ဖတ်ကြည့်တော့ တကယ်မသိဘူးဟ

အမျိုးသားအများစုအတွက်ကတော့ သူတို့ကိုယ်ပိုင်ယောက်ကျားဘ၀(လိင်အင်္ဂါ)အကြောင်း ထုတ်ဖော် ပြောရတဲ့ ကိစ္စကတော့ တကယ်ကို အကြီးကြီးပါဘဲ။ဒီအကြောင်းကိုတစ်ခြားတစ်ယောက်ယောက်ကို ပြောပြရတာမျိုးကိုမကြိုက်ကြသလိုသူတို့ကိုယ်ပိုင်ယောက်ကျားအင်္ဂါအကြောင်းပြောရတာလည်းအဆင်မပြေလို့ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒါပေမယ့်လည်းအမျိုးသားတွေကိုယ်တိုင်တောင်မသိလောက်တဲ့ ထူးခြားဆန်းကြယ်တဲ့ အချက်လေးတွေရှိနေပါသေးတယ်။

၁) ယောက်ကျားတွေအားလုံးရဲ့ အင်္ဂါတွေဟာ အရွယ်အစားအားဖြင့်တစ်ယောက်နှင့်တစ်ယောက် မတူညီကြပါဘူး။အရွယ်အစားတွေကွဲပြားခြားနားကြတယ်။တစ်ချို့တွေကတော့ သေးငယ်ပြီးတစ်ချို့ကတော့အရွယ်အစားကြီးမားကြပါတယ်။ဒါပေမယ့် လေ့လာသူကျွမ်းကျင်ပညာရှင်တွေရဲ့ အဆိုအရတော့အမျိုးသား အားလုံးနီးပါးဟာဆန္ဒဖြစ်ပေါ်နေတဲ့အချိန်ဆိုလျှင်အခြားသောကြုံတောင့်ကြုံခဲဖြစ်တဲ့ကိစ္စတွေမှလွဲပြီးလိင်အင်္ဂါရဲ့ အရွယ်အစားဟာ ၆လက်မကနေ ၇လက်မကြားမှာရှိတယ်လို့ ဆိုပါတယ်။

 

၂) ဆေးလိပ်အလွန်အကျွံသောက်သုံးခြင်းဟာ အမျိုးသားတွေရဲ့လိင်အင်္ဂါအရွယ်အစားကို လျှော့ချနိုင်ပါတယ်။၁စင်တီမီတာလောက်သေးငယ်သွားစေနိုင်ပါတယ်။ဒါကြောင့်မို့ဆေးလိပ်လျှော့သောက်ဖို့လိုအပ်ပါတယ်။

 

၃) အသက်အရွယ်ကြီးလာတာနှင့်အမျှ ယောက်ကျားအင်္ဂါရဲ့ခံစားမှု့အာရုံဟာ တဖြည်းဖြည်းချင်း နည်းလာပါတယ်။ဒါဟာ သဘာဝပါဘဲ။

၎) Colymbosathonecplecticos ဟာ လိင်အင်္ဂါကို ကြီးထွားဖွံ့ဖြိုးစေဖို့အတွက် ပထမဦးဆုံးသောမျိုးစေ့ဖြစ်ပြီးတော့ ဒီမျိုးစေ့ကိုပထမဦးဆုံးသော ပိုင်ဆိုင်ရသူဟာလူသားမျိုးနွယ်တွေဖြစ်တယ်လို့ တွေးထင်ထားကြပါတယ်။

 

၅) တကယ်လို့များ သင်ဟာ ပန်းသေပန်းညိုးရောဂါနှင့်သာမန်ထက်စောပြီး သုတ်လွှတ်တဲ့ဝေဒနာကို ခံစားနေရတဲ့ သူဆိုရင်တော့သင်မှာ သုတ်လွှတ်ပေးတဲ့အကျိတ်(သုတ်ရည်ဂလင်း) မှာလည်း ပြသနာ ဖြစ်နိုင်ပါတယ်။ဒါဟာသုတ်အကျိတ်ကင်ဆာဖြစ်နိုင်တဲ့လက္ခဏာဖြစ်ပါတယ်။

 

၆) ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်မိမယ်ဆိုရင်အမျိုးသားအင်္ဂါဟာ ကျိုးသွားနိုင်ပါတယ်။ ဆန္ဒဖြစ်ပေါ်နေတဲ့အချိန်မှာဆိုရင် လိင်အင်္ဂါဟာအရမ်းကို ထိလွယ်ခိုက်လွယ်ဖြစ်နေတဲ့အချိန်ဖြစ်ပြီးတော့မာကျောတဲ့မျက်နှာပြင်တစ်ခုနှင့် ထိရိုက်မိမယ်ဆိုရင် တကယ်ကျိုးသွားနိုင်ပါတယ်။

၇) လိင်ဆက်ဆံမှု့ပုံမှန်ပြုလုပ်တဲ့လူတွေဟာအသက်ပိုရှည်ပါတယ်တဲ့။လေ့လာသူတွေရဲ့ သက်သေပြချက်အရ တစ်ပတ်မှာ အနည်းဆုံးတစ်ကြိမ်လောက် လိင်ဆက်ဆံမှု့ပြုလုပ်တဲ့သူတွေဟာ နှလုံးရောဂါ၊ နှလုံးအဆီဖုံးခြင်းနှင့်လေဖြတ်ခြင်းတို့ကို လျှော့ချပေးနိုင်တယ်လို့ သိရှိရပါတယ်။

 

၈) ယောက်ကျားအင်္ဂါ မာနေပြီ၊ပျော့နေသေးတယ်ဆိုတာကိုဆုံးဖြတ်တာဟာ သင့်ရဲ့ ဦးနှောဏ်မဟုတ်ပါဘူး။ သင့်ရဲ့ကျောရိုးနာဗ်ကြိုးကထိန်းချုပ်တာဖြစ်ပါတယ်။စိတ်ရှည်ရှည်ထားပြီး စောင့်နေဖို့လိုအပ်ပါတယ်။

 

၉) အရွယ်အစားက အရေးကြီးပါတယ်လို့ဆိုပါတယ်။ပိုမိုရှည်လျားတဲ့ အမျိုးသားအင်္ဂါတွေဟာ နှီးနှောခြင်းပြီးဆုံးသွားလို့သုတ်လွှတ်တဲ့အချိန်မှာ ပိုမိုကောင်းမွန်တဲ့ သုတ်ရေကို ထုတ်ပေးနိုင်ပါတယ်တဲ့။

၁၀) Tongaရဲ့ ဘုရင်ကြီး Fatefehiကတော့ သမိုင်းမှာ ကံအကောင်းဆုံး ယောက်ကျားပါဘဲတဲ့။သူဟာ ၁၄နှစ်တာသက်တမ်းအတွင်းမိန်းမပျိုပေါင်း ၃သောင်း၇ထောင်၈ရာနှင့် အိပ်စက်ခဲ့ပြီးတော့တွက်ကြည့်မယ် ဆိုရင် တစ်ရက်ကို အမျိုးသမီး ၇ယောက်နှုန်းရှိပါတယ်။

 

၁၁) လိင်တံကျိုးပဲ့နိုင်တဲ့ အကြောင်းအရင်းကတော့ အပြင်းအထန် တစ်ကိုယ်ရေအာသာဖြေခြင်းကြောင့်ဖြစ်ပါတယ်။

 

၁၂) လေ့လာသူတွေရဲ့ သက်သေပြချက်တွေအရလိင်ဆက်ဆံမှု့ပြီးဆုံးဖို့အချိန်ကာလဟာ နှစ်မိနစ်ခွဲလောက်ရှိပါတယ်တဲ့။ဒါကြောင့်သင့်အနေနဲ့ အချိန်ကြာကြာမဆောင်ရွက်နိုင်တဲ့အခါကိုယ့်ကိုကိုယ်အပြစ်မတင်မိဖို့လိုအပ်ပါတယ်။

၁၃) ဆွဲဆောင်မှု့ကောင်းတဲ့ အမျိုးသားတွေဟာသာမန်ကြည့်ကောင်းတဲ့ အမျိုးသားတွေထက်(သို့)ဆွဲဆောင်မှု့အားနည်းတဲ့အမျိုးသားတွေထက်ပိုကောင်းတဲ့ ပိုသန်မာတဲ့ သုတ်ရည်ကိုထုတ်လွှတ်နိုင်ပါတယ်။

 

၁၄) ယောက်ကျားအင်္ဂါအမျိုးအစားနှစ်မျိုးရှိပါတယ်။ (၁)သာမာန်အချိန်မှာ အရွယ်အစားကြီးမားပေမယ့် ဆန္ဒဖြစ်ပေါ်တဲ့အချိန်မှာလည်းယခင်အရွယ်အစားအတိုင်းဘဲရှိတဲ့အမျိုးအစား (၂) သာမာန်အချိန်မှာ သေးပေမယ့် ဆန္ဒဖြစ်ပေါ်တဲ့ အချိန်တွေမှာအရွယ်အစားပိုမိုကြီးမားလာတဲ့ အမျိုးအစားတို့ဖြစ်ပါတယ်။

 

၁၅)ဆန္ဒအရမ်းပြင်းထန်နေတဲ့ အချိန်မှာဆိုရင် အမျိုးသားတွေ ပြီးဆုံးတဲ့အချိန်ဟာ၆စက္ကန့်သာကြာမြင့်ပါတယ်။ဒါကြောင့်မို့လို့ အချိန်တိုတွင်းပြီးဆုံးသွားတဲ့အပေါ်သင့်ကိုယ်သင် စိတ်အားမငယ်မိဖို့လိုပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations