ကိစ္စတော်တော်များများက ယုံနိုင်စရာမရှိသလို ကြောက်မက်ဖွယ်ပါပဲ

1. ၁) စိတ်ရှုပ်စရာ အယောင်ဆောင်မှု့တစ်ခု

၁) စိတ်ရှုပ်စရာ အယောင်ဆောင်မှု့တစ်ခု

War Games လို့ခေါ်တဲ့ ရုပ်ရှင်ဟာ ၁၉၇၉ခုနှစ်တုန်းက တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်နှင့် အတော်များများကိုတူပါတယ်။ အမေရိကန်ဆီကို နျူကလီးယားဒုံးကျည်ပေါင်း ၁၀၀၀ ဦးတည်ပြီးလာတဲ့ပုံစံဖြစ်အောင် အမေရိကန်လေတပ်က

တပ်သားတစ်ဦးက နောက်ပြန်အယောင်ဆောင်ခဲ့တာကိုPentagon ကတကယ်ထင်ပြီး ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့ဖူးပါတယ်။

2. ၂) စပိန်တုတ်ကွေးရောဂါ

၂) စပိန်တုတ်ကွေးရောဂါ

၁၉၁၈ ခုနှစ်တုန်းက တုတ်ကွေးရောဂါဟာ လူဦးရေသန်းပေါင်း ၅၀၀ ကျော်ကို ကူးစက်ပြီးတော့ ကမ္ဘာ့လူဦးရေရဲ့၃ ရာခိုင်နှုန်းနှင့် ၅ ရာခိုင်နှုန်းကြား ပမာဏကို ဖျက်ဆီးခဲ့ပါတယ်။ ကမ္ဘာ့အသေအပျက်အများဆုံး သမိုင်းတစ်ခုကတော့

သဘာဝဘေးအန္တရာယ်ဟာ လူဦးရေ ၁၀ ရာခိုင်နှုန်းကနေ၄၀ ရာခိုင်နှုန်းကြားကို သေဆုံးစေခဲ့တာဘဲဖြစ်ပါတယ်။

3. ၃) အမေရိကန်နိုင်ငံကို နျူကလီးယားကြဲလုနီးပါးဖြစ်ခဲ့တဲ့ သမ္မတ Boris Yeltsin

၃) အမေရိကန်နိုင်ငံကို နျူကလီးယားကြဲလုနီးပါးဖြစ်ခဲ့တဲ့ သမ္မတ Boris Yeltsin

၁၉၉၅ခုနှစ်မှာ စစ်အေးတိုက်ပွဲ ပြီးဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့် ရုရှားကတော့ အမေရိကန်တွေရဲ့ ပဲ့ထိန်းဒုံးကျည်တွေဟာ လမ်းကြောင်းပေါ်မှာဘဲ ရှိနေသေးတယ်ဆိုတာကို အတိအကျသိမြင်ထားပါတယ်။

သမ္မတ Boris Yeltsin ဟာ နျူကလီးယား ကုဒ်တွေထည့်ထားတဲ့ လက်ဆွဲအိတ်ကို ပထမဦးဆုံးအကြိမ်ဖွင့်ခဲ့ပါတယ်။ဆယ်မိနစ်ကြာလောက် အမေရိကန်အပေါ်ကို နျူကလီးယားကြဲသင့်မကြဲသင့် ဆုံးဖြတ်ခဲ့ရဖူးပါတယ်။

4. ၄) ကြယ်တံခွန်

၎) ကြယ်တံခွန်

၁၉၉၆ ခုနှစ်ရဲ့ အကြီးဆုံးကြယ်တံခွန်ဟာ အရွယ်အစားအားဖြင့် အင်မတန်ကြီးမားသော်လည်း အကျိုးရလာဒ်ကတော့ ဆန့်ကျင်ဘက်ဘဲဖြစ်ခဲ့ပါတယ်။ နှစ်ပေါင်း၂၀၀ အတွင်း ကမ္ဘာမြေဆီကို အနီးဆုံး ချဉ်းကပ်နိုင်ခဲ့တဲ့ ကြယ်တံခွန်လည်း

ဖြစ်ပါတယ်။ အပျော်တမ်းနက္ခတ်တာရာ ပညာရှင်တစ်ဦးဖြစ်တဲ့ Yuji Hyakutake ဟာ အဆိုပါ ကြယ်တံခွန်နီးကပ်လာတာကို မြင်တွေ့ခဲ့ပြီးတော့ အခြား နက္ခတ်တာရာပညာရှင်တွေကို ဦးဆောင်ကာ လေ့လာခဲ့ရာမှာတော့ ကြယ်တံခွန်က

နေ X-Ray အလင်းတန်းတွေ ထုတ်လွှတ်တာကို ပထမဦးဆုံး အကြိမ်အဖြစ် သတိထားမိခဲ့ပါတယ်။

5. ၅) ကျူးဘား ဒုံးကျည်ကပ်ဆိုက်သောကာလ

၅) ကျူးဘား ဒုံးကျည်ကပ်ဆိုက်သောကာလ

လူသားမျိုးနွယ်ကို အမြစ်ဖြတ်ပစ်မယ့် အခြေအနေနှင့် နီးစပ်ခဲ့တဲ့ ကာလကတော့ ၁၉၆၂ခုနှစ်ဘဲဖြစ်ပါတယ်။ အောက်တိုဘာလ ၂၅ရက်နေ့မှာ အမေရိကန်လေတပ်စခန်းရဲ့ အစောင့်ဟာ သတိပေးအချက်ပြခြင်းကို မှားယွင်းပြီး နှိပ်မိခဲ့ပါတတယ်။

အဲ့ဒီ သတိပေးချက်မြည်သံကတော့ တတိယကမ္ဘာစစ်ဖြစ်ပြီဆိုတဲ့ အချက်ပြခြင်းဘဲဖြစ်ပါတယ်။ နောက်တစ်နေ့မှာတော့ အမေရိကန်ဟာ ချက်ချင်းဆိုသလိုဘဲရုရှားဆီကို ဒုံးကျည်နှစ်လုံး စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။

6. ၆) ၂၀၁၂ ခုနှစ် နေမုန်တိုင်း

၆) ၂၀၁၂ ခုနှစ် နေမုန်တိုင်း

၂၀၁၂ ခုနှစ်ရဲ့ နွေရာသီမှာ အပူလှိုင်းတွေပါဝင်တဲ့ တိမ်ထူထူကြီးတစ်ခုဟာ နေဆီကနေ ပေါက်ကွဲထွက်လာပြီးတော့ ကမ္ဘာမြေရဲ့ လမ်းကြောင်းပေါ်ကို ရောက်လာခဲ့ပါတယ်။  ဒီလိုဝင်ရောက်ခဲ့ပြီး ပထမတစ်ပတ်မှာပင် ကမ္ဘာပေါ်မှာ GPS

တွေ လွဲမှာခြင်း၊ ရေဒီယိုလှိုင်းတွေ ပြတ်တောက်ခြင်းနှင့် ဂြိုလ်တုတွေ မီးလောင်ခြင်းများဖြစ်ပွားခဲ့ပါတယ်။ စွမ်းအင်ပြတ်တောက်ခြင်းကြောင့် အခက်အခဲများစွာကြုံတွေ့ခဲ့ရပြီး အဆိုးဆုံး အနေနဲ့ အိမ်သာရေဆွဲချဖို့တောင် ရေမရှိဖြစ်ခဲ့ရပါတယ်။

7. ၇) ၁၈၆၁ ခုနှစ်ရဲ့ ဘီလူးကြီး

၇) ၁၈၆၁ ခုနှစ်ရဲ့ ဘီလူးကြီး

SL-1 ဓာတ်ပေါင်းဖိုကြီး ပိတ်သွားခဲ့ပြီးနောက် Idaho ရေတံခွန်ဟာ ကိုယ်တိုင်ဖောက်ခွဲလုနီးပါးဖြစ်ခဲ့ပြီးနောက် နျူကလီးယားဘေးအန္တရာယ်ဖြစ်စေခဲ့ပါတယ်။ အရေးပေါ်အရာရှိတွေကလည်း ရေဒီယို ဓာတ်ကြွမှု့ လယ်ဗယ်မြင့်တက်လွန်းနေ

တာကြောင့် ထိန်းချုပ်ခန်းထဲကို ၀င်လို့မရခဲ့ပါဘူး။  ၀င်လို့ရခဲ့တဲ့ အချိန်မှာတော့ လူသုံးယောက်သေဆုံးနေခဲ့တာကို တွေ့ခဲ့ရပါတယ်။

8. ၈) ၁၉၅၀ နျုကလီးယားစစ်

၈) ၁၉၅၀ နျုကလီးယားစစ်

ဒီအဖြစ်အပျက်ကိုတော့ လှို့ဝှက်နာမည်ပေးထားပြီ အဲ့ဒီနာမည်ကတော့ Broken Arrow ဘဲဖြစ်ပါတယ်။ ၁၉၅၀ခုနှစ် သြဂုတ်လ အတွင်းမှာ ဖြစ်ပွားခဲ့တာဘဲဖြစ်ပါတယ်။ကိုရီးယားစစ်အတွင်းမှာ B-29 ဟာ ကယ်လီဖိုနီးယား လေတပ်အခြေစိုက် စခန်းမှာ ပျက်ကျခဲ့ပါတယ်။ ရလာဒ်အနေနဲ့ကတော့ ပေါင် ၅၀၀၀ ခန့်ရှိတဲ့ ဖောက်ခွဲရေးပစ္စည်းတွေပေါက်ကွဲသွားခဲ့ပြီးတော့ ၁၉ဦးသေဆုံးခဲ့ပါတယ်။ တကယ်လို့များ ဗုံးဟာ နျူကလီးယားအခန်းနှင့်သာ ချိတ်ဆက်ထားတယ်ဆိုရင် လူ

ပေါင်း ၁သိန်းလောက်ကို အသာလေး သေဆုံးစေခဲ့မှာဘဲဖြစ်ပါတယ်။

9. ၉) ပုလိပ်ရောဂါ

၉) ပုလိပ်ရောဂါ

လူဦးရေကို အဆိုးဆုံး ဒုက္ခပေးနိုင်ခဲ့တဲ့ အရာတွေထဲကတစ်ခုဖြစ်တဲ့ ပုလိပ်ရောဂါကတော့လူသန်းပေါင်း ၂၀၀ ကျော်ကို အမြစ်ဖြုတ်ခဲ့တာဘဲဖြစ်ပါတယ်။ ဒီလိုအဖြစ်အပျက်ရဲ့ တရားခံအဖြစ် အပြစ်တင်လို့ရတာကတော့ ဈေးတွေထဲမှာ

လျှောက်သွားနေတဲ့ ကြွက်မဲကြီးတွေနှင့် အာရှကြွက်သန်းတွေကြောင့်ဘဲဖြစ်ပါတယ်။ ဥရောပနိုင်ငံရဲ့ လူဦးရေ တစ်ဝက်လောက်ကို ဆုံးရှုံးခဲ့ရတဲ့ အပြင် ကမ္ဘာ့လူဦးရေဟာလည်း လျော့နည်းသွားခဲ့ပါတယ်။

10. ၁၀) ကမ္ဘာကြီးကို ပျက်သုဉ်းစေမယ့် စစ်ပွဲကြီးကနီးပြီဆိုပြီး မှားယွင်းထုတ်လွှင့်ခဲ့

၁၀) ကမ္ဘာကြီးကို ပျက်သုဉ်းစေမယ့် စစ်ပွဲကြီးကနီးပြီဆိုပြီး မှားယွင်းထုတ်လွှင့်ခဲ့

၁၉၇၁ ခုနှစ်ရဲ့ ဆောင်းရာသီမှာ အသံလွှင့်ဌာနက ၀န်ထမ်းတစ်ဦးက သတိပေးစနစ်စက်ထဲကို မှားယွင်းတဲ့ အသံဖိုင်ကို ထည့်သွင်းမိခဲ့ပါတယ်။ ဒါဟာ စမ်းသပ်မှု့တစ်ခုပါလို့ ပြောရမယ့်အစား အမေရိကန်နိုင်ငံရဲ့ သမ္မတကထုတ်ပြန်ခဲ့တဲ့

သတိပေးချက်ဖြစ်ပါတယ်။ နောက် ၄၅မိနစ်အကြာမှာ အမှားကြီးဆိုတာကိုသိသွားခဲ့ပါတယ်။

11. ၁၁) ဘိုနီလာ ကြယ်တံခွန်

၁၁) ဘိုနီလာ ကြယ်တံခွန်

၁၈၃၃ ခုနှစ်မှာ ရာပေါင်းများစွာသော ကြယ်တံခွန် အပိုင်းအစတွေဟာ ကမ္ဘာမြေနှင့် နီးကပ်စွာ ကျဆင်းလာခဲ့ဖူးပါတယ်။ ကျဆင်းခဲ့တဲ့ အရှိန်ကတော့ မိုင် ၄၀၀ ဘဲဖြစ်ပါတယ်။ အဆိုပါ ကြယ်တံခွန်ကြီးကိုတော့ Jose Bonilla လို့ အမည်ပေး

ထားခဲ့ပြီးတော့ မြင်ခဲ့တဲ့ ပညာရှင်ရဲ့ပြောပြချက်အရ ကြယ်တံခွန်ဟာ နေအရှေ့အရောက်မှာ ပေါက်ကွဲ ပျက်ဆီးခဲ့ကာ အပိုင်းအစတွေ ဖြစ်လို့ ကမ္ဘာမြေပေါ်ဆီကို ဦးတည်ကျဆင်းလာခဲ့တာလို့ဆိုပါတယ်။

12. ၁၂) The Carrington Event

၁၂) The Carrington Event

တကယ်လို့များ ၁၈၅၉ ခုနှစ်တုန်းကလို နေမုန်တိုင်းသာ ယနေ့ခေတ်မှာ ဖြစ်ခဲ့မယ်ဆိုရင် လူတွေအားလုံးဟာ ပရမ်းပတာတွေ ဖြစ်ကုန်မှာဘဲဖြစ်ပါတယ်။ နေဆီကနေ မီးလုံးနှစ်လုံးလောက်ကျလိုက်တာနှင့် ကမ္ဘာအနှံ့ ဆက်သွယ်ရေးလိုင်း

တွေအကုန်ပြတ်တောက်ပျက်ဆီးသွားမှာဖြစ်ပါတယ်။ ကောင်းကင်ဟာ အရမ်းကို တောက်ပလွန်းတဲ့ အတွက်ကြောင့် လူတွေဟာ မိုးလင်းပြီလို့ ထင်ကြမှာဖြစ်ပြီး တကယ်တော့ အဲ့တာဟာ နေရာင်စွမ်းအင်ကြောင့် အလင်းရောင်ဖြာထွက်တာ

ဖြစ်ပြီး သူ့ရဲ့ ဖျက်ဆီးနိုင်အားက နေမီးလုံးတစ်လုံးကို အဏုမြုဗုံး သန်းပေါင်း တစ်သောင်းကျော်နှင့် ညီမျှပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations