၁) လက်သီးကျစ်ကျစ်ဆုပ်ပြီးတော့ မေးရိုးအောက်မှာထားလိုက်ပါ။၅စက္ကန့်လောက်အထိ မေးရိုးကို ဖိထားပေးပါ။ ပြီးရင် ၅စက္ကန့်လောက်လွှတ်ထားလိုက်ပါ။ဒီလိုမျိုး၂ကြိမ်ကနေ၃ကြိမ်အထိပြုလုပ်ပေးပါ။
၂) ရင်ဘတ်အရှေ့မှာ လက်တွေကိုပုံမှာပြထားတဲ့ အတိုင်းထားပါ။လက်နှစ်ဖက်စလုံး အချင်းချင်းဖိထားပြီးတော့ ခန္ဓာကိုကြွက်သားတွေကိုဖြောင့်တန်းထားပါ။ ကျောရိုးကိုလည်း ဆန့်ထားဖို့လိုပါတယ်။
၃) ရင်ဘတ်ကြွက်သားတွေကို ဒိုက်ထိုးခြင်းနည်းလမ်းနှင့်မာကြောသန်မာလာအောင်ပြုလုပ်လို့ရပါတယ်။ တကယ်လို့များဒိုက်ထိုးခြင်းအလေ့အထမရှိတဲ့သူတွေဆိုရင်တော့ သင့်ရဲ့ ဒူးခေါင်းတွေကိုထိုင်ခုံတစ်လုံးပေါ်နှင့်ဆိုဖာပေါ်မှာတင်ထားပြီးပြုလုပ်လို့ရပါတယ်။လက်တွေကိုကြမ်းပြင်မှာထောက်ထားပါ။ခြေထောက်တွေကို ချိတ်ထားပါ။ ခန္ဓာကိုယ်ကို ကြမ်းပြင်ဆီကို နှိမ့်ချနေတဲ့အချိန်မှာ လက်တွေကို ဘေးတစ်ဖက်တစ်ချက်ကို ကြိုးစားကွေးညွှတ်ထားပါ။၁၂ကြိမ်ကနေ၁၅ကြိမ်အထိ ရအောင်ပြုလုပ်ပါ။
၎) ဗိုက်ကို ကြမ်းပြင်နှင့် ဖိထားပြီးတော့ ခြေထောက်နှင့်ဒူးတို့ကို ကွေးထားပါ။ပြီးရင်တော့ ခြေချင်းဝတ်ကနေ ဆွဲထားပါ။စလုပ်တဲ့သူဆိုရင်တော့စက္ကန့်၂၀လောက်ဆွဲထားပြီး ၁၀ စက္ကန့်လောက် အနားပေးပါ။ သုံးကြိမ်လောက်ပြုလုပ်ပေးပါ။
၅) နံရံကနေ မီတာဝက်အကွာအဝေးလောက်မှာရပ်နေပါ။လက်မောင်းတွေကိုဖြောင့်တန်းထားပြီးတော့ အရှေ့ဘက်ကိုထုတ်ထားပါ။ပြီးရင်တော့လက်သီးဆုပ်ပြီါ်နံရံကိုထောက်ထားပါ။ ရင်ဘတ်ကြွက်သားတွေလေ့ကျင်ခန်းလုပ်နေသလိုခံစားရပါလိမ့််မယ်။စက္ကန့် ၂၀လောက် ဖိထားပါ။၁၀စက္ကန့်လောက်အနားယူပါ။ သုံးကြိမ်ပြုလုပ်ပါ။
၆) ခါးကို ကွေးပြီးတော့ လှဲနေပါ။ရင်ဘတ်အပေါ်ကိုဖိအားယူထားဖို့အတွက်အလေးတုံးကို ကိုင်ကာ အပေါ်အောက်အတင်အချပြုလုပ်ရပါမယ်။၈ကြိမ်ပြုလုပ်ရပါမယ်။
၇)သင့်ရဲ့ ကြွက်သားတွေကို အထောက်အကူပြုမှာဖြစ်ပြီးတော့ရင်သားတွေကိုလှပတဲ့ ရင်သားတွေကို ရရှိစေမှာဘဲဖြစ်ပါတယ်။အလေးတုံးကိုကိုင်ထားပါ။ဒူးနှင့် ခြေထောက်တွေကို အနည်းငယ်ကွေးထားပါ။ကိုယ်ကိုအရှေ့ကိုင်းထားပါ။အသက်ရှုသွင်းပြီးတော့ လက်မောင်းတွေကို ဘေးဘက်ကို မတင်ထားပါ။သင့်ရဲ့လက်မောင်းတွေနှင့် မြေပြင်ဟာ အပြိုင်ဖြစ်နေရပါမယ်။
Facebook Conversations