၄၉နှစ်စီရှိကြပြီဖြစ်ပြီး အိတ်ဇောပိုက်လောင်ကျွမ်းချိန်မှာ

ကြပ်ညှပ်နေတဲ့ ကားအတွင်းမှာ ကာဗွန်မိုနော့ဆိုဒ် အဆိပ်ငွေ့တွေကို ရှုမိပြီး

သေဆုံးခဲ့ဟန်ရှိပါတယ်။

2. လိင်ဆက်ဆံနေစဉ်အတွင်း ရေနစ်သေဆုံးခဲ့တဲ့ စုံတွဲ

လိင်ဆက်ဆံနေစဉ်အတွင်း ရေနစ်သေဆုံးခဲ့တဲ့ စုံတွဲ

၂၀၁၇ ဂျွန်လအတွင်း ရေကန်အတွင်းမှာ နစ်မြုပ်နေတဲ့ SUV ကားအတွင်းကနေ

သေဆုံးနေတဲ့ ရုရှားစုံတွဲတစ်တွဲကိုတွေ့ရှိခဲ့ရပြန်ပါတယ်။ နှစ်ယောက်စလုံးက

အသက် ၂၂နှစ်ရှိကြပြီဖြစ်ပြီး ရုရှားနိုင်ငံထုတ် NIVA ကားအမျိုးအစားအတွင်းကနေ မလွတ်မြောက်နိုင်ခဲ့တာဖြစ်ပါတယ်။ အမျိုးသားကတော့ Evgeny Chernov ဖြစ်ပြီး ကျောင်းတစ်ကျောင်းမှ ကာယဆရာတစ်ဦးဖြစ်ကာ

သူ့ရဲကချစ်သူကောင်မလေးနှင့် Volgograd မှာရှိတဲ့ ရေကန်ဆီကို နေ့ချင်းပြန်

ခရီးထွက်လာခဲ့တာဘဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အချစ်စိတ်ပြင်းထန်

မှု့ကြောင့် ကားဟာ လှုပ်ယမ်းကာ ရေကန်အတွင်းကို ပြုတ်ကျသွားခဲ့ပြီးနောက်

အဆိုပါနှစ်ယောက်စလုံးဟာ ကားရဲ့ နောက်ထိုင်ခုံတွေမှာ ညှပ်ကာရေနစ်သေ

ဆုံးသွားခဲ့တာဘဲဖြစ်ပါတယ်။

3. ကားမောင်းနေရင်း လိင်ဆက်ဆံခဲ့တာကြောင့် သေဆုံးခဲ့ရတဲ့ ရဲဝန်ထမ်းတစ် ဦးနှင့် သူရဲ့ ချစ်သူကောင်မလေး

ကားမောင်းနေရင်း လိင်ဆက်ဆံခဲ့တာကြောင့် သေဆုံးခဲ့ရတဲ့ ရဲဝန်ထမ်းတစ် ဦးနှင့် သူရဲ့ ချစ်သူကောင်မလေး

ရဲဝန်ထမ်းတစ်ယောက်နှင့် သူ့ရဲ့ မဟေသီလေးတို့ကတော့ ကားမောင်းနေရင်း ပြုလုပ်

ခဲ့တာကြောင့် ကားတိုက်ကာ သေဆုံးသွားခဲ့ပါတယ်။ ရဲဝန်ထမ်းရဲ့ အမည်ကတော့

Constable Ramon Stephens နှင့် ချစ်သူကောင်မလေးကတော့ အကြီးအကျယ်တိုက်မိခဲ့

တဲ့ ယာဉ်မတော်တဆဖြစ်မှု့ထဲမှာ ဒဏ်ရာမြောက်များစွာနှင့် သေဆုံးနေခဲ့ပါတယ်။

သေဆုံးချိန်မှာ နှစ်ယောက်စလုံးဟာ အ၀တ်အစားတွေမဲ့နေခဲ့ကာ မျက်မြင်တွေ့ရှိသူတစ်

ဦးရဲ့ ပြောပြချက်တွေအရတော့ အဆိုပါကားဟာ အရှိန်အရမ်းမြန်ကာ ထိန်းချုပ်မှု့မရှိဘဲ

ရွေ့လျားသွားခဲ့တယ်လို့ဆိုပါတယ်။ယင်းယာဉ်တိုက်မှု့ကိုတော့ Jamaiica အနောက်ပိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ တောင်မြောက်အဝေးပြေးလမ်းမကြီးပေါ်မှာ ဖြစ်

ပွားခဲ့တာဘဲဖြစ်ပါတယ်။

4. လင်မယားနှစ်ယောက် ကားမောင်းနေရင်း လိင်ဆက်ဆံခဲ့လို့ ယာဉ်တိုက်မှု့ဖြစ်ပွားကာ သေဆုံးခဲ့

လင်မယားနှစ်ယောက် ကားမောင်းနေရင်း လိင်ဆက်ဆံခဲ့လို့ ယာဉ်တိုက်မှု့ဖြစ်ပွားကာ သေဆုံးခဲ့

အသက် ၃၁နှစ်ရှိပြီဖြစ်တဲ့ Amanda Notebaert ဟာ သူမရဲ့ ခင်ပွန်းသည်ဖြစ်သူ

Matthew Notebaert အသက် ၃၄ နှစ်ရှိသူနှင့် ၂၀၁၄ခုနှစ် မတ်လ တုန်းက ဖလော်ရီဒါ

မှာရှိတဲ့ အိမ်ကို အပြန်လမ်းမှာ ကားမောင်းနေရင်း လိင်ဆက်ဆံဖို့အတွက် ဆုံးဖြတ်ခဲ့

ကြပါတယ်။ အမျိုးသားဟာ လမ်းကို အပြည့်အ၀ အာရုံမစိုက်နိုင်ဘဲ သူတို့နှစ်ယောက်

ရဲ့ အပြုအမူပေါ်မှာသာ အာရုံရောက်နေခဲ့တာကြောင့် လမ်းဘေးက တူးမြောင်း ကုန်းမြေ

ကိုတိုက်မိခဲ့ပြီး သူတို့မောင်းနှင်လာတဲ့ SUV ကားဟာ လေပေါ်ကို ပေ ၃၀အမြင့်ထိ

ခုန်တက်သွားခဲ့ပါတော့တယ်။ ကားရဲ့ အရှိန်ဟာ တစ်နာရီကို ၅၅မိုင်အထိဖြစ်နေပြီး

တော့ ယာဉ်မောင်းသူအမျိုးသားရဲ့ အရက်သောက်သုံးမှု့ကို တိုင်းတာကြည့်တဲ့အခါ

ဥပဒေနှင့် ငြိစွန်းတဲ့ ပမာဏထက် နှစ်ဆလောက်ဖြစ်နေတာကိုတွေ့ခဲ့ရပါတယ်။

အမျိုးသမီးကတော့ ခေါင်းနှင့် ကားဒတ်ရှ်ဘုတ်၊ ကားအရှေ့မှန်တို့နှင့် တိုက်မိပြီးတော့

သေဆုံးသွားခဲ့ပါတယ်။ အမျိုးသားကတော့ ယာဉ်စည်းကမ်းဥပဒေအရ မဆင်မခြင်မောင်း

နှင်မှု့ကြောင့် ထောင်ငါးနှစ် ကျခံခဲ့ရပါတယ်။

5. လိင်ဆက်ဆံနေစဉ် ကားတိုက်မှု့ဖြစ်ပွားခဲ့တာကြောင့် သေဆုံးခဲ့တဲ့ ထိုင်းကဆရာ

လိင်ဆက်ဆံနေစဉ် ကားတိုက်မှု့ဖြစ်ပွားခဲ့တာကြောင့် သေဆုံးခဲ့တဲ့ ထိုင်းကဆရာ

၂၀၁၇ခုနှစ် ဂျွန်လတုန်းက အိုင်ယာလန်နိုင်ငံသားတစ်ယောက်ဟာ ထိုင်းနိုင်ငံမှာ သေဆုံး

ခဲ့ဖူးပါတယ်။ သေဆုံးခဲ့ရတဲ့ အကြောင်းအရင်းကတော့ သူဟာ ကားအနောက်ခန်းထဲ

မှာ လိင်ဆက်ဆံနေစဉ် ယာဉ်မောင်းဖြစ်သူရဲ့ အမှားကြောင့် ယာဉ်တိုက်မှု့ဖြစ်ပွားကာ

သေဆုံးသွားခဲ့တာဘဲဖြစ်ပါတယ်။ အသက် ၃၉နှစ်ရှိပြီဖြစ်ပြီးတော့ နာမည်ကတော့

John Malone လို့ခေါ်သူဟာ အင်္ဂလိပ်ဘာသာကို သင်ကြားတဲ့ ဆရာတစ်ဦးဖြစ်ပါတယ်။ သူရဲ့ အနက်ရောင် ဇူဆူကီးကားလေးဟာ အရှိန်ပြင်းထန်စွာနှင့် လမ်းဘေး

ဘလောက်တုံးကိုတိုက်မိခဲ့တာဘဲဖြစ်ပါတယ်။ CCTV ရဲ့ မှတ်တမ်းမှာတော့ ကြောက်

စရာကောင်းလောက်အောင် ကားဟာ အကြိမ်ပေါင်းများစွာ လည်သွားခဲ့ပြီးတော့ မှန်

တွေဟာ ထိုင်းနိုင်ငံရဲ့ Chiang Rai လမ်းမပေါ်မှာ ပြန့်ကျဲနေခဲ့တာဘဲဖြစ်ပါတယ်။

ကိုယ်တစ်ပိုင်းဗလာကျင်းနေတဲ့ ဆရာ Malone ကိုတော့ ကားအပျက်အဆီးထဲကနေဆွဲထုတ်ခဲ့ရပြီး သူ့အပြင် ကိုယ်လုံးတီးအမျိုးသမီးတစ်ယောက်ကိုလည်း ဆွဲထုတ်ခဲ့ရ

ပါတယ်။ ဒရိုင်ဘာကတော့ အ၀တ်အစားတွေ ကင်းမဲ့မနေဘဲ အရှေ့ခန်းမှာ ထိုင်တဲ့

အမျိုးသမီး ခရီးသည်ကိုတော့ ဆေးရုံကို ပို့ဆောင်လိုက်ရပါတယ်။  

6. ကားပါကင်မှာထိုးထားပြီး လိင်ဆက်ဆံနေတုန်း သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရတဲ့ အမျိုးသား

ကားပါကင်မှာထိုးထားပြီး လိင်ဆက်ဆံနေတုန်း သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရတဲ့ အမျိုးသား

၂၀၁၇ခုနှစ် မေလမှာ အသက် ၃၄နှစ်ရှိပြီဖြစ်တဲ့ Ladonates Miller ဟာ ကယ်ရိုလိုင်းနား

တောင်ပိုင်းက ကားပါကင်တစ်ခုမှာ အမျိုးသမီးတစ်ယောက်နှင့် အလုပ်ရှုပ်နေတုန်း

တစ်စုံတစ်ယောက်က သေနတ်ဖြင့် ပစ်ကာကားမောင်းထွက်ပြေးသွားခဲ့ပါတယ်။

အာဏာပိုင်တွေကတော့ Miller ရဲ့ အလောင်းကို ဒရိုင်ဘာထိုင်ခုံမှာတွေ့ရှိခဲ့ကြပါတယ်။

မျက်မြင်သက်သေတွေရဲ့ ပြောပြချက်တွေအရတော့ သူ့ရဲ့ အဖော်ဖြစ်သူ အမျိုးသမီးဟာ

ပစ်ခတ်မှု့ပြီးတဲ့နောက်မှာ နောက်ထိုင်ခုံထဲမှာ မူးယစ်ဆေးတွေကို သုံးစွဲခဲ့ပြီး အများ

ပြည်သူက သူမကို ကားထဲကထွက်နိုင်ဖို့ ကူညီခဲ့ပေမယ့် သူမက တံခါးကို ပြန်လည်

ဆွဲပိတ်ခဲ့တယ်လို့သိရပါတယ်။ရဲတွေပြောပြချက်အရတော့ သူမဟာ ပြည့်တန်ဆာတစ်

ယောက်ဖြစ်ပြီးတော့ မှု့ခင်းနှင့် ပတ်သက်ပြီး အနည်းငယ်သော အချက်အလက်ကိုသာ

ပြောပြနိုင်တယ်လို့ ဆိုပါတယ်။

7. ကားဂိုဒေါင်ထဲမှာ လိင်ဆက်ဆံနေတုန်း မွန်းကြပ်သေဆုံးခဲ့တဲ့ ပရော်ဖက်ရှင်နယ် ဘောလုံး သမားနှင့် သူ၏ကောင်မလေး

ကားဂိုဒေါင်ထဲမှာ လိင်ဆက်ဆံနေတုန်း မွန်းကြပ်သေဆုံးခဲ့တဲ့ ပရော်ဖက်ရှင်နယ် ဘောလုံး သမားနှင့် သူ၏ကောင်မလေး

ရိုမေးနီးယားရဲ့ ကွင်းလယ်ကစားသမား Mario Bugeanu အသက် ၂၄နှစ်ရှိသူဟာ

ရည်းစားဖြစ်သူ Mirela Iancu အသက် ၂၃နှစ်ရှိသူနှင့် အချစ်ဇာတ်တွေ ဆင်နွှဲဖို့ စိတ်

မထိန်းနိုင်တော့တာနှင့်  ကားပါကင်ထိုးထိုးပြီးချင်း သူတို့တွေရဲ့အလိုရမ္မက်တွေကို စတင်

ခဲ့ကြပါတော့တယ်။ခိုးကြောင် ခိုးဝှက်လိင်ဆက်ဆံနေကြစဉ်မှာဘဲ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ထွက်လာခဲ့တာကြောင့် ကားဂိုဒေါင်တစ်လျှောက် ထွက်ပြေးခဲ့ကြပေမယ့် လဲကျ

သေဆုံးသွားခဲ့ကြပါတယ်။ သူတို့စုံတွဲကိုတော့ Mario ရဲ့ အဖေဖြစ်သူဟာ တနင်္လာနေ့

မနက်ပိုင်းမှာ တွေ့ရှိခဲ့တာဘဲဖြစ်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations