ဘာလို့ သူမအနေနဲ့ သင့်ကို သူငယ်ချင်းထက်ပိုလို့မရနိုင်တာလည်းဆိုတဲ့အကြောင်းပြချက်တွေကို ဖော်ပြပေးလိုက်ရပါတယ်။

တစ်ချို့သော သံယောဇဉ်ဆက်ဆံရေးတွေက သူငယ်ချင်းအဆင့်ထက်ဘာလို့ကျော်လို့မရတာလည်းဆိုတဲ့ ကိစ္စဟာ တခါတလေမှာလုံးဝစဉ်းစားလို့မရပါဘူး။လုပ်နိုင်တာမှန်သမျှ ကြိုးစားလုပ်ပါပေမယ့်လည်း သင်ဟာ တစ်စုံတစ်ယောက်နှင့်သူငယ်ချင်းဇုန်ထဲမှာ ဘဲရှိနေသေးတာ ဘာလို့များပါလည်းလို့ တွေးနေမိပါလိမ့်မယ်။ ဒါဆိုရင်တော့ဒီလို ရှာမရနိုင်တဲ့ အဖြေကို ရှင်းရှင်းလင်းလင်းလေးဖြစ်သွားအောင် ဘာလို့ သူမအနေနဲ့သင့်ကို သူငယ်ချင်းထက်ပိုလို့မရနိုင်တာလည်းဆိုတဲ့အကြောင်းပြချက်တွေကို ဖော်ပြပေးလိုက်ရပါတယ်။

သင်က သူမကို ငြင်းဆန်စေဖို့အတွက် ခံစားမှု့ဖြစ်စေလို့ပါ

သင်က သူမကို ငြင်းဆန်စေဖို့အတွက် ခံစားမှု့ဖြစ်စေလို့ပါ

ရိုမန်တစ်မဆန်တဲ့ အရာကို တစ်ခါလောက် သူမကိုမပေးမိလိုက်တာနှင့်အဲ့တာဟာ ပြောင်းလဲဖို့ ခက်သွားပါပြီ။ ဘာလို့လည်းဆိုတော့ သင်ကတခြားမိန်းမတွေနှင့်ကျ ကလူ၊မြူဆွယ်နေပြီးတော့ သူမနှင့်ကျတော့ တစ်ခါမှမပြုလုပ်ဘူးလို့မြင်သွားလို့ဖြစ်ပါတယ်။သူမကို သင့်အနေနဲ့ စစ်မှန်စွာ စိတ်ဝင်စားမှု့လုံးဝမရှိဘူးလို့သူမက တစ်ဖက်သတ်ယူဆလိုက်လို့ဖြစ်ပါတယ်။

သင်ရဲ့ ခံစားချက်တွေကို မဖော်ထုတ်လွန်းလို့ပါ(မျိုသိပ်ထားတာများနေလို့)

သင်ရဲ့ ခံစားချက်တွေကို မဖော်ထုတ်လွန်းလို့ပါ(မျိုသိပ်ထားတာများနေလို့)

အမျိုးသမီးတွေက အများကြီးတွေးတက်ကြပါတယ်။ မနေ့ကထိ သူငယ်ချင်းဖြစ်ခဲ့ရပေမယ့်ပြီးခဲ့တဲ့ တညလုံးသူမအကြောင်းတွေးနေရင်း ဘယ်လို တိုးတက်အောင်လုပ်မလည်းဆိုတာတွေးရင်းကုန်ဆုံးခဲ့တယ် ဆိုတာကိုသူမနားလည်းမှာပါဆိုပြီးသင်မျှော်လင့်နေလို့မရပါဘူး။တကယ်လို့များ သင့်ရဲ့အချစ်တွေကို ၀န်ခံဖို့အတွက်အချိန်အတော်ကြာယူလိုက်မယ်ဆိုရင်လည်း သူတို့ကစပြီးတော့သင့်ရဲ့ ခံစားချက်တွေကို သံသယ၀င်လာပါပြီ။

သင်ဟာ ကြောက်တက်တယ်လို့ သူမက ထင်တယ်

သင်ဟာ ကြောက်တက်တယ်လို့ သူမက ထင်တယ်

အမျိုးသမီးတွေက အကြောက်တရားကင်းမဲ့တဲ့ ယောက်ကျားကိုကြိုက်ကြတာပါ။သင့်ဟာ ငြင်းပယ်ခံရခြင်း အတွက် ကြောက်နေတယ်ဆိုတာကို ကိုယ်ကိုတိုင်သိချင်မှသိလိမ့်မှာ ဖြစ်ပေမယ့် သူမကတော့ အဲ့တာကို ထင်ရှားစွာမြင်နေပါတယ်။တကယ်လို့များ အန္တရာယ်ကင်းကင်းနဲ့ဘဲ နေလိုက်မယ်ဆိုရင်လည်း သင်ဟာလွယ်ကူတဲ့ ထွက်ပေါက်ကို လိုချင်နေတယ်ဆိုတဲ့ လက္ခဏာဖြစ်ပြီးတော့ သူမရဲ့ယုံကြည်ချက်ကိုရမယ့် လမ်းကပျောက်ဆုံးသွားမှာဖြစ်ပါတယ်။

သူမသင့်ကို လိုချင်လာအောင် မပြုလုပ်နိုင်ဘူး

သူမသင့်ကို လိုချင်လာအောင် မပြုလုပ်နိုင်ဘူး

သူ့ရဲ့ အမျိုးသားအတွက် အလိုအလားအပ်ဆုံးဖြစ်ချင်ကြတာအမျိုးသမီးတိုင်းရဲ့အိမ်မက်ဖြစ်ပါတယ်။ တစ်ခြားအမျိုးသမီးတစ်ယောက်ကိုသင်ချဉ်းကပ်တာကို သူမမြင်လိုက်တိုင်း သူမဟာ သင်လိုချင်တဲ့ လူတစ်ယောက်မဟုတ်ဘူးလို့ယူဆသွားပါတယ်။

သူမဘယ်လိုလုပ်သင့်တယ်ဆိုတဲ့ လမ်းကြောင်းကို သင်မပြနိုင်သေးလို့ပါ

သူမဘယ်လိုလုပ်သင့်တယ်ဆိုတဲ့ လမ်းကြောင်းကို သင်မပြနိုင်သေးလို့ပါ

အခုချိန်ထိကို သူမက သင့်ကိုအချစ်ရဆုံးသူငယ်ချင်းတစ်ယောက်အဖြစ်ဘဲ မြင်နေသေးတာပါ။ ဒီလိုဖြစ်ရတာဟာ သင့်အနေနဲ့ဘယ်လောက်တောင် တည်ဆောက်နိုင်စွမ်းအားကောင်းတယ်ဆိုတာကို သူမကိုမပြနိုင်သေးလို့ဖြစ်ပါတယ်။သူမကို သင်ဘယ်လောက်ချစ်တယ်ဆိုတာကို သူမမသိသေးလို့ဖြစ်ပါလိမ့်မယ်။

လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု့မရှိသေးဘူးလို့ထင်နေတယ်

လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု့မရှိသေးဘူးလို့ထင်နေတယ်

အဲ့ဒီကိစ္စကို အော်ကြီးဟစ်ကျယ်တော့ သူမကပြောနေမှာမဟုတ်ပါဘူး။ဒါပေမယ့်လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု့ ဆိုတာဟာ ဆက်ဆံရေးတစ်ခုမှာအဓိကကျတဲ့အခန်းကဏ္ဍကပါဝင်ပါတယ်။သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြောင့် ချည်းဘဲမဟုတ်ဘဲသင့်အနေနဲ့သူမကို ဘယ်လိုမျိုးရှိသလည်းဆိုတာပါ သက်ဆိုင်နေပါတယ်။

 

 

သင်က တစ်ခါမှ သူမကို ချိန်းတွေ့ဖို့ မပြောဖူးဘူး

ယနေ့လိုခေတ်မျိုးမှာတောင်မှ မိန်းကလေးအများစုက သူတို့ရဲ့ယောက်ကျားလေးတွေဆီကနေ ချိန်းတွေ့ဖို့ ခေါ်တာကို မျှော်လင့်နေဆဲဖြစ်ပါတယ်။ ဒီ့မတိုင်ခင်ကသူမနှင့် နေ့လည်စာကို အကြိမ်ပေါင်းများစွာ အပြင်ထွက်ပြီးစားဖူးချင်စားဖူးပါလိမ့်မယ်။ဒါပေမယ့် အခုပြောနေတဲ့ ချိန်းတွေ့တာမျိုးက သမီးရည်းစားချိန်းတွေ့တဲ့ ပုံစံမျိုးကိုပြောနေတာပါ။

 

အထက်မှာပြောနေတဲ့ အချက်တွေကို သေချာနားလည်အောင်ဖတ်ပြီးတော့သူမကို မဆုံးရှုံးခင် နောက်ထပ် တစ်ဆင့်ကို တက်နိုင်အောင် အသေအလဲ ကြိုးစားဖို့အတွက်အကြံပေးချင်ပါတယ်။ ချစ်တဲ့ လူတိုင်း ညား ကြပါစေ။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations