စုံစီနဖာ မယုံနိုင်စရာတွေ

၁) ရုရှားရဲ့ မြေမျက်နှာပြင်ဟာ ပလူတိုဂြိုလ်ရဲ့ မြေမျက်နှာပြင်ထက် ပိုကြီးပါတယ်။

၂) အောက်စ်ဖိုဒ့် တက္ကသိုလ်ဟာ Aztec အင်ပါယာထက်ပိုပြီး သက်တမ်းရင့်ပါတယ်။

၃) Star Wars: A New Hope ဆိုတဲ့ ဇာတ်ကား ပြသတဲ့ အချိန်ကာလအထိ

ပြင်သစ်နိုင်ငံမှာ ခေါင်းဖြတ်သတ်နိုင်တဲ့ ဥပေဒေကို ကျင့်သုံးနေပါသေးတယ်။

၎) Nintendo ဟာ အရင်က ကဒ်အရောင်းအ၀ယ်လုပ်တဲ့ ကုမ္ပဏီဖြစ်ခဲ့ပါတယ်။

၅) တကယ်လို့များနေရဲ့ အရွယ်အစားဟာ သွေးဖြူဥဆဲလ်လောက်ဘဲရှိမယ်ဆိုရင်

နဂါးငွေ့တန်း ဂလက်ဆီရဲ့ အရွယ်အစားဟာ အမေရိကန်နိုင်ငံရဲ့ အရွယ်အစား

လောက်ရှိပါတယ်။

၆) ကမ္ဘာပေါ်မှာရှိတဲ့ ကမ်းခြေတိုင်းက သဲအမှုန်လေးတွေရဲ့ အရေအတွက်ထက်

အာကာသထဲက ကြယ်တွေရဲ့ အရေအတွက်က ပိုပြီးများပါတယ်။

၇) ကမ္ဘာပေါ်က လူတိုင်းအတွက် ပုရွက်ဆိတ်ပေါင်း ၁.၆ သန်းရှိပါတယ်။

၈) အဲ့ဒီပုရွက်ဆိတ်တွေရဲ့ စုစုပေါင်းအလေးချိန်က လူတိုင်းရဲ့ အလေးချိန်နှင့်

တူတူပါဘဲ။

၉) ဂျူပီတာနှင့်စနေဂြိုလ်ပေါ်မှာ စိန်တွေက မိုးအဖြစ်ရွာသွန်းကြပါတယ်။

၁၀) ရိုက်ခဲ့သမျှဓာတ်ပုံတွေအားလုံးရဲ့ ဆယ်ရာခိုင်နှုန်းဟာ လွန်ခဲ့တဲ့ တစ်နှစ်အတွင်း

ကရိုက်ထားခဲ့ကြတဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။

၁၁) ရှိတ်စပီးယားက သူ့ရဲ့ Merchant of Venice ဆိုတာကို Jessica ဆိုပြီး

အမည်ပေးထားခဲ့ပါတယ်။

၁၂)ငွေ အကြွေထည့်ပြီး ပစ္စည်းအသေးစားလေးတွေ ၀ယ်လို့ရတဲ့စက်ကြောင့် သေ

ဆုံးမှု့ဟာ ငါးမန်းကိုက်ခံရပြီး သေဆုံးမှု့တွေထက် နှစ်ဆပိုများပါတယ်။

၁၃) The Humpty Dumpty Nursery Rhyme ဆိုတဲ့ ပြောစကားမှာ

Humpty Dumpty ဆိုတာ ဥ ကိုပြောတာဖြစ်ပါတယ်။

၁၄) သင်းခွေချပ်တွေ ကလေးမွေးရင် အမြဲတမ်းလေးမွှာပူးလောက် မွေးနိုင်

ပါတယ်။

၁၅) စကော့တလန်နိုင်ငံတော်နှင့် သက်ဆိုင်တဲ့ တိရစ္ဆာန်ကတော့ ယူနီကွန်း

ဘဲဖြစ်ပါတယ်။

၁၆) ကမ္ဘာပေါ်မှာ ကြိုးကြာနီ အစစ်အရေအတွက်ထက် အတုအရေအတွက်က ပိုပြီးများပါတယ်။

၁၇) အမေရိကန်နိုင်ငံရဲ့ ၁၀ ယောက်မြောက်သမ္မတဖြစ်တဲ့ John Tyler ကို ၁၇၉၀ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ သူ့မှာ မြေးတစ်ယောက်ရှိပြီး အဲ့ဒီမြေး

ဟာ ဒီနေ့အထိ သက်ရှိထင်ရှားရှိနေပါသေးတယ်။

၁၈) စတော်ဘယ်ရီသီးဟာ ဘယ်ရီအသီးမဟုတ်ပါဘူး။

၁၉) ဌက်ပျောသီးကမှသာ ဘယ်ရီသီးဖြစ်ပါတယ်။

၂၀) Superior ရေကန်ကြီးမှ ရေတွေဟာ အမေရိကန်နိုင်ငံ တောင်ပိုင်းနှင့်

မြောက်ပိုင်းကို ဖုံးလွှမ်းပစ်နိုင်တဲ့ ပမာဏရှိပါတယ်။

၂၁)ရေဘ၀ဲတစ်ကောင်မှာ နှလုံး သုံးခုရှိပါတယ်။

၂၂) သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ တကယ့် ခန္ဓာကိုယ် ဆဲလ်အရေအတွက်ထက် ဘတ်တီးရီးယား အရေအတွက်က ဆယ်ဆပိုများပါတယ်။

၂၃) မြောက်ကိုရီးယားနှင့် နော်ဝေးနိုင်ငံတို့ကြားမှာ နိုင်ငံတစ်ခုဘဲခြားပါတယ်။

၂၄) နယူယောက်မြို့မှာ အီတလီ၊ ရောမမြို့ထက် တောင်ဘက်ပိုကျပါတယ်။

၂၅) Maine ဟာ အမေရိကန်ကနေ အာဖရိကကို တိုးတိုးတိတ်တိတ်သွားလို့ရတဲ့ လမ်းကြောင်းဖြစ်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations