ဒီလိုစွမ်းရည်များစွာရှိတဲ့
စူပါဟီးရိုးကြီး Spider-Man ရဲ့ အချက်အလက်တစ်ချို့ကို ဗဟုသုတရဖွယ်
ဖော်ပြပေးလိုက်ရပါတယ်။

Spider-Manဆိုတဲ့ ဇာတ်ကောင်ဟာ ကမ္ဘာကျော်ဇာတ်ကောင်တစ်ခုဖြစ်ပြီးတော့

ကလေးလူကြီးအကုန်ကြိုက်နှစ်သက်ကြတဲ့ဇာတ်ကောင်လို့ပြောရင်လည်း မမှား

နိုင်ပါဘူး။ Spider-Manကိုရုပ်ရှင်ဇာတ်ကားများစွာရိုက်ကူးခဲ့ပြီး ယခုလက်ရှိ ၂၀၁၇ခုနှစ်မှာဘဲ Spider-Man Homing ဆိုတဲ့ရုပ်ရှင်ဇာတ်ကားသစ်ကြီးထွက်

ရှိထားပါတယ်။ဒီဇာတ်ကောင်ဟာ စူပါဟီးရိုးဇာတ်ကောင်ဖြစ်တဲ့အတွက်ကြောင့်

သူ့ရဲ့ စွမ်းရည်တွေဟာလည်း များစွာရှိပါတယ်။ဒီလိုစွမ်းရည်များစွာရှိတဲ့

စူပါဟီးရိုးကြီး Spider-Manရဲ့ အချက်အလက်တစ်ချို့ကို ဗဟုသုတရဖွယ်

ဖော်ပြပေးလိုက်ရပါတယ်။

၁) Spider-Man  ဇာတ်ကောင်ကို StanLee နှင့် SteveDitko တို့က

ဖန်တီးခဲ့တာဖြစ်ပြီးတော့ ပထမဦးဆုံး ပရိသတ်ကိုထုတ်ပြခဲ့တဲ့အချိန်က

၁၉၆၂ ခုနှစ် သြဂုတ်လ မှာထွက်ရှိခဲ့တဲ့ Amazing Fantasy#15 (comic)

မှာဖြစ်ပါတယ်။

 

၂) Spider-Manဇာတ်ကောင်ကို အရင်က ပင့်ကူတစ်ကောင်ကို အခြေခံတဲ့ စူပါ

ဟီးရိုးအဖြစ် ဖန်တီးခဲ့တာမဟုတ်ဘဲ Stan Lee အနေနဲ့ပျံသန်းတက်တဲ့ အကောင် တစ်မျိုးမျိုး(သို့) အင်းဆက်တစ်မျိုးမျိုးကို အခြေခံတဲ့စူပါဟီးရိုးအဖြစ် ဖန်တီးခဲ့ချင်တာဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ပင့်ကူကိုဘဲရွေး

ချယ်ခဲ့ပါတယ်။

၃) Marvelရဲ့ ပထမဦးဆုံးသော ပင့်ကူလူသား ဟာ Spider-Manဘဲဖြစ်ပါတယ်။ဘာကြောင့်လည်းဆိုတော့ Journeyinto Mystery ကို Spider-Manမိတ်ဆက်ပြီး တစ်လအကြာမှာမှ ထုတ်လွှင့်ခဲ့တာကြောင့်ဖြစ်ပါတယ်။

 

၎) TheAmazing Spider-Man ရုပ်ရှင်ဇာတ်ကားမှာပါဝင်တဲ့ ကျောင်းစာကြည့်

တိုက်ထဲက ဖိုက်တင်ခန်းတစ်ခန်းမှာအခြားသီးခြားတည်ဆောက်ထားတဲ့ ဆက်တင်

နှင့် ရိုက်ခဲ့ရတာဖြစ်ပြီး အဲ့ဒီဆက်တင်ကို ပေပေါင်း၃၀၀၀လောက်ရှိတဲ့လျှပ်စစ်ဓာတ်မကူးအောင်အသုံးပြုတဲ့ဖော့အမျိုးအစားနှင့်ပြုလုပ်ထားရတာဖြစ်ပါ

တယ်။

 

၅) Spider-Manဟာ ကျွန်တော်တို့ ငယ်ရွယ်စဉ်ဘ၀ထဲက ပထမဦးဆုံးသော

ဆယ်ကျော်သက် ဟီးရိုးဖြစ်ခဲ့ပါတယ်။စူပါဟီးရိုးဆိုတာဘာမှန်းသေချာမသိသေး

ချိန်မှာ Spider-Manကြောင့် စိတ်ကူးတွေအများကြီးယဉ်ခဲ့ကြဖူးပါတယ်။

၆)Spiderရဲ့ နာမည်ကို အပြည့်အစုံနှင့် အမှန်အကန်ဆုံးသော ရေးနည်းကတော့

Spider-Manဘဲဖြစ်ပြီး ဖန်တီးခဲ့သူ StanLee ဟာ Supermanနှင့် ဆင်တူမှာ

စိုးတဲ့အတွက် စကားလုံးနှစ်လုံးကြားမှာအတုံးလေးခြားထားခဲ့တာဖြစ်ပါတယ်။

 

၇) TheAmazing Spider-Man(comic) အတွဲ ၁ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှာ အကြိမ်၇၀၀ မြောက်ထုတ်ဝေခဲ့ပြီး ပရိသတ်တွေဆီ အရောက်ပို့ပေး

ခဲ့ပါတယ်။

 

၈) Spider-Manလက်ကနေပစ်တဲ့ ပင့်ကူမျှင်တွေဟာ တစ်နာရီအကြာမှာ အရည်ပျော်သွားနိုင်ပြီးတော့အရည်မပျော်ခင်အထိဆိုရင်တော့ Hulkကို ထိန်း

ထားနိုင်တဲ့ လုံလောက်တဲ့ ခိုင်ခန့်မှု့ရှိပါတယ်။

 

၉) အဲ့ဒီပင့်ကူမျှင်တွေက ကျည်ဆန်ထက်ပိုအလျှင်မြန်ပြီးတော့တစ်ချိန်ထဲမှာဘဲ

သေနတ်ကို ပင့်ကူမျှင်နှင့် ပစ်ပြီး ခလုတ်ကိုပါဆွဲနိုင်တဲ့အထိ Spider-Manကပြုလုပ်နိုင်ပါတယ်။

၁၀) Spider-Manဟာ အတော်ကို လိမ္မာပါးနပ်တဲ့ စီးပွားရေးသမားတစ်ယောက်

လည်းဖြစ်ပြီးတော့ ပါရဂူဘွဲ့လည်း ရထားကာ Parker စက်မှု့လုပ်ငန်းကြီးကို

လည်ပတ်နေစေခဲ့ပါတယ်။

 

၁၁) တိုက်ခိုက်ဖျက်ဆီးဖို့ခက်ခဲတယ်လို့ ထင်ရတဲ့ Spider-Man ရဲ့ အားနည်း

ချက်ကတော့ ပိုးသတ်ဆေး အီသိန်းကလိုရိုက်ဘဲဖြစ်ပါတယ်။

 

၁၂) အမေရိကန်သမ္မတဟောင်း အိုဘားမားရဲ့ အကြိုက်ဆုံးစူပါဟီးရိုးက

Spider-Manဖြစ်ပါတယ်။

 

၁၃) Spider-Man: The Animated Series တစ်ကားလုံးမှာ လက်သီးနှင့် ထိုး

တာ သုံးချက်အထိဘဲရှိပြီး ဒီလိုဖြစ်ရတဲ့အကြောင်းကတော့ Fox ရဲ့ ဆင်ဆာ

စည်းကမ်းက အရမ်းတင်းကြပ်ခဲ့လို့ဘဲဖြစ်ပါတယ်။

၁၄) TheAmazing Spider-Man ရုပ်ရှင်ဇာတ်ကားကို Sonyရဲ့ စတူဒီယိုဖြစ်တဲ့ CulverCity မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

 

၁၅) Kraven'sLast Hunt အတောအတွင်း အသက်ရှင်သန်နိုင်ဖို့အတွက်

Spider-Manဟာ အရှင်လတ်လတ်မြေအောက်မှာ နှစ်ပတ်ကြာအောင် စီမံ

နေထိုင်ခဲ့ရပါတယ်။

 

၁၆) HumanTorch သေပြီးတဲ့နောက်မှာ Spider-Manဟာ FantasticFour

အဖွဲ့ထဲကိုဝင်ရောက်ခဲ့ပါတယ်။

၁၇)၂၀၀၇ခုနှစ်တုန်းက Marvelရဲ့ လေးအုပ်မြောက် Spider-Man:Reign မှာ

တုန်းက အနာဂတ်မှာဖြစ်လာနိုင်ချေရှိတဲ့အရာတစ်ခုကိုရေးဆွဲခဲ့ဖူးပါတယ်။

အဲ့တာကတော့ MaryJane ဟာ Peterရဲ့ ရေဒီယိုသတ္တိကြွနေတဲ့ သုတ်ရည်

တွေကြောင့် ကင်ဆာဖြစ်ပြီး သေဆုံးသွားမယ်ဆိုတာပါဘဲ။

 

၁၈)Spider-ManPS2 ဂိမ်းထဲမှာဆိုရင် ဘေလ်ဘုတ်တစ်ခုမှာရေးဆွဲထားတာကတော့

ဂိမ်းကစားသူဟာ "ဟေ့ တိုနီဟော်ခ့် ငါဒီလူနှင့်စကိတ်စီးနေတာ"ဆိုတဲ့ အသံကို

ဂိမ်းဇာတ်ကောင်တွေ နီးကပ်လာတဲ့အချိန်မှာ ကြားရမှာဖြစ်ပါတယ်။

 

၁၉) တကယ်လို့များ သင်ဟာ Tony Hawk Pro Skater 2 ရဲ့တကယ့်အမာခံ

ပရိသတ်တစ်ယောက်ဆိုရင် သင်အနေနဲ့ Spider-Man ဇာတ်ကောင်ကို

လက်ဆောင်အနေနဲ့ ဆော့ကစားခွင့်ရှိမှာဖြစ်ပါတယ်။

 

၂၀)Spider-Manတစ်ယောက်ထဲ သူတို့မိသားစုမှာ ထူးခြားဆန်းပြားနေတဲ့

ဟီးရိုးမဟုတ်ဘဲ သူ့ရဲ့မိဘနှစ်ပါးစလုံးဟာသူလျိုတွေဖြစ်ကြပြီး လေယာဉ်

ပျက်ကျပြီး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ အဲ့အချိန်တုန်းက Spider-Man ဖြစ်

တဲ့ ပီတာဟာ အန်တီမေနှင့်အန်ကယ် ဘန် တို့ဆီမှာ နေထိုင်နေတာဖြစ်ပါတယ်။

၂၁) ၉၀ ခုနှစ်တွေတုန်းက Marvel ကုမ္ပဏီဟာ ၁၉၇၀တုန်းက ဇာတ်ညွှန်းတွေ

ကိုပြန်လည်ကောက်ယူခဲ့ပြီးတော့ Spider-Man ဇာတ်လမ်းမှာပုံတူတွေဖန်တီး

နိုင်တဲ့ ပရော်ဖက်ဆာ အရူးတသ်ယောက်ကို ထည့်သွင်းခဲ့ပါတယ်။

ပြီးတော့ အဲ့ဒီလူသေဆုံးခဲ့ပါတယ်။ဒါပေမယ့်နောက်ပိုင်းမှာတော့ သူ့ရဲ့

ဦးခေါင်းဟာ အနီရောင်ပင့်ကူ အနေနဲ့ထွက်ပေါ်လာပါတယ်။

 

၂၂) Spider-Manတကယ့်အလုပ်အကိုင်တွေလည်းအများကြီးရှိပါတယ်။

အဲ့တာတွေကတော့ အထက်တန်းကျောင်းက သိပ္ပံဆရာ၊သိပ္ပံပညာရှင်နှင့်

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူဘဲဖြစ်ပါတယ်။(ရုပ်ရှင်ထဲမှာကျတော့

ပီဇာ လိုက်ရောင်းနေရတယ် :P)

 

၂၃) Marvelအနေနဲ့ ဘာသာမရှိတဲ့ ဇာတ်ကောင်အနေနဲ့ ရေးဆွဲဖို့ မျှော်လင့်ထားခဲ့ပေမယ့်လည်း Spider-Man ဟာဂျူးဘာသာကို အင်မတန်မှသက်ဝင်ယုံကြည်သူဖြစ်ပြီးတော့ ပီတာရဲ့ မိသားစုဟာ ဖန်တီးသူ Stan Lee ရဲ့မိသားစုအတိုင်းဂျူးမိသားစုအဖြစ် သရုပ်ဖော်ထားခဲ့တာဖြစ်ပါတယ်။

၂၄) တကယ်တော့ Spideyမှာ လက် ၆ချောင်းရှိတာဖြစ်ပြီး ပင့်ကူအကြီးကြီး

အဖြစ်တောင် ပြောင်းလဲသွားနိုင်ပါတယ်။

 

၂၅) TheGreen Goblin ဟာတကယ်ကို GwanStacy နှင့် ကိုယ်ဝန်ရခဲ့ပြီး

အမွှာနှစ်ယောက်မွေးကာ နောက်ပိုင်းမှာတော့ အမွှာနှစ်ယောက်ဟာ Spider-Man ကိုပြန်လည်တိုက်ခိုက်ဖို့ပြန်လာခဲ့ပါတယ်။

 

၂၆) ပီတာဟာ အမျိုးသမီးများစွာနှင့် ပတ်သက်ခဲ့ဖူးပါတယ်။သူတို့တွေကတော့

BettyBrant,Liz Allen,Gwan Stacy,Mary Jane Watson နှင့် Black Cat တို့ဘဲဖြစ်ပါတယ်။

 

၂၇) TheOther နှင့် SuperiorSpider-Man တို့အပါအ၀င် storyline ထဲမှာ Spider-Manဟာ အကြိမ်ပေါင်းများစွာ သေခဲ့ဖူးပါတယ်။

 

၂၈) Spideyရဲ့ သမိုင်းတွေထဲကတစ်ခုအဖြစ် ပြောပြချင်တာကတော့ သူဟာ Crusher Creel(Absorbing Man)ကိုတိုက်ခိုက်အောင်နိုင်ပြီးတဲ့နောက်မှာ နပန်း

သမားဟီးရိုးပုံစံနှင့် အ၀တ်အစားတွေ လှလှပပချုပ်ဝတ်ကာစီတန်းလှည့်လည်

တဲ့ပွဲကို သွားခဲ့ဖူးပါတယ်။

 

၂၉) Spider-Manရဲ့ ၀တ်စုံထဲမှာ ကင်မရာကို အထိန်းအချုပ်လုပ်နိုင်တဲ့

ဆင်ဆာထည့်သွင်းထားပါတယ်။ဒီလိုကြောင့်လည်း ပီတာအနေနဲ့ဂျာနယ်တိုက်

မှာ Spider-Manရဲ့ ပုံတွေကို တင်နိုင်ခဲ့တာဖြစ်ပါတယ်။

 

၃၀) ThaAmazing Spider-Man ရုပ်ရှင်ကားအတွက် လူပေါင်း ၁၀၀၀ကျော်ကို

အလုပ်ခန့်ခဲ့ရပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations