ကျောက်ကပ်ရဲ့ အဆိုးဆုံး အပိုင်းကဘာလည်း?ကျောက်ကပ်မရှိရင် ကျွန်တော်တို့ ရှုးရှုးပေါက်လို့ မရတော့ပါဘူး။ ....မဖြစ်မနေဖတ်ထားဖို့ လိုပါတယ်

အကောင်းဆုံးနှိုင်းယှဉ်ဖော်ပြရမယ်ဆိုရင် ကျောက်ကပ်ဆိုတာဟာ သင့်စမတ်ဖုန်းရဲ့ update တစ်ခုပါဘဲ။ ဖုန်းမှာ စွမ်းဆောင်ရည်အသစ်တွေပါလာနိုင်စေဖို့အတွက်သင့်ရဲ့ ဖုန်းက သင့်ကို update တင်ခိုင်းပြီးပြီဆိုတာနှင့် ဖုန်းကို reset ချ၊အခြေခံအားဖြင့် နောက်ထပ် အသစ်တစ်လုံးကိုင်ရသလို ခံစားချက်မျိုးနှင့်ပေါ့။ကျောက်ကပ်ဆိုတာကလည်း ဒီလိုပါဘဲ။ သင့်ရဲ့ သွေးတွေကို သန့်စင်ပေးပြီးတော့ ကျောက်ကပ်ရဲ့ စစ်ထုတ်ခြင်း စနစ်ကို ဖြတ်ပြီး ဓာတုဗေဒနည်းအရ ခန္ဓာကိုယ်ကို ထိန်းညှိပေးတာဘဲဖြစ်ပါတယ်။

ကျောက်ကပ်ရဲ့ အဆိုးဆုံး အပိုင်းကဘာလည်း?ကျောက်ကပ်မရှိရင် ကျွန်တော်တို့ ရှုးရှုးပေါက်လို့ မရတော့ပါဘူး။ ကဲ ထားပါတော့။ရှုးရှုးပေါက်လို့ရပါတယ်ဘဲထားပါတော့ ။ ပေါက်လို့ရပေမယ့်လည်း သာမာန်ထက်ပိုပြီးခက်ခဲပါလိမ့်မယ်။ပြီးတော့ ကျောက်ကပ်နှစ်ခုမရှိလည်း လူတွေအသက်ရှင် နေထိုင်နိုင်တယ်ဆိုတာကို သင်သိပါသလား? အခု ကျောက်ကပ်နှင့် ပတ်သက်ပြီးတော့ စိတ်ဝင်စားစရာကောင်းတာလေးတွေကို ဗဟုသုတရစေဖို့ အတွက်ဖော်ပြပေးလိုက်ရပါတယ်။

၁) ကျောက်ကပ်တွေဟာသူတို့ရဲ့ သွေးစီးဆင်းနေမှု့ကို ကြိုက်နှစ်သက်ကြတယ်။ကျောက်ကပ်က ခန္ဓာကိုယ်အနှံ့က သွေး ၉၉ရာခိုင်နှုန်းကို ပြန်လည်စုပ်ယူ ပြီးပြန်လည်ထုတ်လုပ်ပေးပါတယ်။ ကျန်တဲ့ ၁ ရာခိုင်နှုန်းကိုတော့ သွေးအဖြစ်ကနေဆီးအဖြစ်သို့ ပြန်လည် စစ်ထုတ်ပေးပါတယ်။

၂) ကျောက်ကပ်ဟာ သွေးလည်ပတ်နေတာကို ကြိုက်တယ်လို့ ဘာလို့ပြောရတာလည်းဆိုတော့ ဦးနှောက်နှင့် အသည်းတို့မှာ လည်ပတ်နေတဲ့ သွေးလည်ပတ်မှု့ထက် ကျောက်ကပ်မှာလည်ပတ်နေတဲ့ သွေးလည်ပတ်မှု့ ကပိုပြီးတော့ မြင့်မားနေလို့ဘဲဖြစ်ပါတယ်။

၃) သွေးအားလုံးရဲ့ ၂၅ ရာခိုင်နှုန်းဟာ နှလုံးကနေပြီးတော့ ကျောက်ကပ်ဆီကိုသွားပါတယ်။

၎) ကလေးတစ်ယောက်ရဲ့ ကျောက်ကပ်ဟာ အဲ့ဒီကလေးရဲ့ ကိုယ်အလေးချိန်ထက်ပိုပြီးကြီးပါတယ်။ သို့သော်လည်း ကျောက်ကပ်ရဲ့ အလေးချိန်က ၁အောင်စလောက်သာရှိတာဖြစ်ပြီးတော့ သာမာန်ကလေးတစ်ယောက်ရဲ့ အလေးချိန်က ၁၂၀ အောင်စ(၇ပေါင်ခွဲ) ရှိတာဖြစ်ပါတယ်။

၅) အရွယ်ရောက်နေသူတစ်ယောက်ရဲ့ ကျောက်ကပ်ကတော့ ၅ အောင်စ(၁၄၂ ဂရမ်)လေးပြီးတော့ အရွယ်အစားကတော့ လက်သီး တစ်လုံးစာလောက်ရှိပါတယ်။

၆) ကျောက်ကပ်မှာ ကျောက်တည်တာဟာ များသောအားဖြင့် အရည်များများ မသောက်လို့ဘဲဖြစ်ပါတယ်။ အထူးသဖြင့်တော့ ရေပေါ့။ ရေသာများများသောက်ပေးပါ။ကျောက်ကပ်က ကျေးဇူးတင်နေပါလိမ့်မယ်။

၇) အကြီးဆုံး မှတ်တမ်းဝင်ခဲ့တဲ့ ကျောက်ကပ်က ကျောက်ရဲ့ အရွယ်အစားကတော့ အုန်းသီးတစ်လုံး စာလောက်ရှိတာဘဲဖြစ်ပါတယ်။အလေးချိန်ကတော့ ၂ပေါင်ခွဲဖြစ်ပါတယ်။

၈) ညာဘက်ကျောက်ကပ်ဟာ များသောအားဖြင့် ဘယ်ဘက်ကျောက်ကပ်ထက်ပိုသေးပြီး ခန္ဓာကိုယ်ရဲ့ အနိမ့်မှာတည်ရှိတက်ပါတယ်။ ညာဘက်ကျောက်ကပ်ကခန္ဓာကိုယ်အတွင်းပိုင်းရဲ့ အကြီးဆုံး အစိတ် အပိုင်းဖြစ်တဲ့ အသည်းရဲ့ အောက်မှာတည်ရှိပြီးတော့ အဲ့ဒီအချက်ကြောင့်လည်း ဘယ်ဘက်ကျောက်ကပ် ထပ် ပိုသေးပြီးအောက်ဘက်မှာတည်ရှိတာဖြစ်ပါတယ်။

၉) ကျောက်ကပ်နှစ်ခုစလုံးရှိနေစရာမလိုပါဘူး။ ကျောက်ကပ်တစ်ခုရဲ့ တစ်ဝက်ကတောင်ကျောက်ကပ်နှစ်ခုစာ အလုပ်လုပ်နိုင်ပါတယ်။ ကျောက်ကပ်တစ်ခုရဲ့ ၇၅ရာခိုင်နှုန်းက ဘ၀ကို အဆင်ပြေပြေနေထိုင်နိုင်အောင် ထောက်ပံ့ပေးနိုင်ပါတယ်။

၁၀) တကယ်လို့များ ကလေးတစ်ယောက်ဟာ ကျောက်ကပ်မပါဘဲ မွေးဖွားလာခဲ့မယ်ဆိုရင် ကျောက်ကပ်နှစ်ခု
အတူတူထားတဲ့ အတိုင်း အခြားတစ်ယောက်က အလေးချိန်ကော အရွယ်အစားကော တူတူဘဲဖြစ်ပါတယ်။

၁၁) ကျွန်တော်တို့ရဲ့ စစ်ထုတ်ခြင်းစနစ်မှာ nephrons လို့ခေါ်တဲ့ အလွန်သေးငယ်တဲ့ စစ်ထုတ်တဲ့ အရာလေးတွေပါဝင်ပါတယ်။ အဲ့ဒီ nephrons လေးတွေဟာအန္တရာယ်ပေးနိုင်တဲ့ အဆိပ်အတောက်တွေနှင့် သွေးထဲမှာ အရည်တွေပိုကဲနေမှု့ကိုထိန်းသိမ်းပေးပါတယ်။

၁၂) သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ nephrons အရေအတွက် စုစုပေါင်း ၁.၁၅သန်းရှိပါတယ်။ တစ်ခုနှင့် တစ်ခုကို ဆက်စပ်လိုက်မယ်ဆိုရင် အဲ့ဒီရဲ့ အရှည်က၅မိုင်(၈ကီလိုမီတာ) ရှည်လျားမှာဘဲဖြစ်ပါတယ်။

၁၃) သင့်ရဲ့ ဆီးအိမ်ထဲမှာ ၅၀ ကနေ ၅၀၀ မီလီမီတာရှိတဲ့ ဆီးတွေကို ဘယ်လိုနေရာမျိုးမှာဘဲဖြစ်ဖြစ် ထိန်းထားနိုင်ပါတယ်။

၁၄) ဘယ်လောက်ဘဲအေးတဲ့ ရာသီဥတုမှာဘဲဖြစ်ဖြစ် သင့်ရဲ့ ဆီးအိမ်ဟာအပေါ့မသွားရသေးတာတောင် တစ်ဝက်တိတိ ထိန်းထားနိုင်ပြီးတော့ ဆီးတွေဟာ တစ်ဝက်ကျော်တဲ့ ပမာဏကိုရောက်ပြီဆိုရင်တော့ ဦးနှောက်ဆီကိုဆီးသွားချင်ပြီဆိုတဲ့ အကြောင်း သတင်းပေးပါတယ်။

၁၅) ကျောက်ကပ်ဟ ခန္ဓာကိုယ်ထဲက ဗိုက်တာမင် ဒီ ကိုလည်း အသက်သွင်းပေးပါတယ်။ ဒါပေမယ့် နောက်ဆုံးတည်နေရာ အဖြစ်သာ ပြုလုပ်တာဖြစ်ပါတယ်။တကယ်လို့များ သင့်ရဲ့ အရေပြားဆဲလ်တွေဟာ နေရောင်ဆီကနေ ဗိုက်တာမင်ဒီ ကိုလက်ခံမရရှိဖူးဆိုရင်တော့ အသည်းက အစားထိုး ပြုလုပ်ပေးပါတယ်။ အသည်းကလည်း ဗိုက်တာမင် ဒီကို မထုတ်ပေးနိုင်ဘူးဆိုရင်တော့နောက်ဆုံး ကျောက်ကပ်က ဗိုက်တာာမင်ဒီ ကိုထုတ်ပေးပါတော့တယ်။

၁၆) သင်ဟာနေ့တိုင်း ဆီးပမာဏ တစ်လီတာကနေ နှစ်လီတာ အတွင်းထုတ်လုပ်ပါတယ်။

၁၇) ကျောက်ကပ်က အမြဲတမ်း သွေးတွေကို အသစ်ဖြစ်အောင်(လတ်ဆတ်အောင်) ပုံမှန်ပြုလုပ်ပေးပါတယ်။ ခန္ဓာကိုယ်ထဲက သွေးတွေအားလုံးဟာ ကျောက်ကပ်ဆီကို သွားပြီးတော့ နာရီဝက်တိုင်းမှာ သန့်စင်ပေးပါတယ်။ နေ့တိုင်းနေ့တိုင်း ဒီလိုမျိုး အကြိမ် ၅၀ လောက် ကျောက်ကပ်က ပြုလုပ်ပေးပါတယ်။

၁၈) ကျောက်ကပ်က နေ့တိုင်း သွေး ဂါလံ ၄၀၀ လောက်ကိုလည်း စုပ်တင်ပေးပါတယ်။

၁၉) ကမ္ဘာ့ပထမဦးဆုံး ကျောက်ကပ်အစားထိုးကုသမှု့ကတော့ ၁၉၉၃ ခုနှစ်တုန်းက ယူကရိန်းမှာ Yuri Voronoy ဆိုသူက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ခွဲစိတ်မှု့မအောင်မြင်ခဲ့ပါဘူး။

၂၀) ကျောက်ကပ် အစားထိုးကုသမှု့ရဲ့ ပထမဦးဆုံး အောင်မြင်မှု့ကိုတော့Joseph E.Smith ဆိုသူနှင့် သူ့ရဲ့ အဖွဲ့သားတွေက ၁၉၅၄ ခုနှစ်တုန်းက ဘော်စတွန်မှာ ပြုလုပ်ခဲ့တာဘဲဖြစ်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations