ဒုတိယမြောက် အခြေအနေမျိုးနှင့် ကြုံလာခဲ့ပြီဆိုရင် အဖြေကို ပြတ်ပြတ်သားသားထုတ်နိုင်ဖို့အတွက် အောက်က အချက် ၈ချက်ကိုဖတ်ပြီးတော့ ဆုံးဖြတ်နိုင်အောင်လို့ ရေးသားဖော်ပြလိုက်ရပါတယ်။

Relationshipတစ်ခုဟာ ပြတ်စဲဖို့ တစ်ခုထဲအတွက်မဟုတ်ဘဲ ပြန်လည်ပေါင်းစည်းဖို့ရှေ့ဆက်လျှောက်ဖို့နှင့်အတူတကွ အမြဲတမ်းပျော်ရွှင်စွာ နေထိုင်သွားဖို့တွေပါပါဝင်ပါတယ်။ကျွန်တော်တို့ပုံဖော်နိုင်တဲ့ အရာတွေထက် အများကြီး ပိုရှုပ်ထွေးပါတယ်။လူတိုင်းလူတိုင်းရဲ့နှလုံးသားတံခါးကို ဒုတိယအကြိမ်မြောက်အဖြစ် လာလာ ခေါက်တက်တဲ့ သူတစ်ယောက်ရှိပါတယ်။ဥပမာပြောရရင် သင့်ရဲ့ ရည်းစားဟောင်းကောင်လေး (သို့) ကောင်မလေး နှင့်ပြတ်ပြီးတော့ တစ်ပတ်(သို့) တစ်လကြာတဲ့အခါမှာ သူ့ဘက်ကနေပြီးတော့ သင့်ဆီကိုပြန်လာပြီး ပြန်တွဲဖို့အတွက် တောင်းပန်ခွင့်ပန်တဲ့အခါ သင့်အနေနဲ့ သူ့(သို့)သူမကိုဒုတိယအခွင့်အရေး ပြန်ပေးမှာပါလား?ဒီလိုမေးလိုက်ရင်တော်တော်များများက အခွင့်အရေးပြန်ပေးမယ်။မပေးဘူးနဲ့ ငြင်းခုံနေ ကြမှာပါ။နှစ်ယောက်ကြားထဲက ညီမျှခြင်းလေးပျက်ပြယ်သွားပီမို့ အတူတူပြန်လည်ပေါင်းဖက်ဖို့ဆိုတာအကြောင်းတရား မရှိတော့ဘူးလို့လည်း ထင်နေတဲ့ကြတဲ့သူတွေရှိမှာပါ။ဒါကြောင့် ဒီလိုဒုတိယမြောက် အခြေအနေမျိုးနှင့် ကြုံလာခဲ့ပြီဆိုရင် အဖြေကိုပြတ်ပြတ်သားသားထုတ်နိုင်ဖို့အတွက် အောက်က အချက် ၈ချက်ကိုဖတ်ပြီးတော့ဆုံးဖြတ်နိုင်အောင်လို့ ရေးသားဖော်ပြလိုက်ရပါတယ်။

၁) သင်တို့ ပြတ်စဲခဲ့ရတဲ့ အကြောင်းအရင်းက ဘာလည်း

ပထမအကြိမ်တုန်းက ပြတ်စဲခဲ့တဲ့ အကြောင်းအရင်းကတော့ရှိကိုရှိရပါမယ်။ တစ်ချို့ အကြောင်းအရင်းတွေ ကတော့ ရူးကြောင်ကြောင်နိုင်ပါတယ်။ဘာမှမဟုတ်တဲ့ကိစ္စလေးတွေကြောင့် ပြတ်ခဲ့နိုင်သလို တကယ် အရေးကြီးတဲ့အပိုင်းတွေမှာသဘောထားမတူညီနိုင်တာတွေကြောင့်လည်း ပြတ်စဲခဲ့နိုင်ပါတယ်။ ဘယ်လို အကြောင်းကြောင်းကြောင့်ဘဲပြတ်ခဲ့ပြတ်ခဲ့ ဘာကြောင့် ပြတ်ခဲ့တာလည်းဆိုတဲ့ အဓိကအကြောင်းအရာကိုနားလည်ဖို့လိုအပ်ပြီး ဒီအချက်ကို အတူတူပြန်လည်စဉ်းစားဖို့လိုအပ်ပါတယ်။

၂) သင့်ကို ပြန်လိုချင်နေတဲ့ အကြောင်းအရင်းတွေက ဘာလည်း

ပြတ်ခဲ့တဲ့ အကြောင်းအရင်းလိုမျိုးဘဲ သင့်ကို သူ(သို့)သူမဘာကြောင့် ပြန်တွဲချင်တာလည်းဆိုတဲ့ အကြောင်း ကလည်း တကယ်ကိုအရေးပါပါတယ်။သူတို့တွဲနေတဲ့ချစ်သူနှင့် ပြတ်သွားလို့ ကိုယ့်ဆီပြန်လာတာလား။ အလုပ်မှာစိတ်တွေအရမ်းရှုပ်ပြီးမွန်းကျပ်နေလို့လား။သင့်ရဲ့ သူငယ်ချင်းတွေက စနေလို့လား။ ဒါမှမဟုတ်လည်းသင်က အရင်ကထက် ပိုချော၊ပိုလှ လာလို့လား ဆိုတာတွေကို ထည့်စဉ်းစားရပါမယ်။တကယ်လို့များသူတို့ ဘက်က သင်နှင့် ပြန်တွဲချင်ရတဲ့ အကြောင်းအရငိးုခိုင်ခိုင်မာမာလက်ဆုပ်လက်ကိုင်ပြနိုင်တယ်ဆိုလို့ရှိရင် နာကျင်စရာ စိတ်ရှုပ်စရာအတွေးတွေဖြစ်မလာနိုင်တော့ပါဘူး။

၃) စကားလုံးတွေကိုဘဲ ကြည့်ပြီး မယုံစားလိုက်ပါနှင့်။သူ(သို့)သူမရဲ့ အမူအရာစိတ်ခံစားချက်တွေကိုလည်း ကြည့်ပါ

သင့်ကို နောက်တစ်ကြိမ်ပြန်တွဲဖို့ လာပြောခဲ့တဲ့ အချိန်မှာသူတို့ရဲ့ ချဉ်းကပ်မှု့ကဘာလည်းဆိုတာကို ကြည့်ပါ။ တကယ်ဘဲ ပြန်ပေါင်းစည်းဖို့ကြိုးစားနေတာလား။ဒါမှမဟုတ် သင့်ကို ကစားဖို့ လုပ်နေတာလားဆိုတာကိုပေါ့။ ကိုယ်တွဲခဲ့ဖူးတဲ့သူတစ်ယောက်ဖြစ်တာကြောင့် သူတို့ရဲ့ စိတ်အနေအထားကို ဖတ်ကြည့်ဖို့ သိပ်မခက်ခဲဖူးလို့ထင်တာကြောင့် ဒီအကြံကိုပေးရခြင်းဖြစ်ပါတယ်။ဒါကြောင့်ပြန်လည်ယုံကြည်သင့်မယုံကြည်သင့်ကို သင့်ရဲ့ မသိစိတ် နှစ်ဦးကြားကအနေအထားလေးတွေကိုသုံးသပ်ပြီးတော့ အဖြေထုတ်သင့်ပါတယ်။

၎) သင်တို့ရဲ့ပထမဆက်ဆံရေးက ဘယ်လောက်ထိခိုင်မြဲခဲ့ဖူးပါသလည်း

၎) သင်တို့ရဲ့ပထမဆက်ဆံရေးက ဘယ်လောက်ထိခိုင်မြဲခဲ့ဖူးပါသလည်း

သူနှင့် အချိန်ကုန်ဆုံးခဲ့ဖူးတဲ့ အခါတွေကိုပြန်သုံးသပ်ကြည့်ပြီးတော့ ဒုတိယအကြိမ်ဆိုတာ ဖြစ်သင့်တယ် မဖြစ်သင့်ဖူးကိုဆုံးဖြတ်ပါ။တကယ်လို့များ သင်တို့ဟာ တစ်နှစ်(သို့)နှစ်နှစ် လောက်တွဲခဲ့ပြီး ရုတ်တရက် ပြတ်သွားခဲ့တယ်ဆိုရင်တော့ ပြန်တွဲဖို့အတွက်စဉ်းစားလို့ရပါသေးတယ်။ဒါပေမယ့် ၃လလောက် ၊၅လလောက် ရန်တွေဖြစ်ခဲ့တဲ့ဆက်ဆံရေးမျိုးဆိုရင်တော့ ပြန်တွဲဖို့အတွက် စဉ်းစားစရာ ဘာအကြောင်းမှမရှိတော့ပါဘူး။

၅) သူနှင့် ပတ်သက်ပြီး စိတ်ခံစားချက်တွေ ရှိနေသေးတုန်းဘဲလား

မေ့ပစ်ခဲ့ပြီးသားဖြစ်ပြီးတော့ ငါတို့နှစ်ယောက်ဒီထက်ပိုပြီးရှေ့ဆက်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတာကို လက်ခံပြီး သားလား။ဒါမှမဟုတ်သူ့ကို သတိရနေဆဲဖြစ်ပြီးတော့ကိုယ့်ဆီပြန်လာဖို့အတွက်တိတ်တိတ်လေး ဆုတောင်း နေတုန်းဘဲလား။

မေ့ဖျောက်ပစ်ဖို့ လွယ်တယ်ဆို၇င်တော့ သူဟာ သင့်ရဲ့ ဘ၀မှာအရေးမကြီးတော့တဲ့ လူတစ်ယောက် ဖြစ်ပြီးတော့ ပြန်တွဲဖို့အကြောင်းတရားလုံးဝမရှိပါဘူး။ဒါပေမယ့် သတိတွေရနေသေးတယ်။ သူ့အကြောင်းဘဲ တွေးနေမိပြီးတော့မေ့ဖျောက်ပစ်ဖို့ခက်နေတယ်ဆိုရင်တော့ ဒုတိယအကြိမ်မြောက်ဆိုတာကို စဉ်းစားသင့် နေပါပြီ။

၆) သူ့ကိုယုံကြည်နေတုန်းဘဲလား

၆) သူ့ကိုယုံကြည်နေတုန်းဘဲလား

ယှဉ်ပြိုင်မှု့နှင့် ယုံကြည်မှု့ဆိုတာဟာ relationship တစ်ခုမှာရှိနေတဲ့ မျဉ်းပြိုင်နှစ်ကြောင်းလိုပါဘဲ။ တကယ်လို့များ သင်တို့နှစ်ယောက်ဟာကြောက်လန့်စရာကောင်းလောက်အောင် ပြတ်စဲခဲ့တယ်။သူ့အနေနဲ့ သင့်ကိုလိမ်ညာလှည့်ဖျားခဲ့တာတောင်မှ သူ့ကို အခုထက်ထိယုံကြည်နိုင်သေးတယ်ဆိုရင်တော့သင်တွေးစရာအကြောင်းအရင်းတွေရှိနေပါပြီ။

၇) သင်တို့နှစ်ယောက်ပြတ်ခဲ့တဲ့ အချိန်တွင်း သူဘယ်လိုတွေ နေထိုင်ခဲ့သလည်း

ဒါဟာ မှု့ခင်းစုံထောက်ပြုလုပ်တဲ့အပိုင်းတစ်ပိုင်းမဟုတ်ပေမယ့် သင့်ကို ဒုတိယအကြိမ်ပြန်တွဲဖို့လာပြီးတောင်းပန်ပြောဆိုတာဟာ လက်စားချေဖို့ မဟုတ်ပါဘူးလို့သင်မပြောနိုင်ပါဘူး။ဒါကြောင့်နောက်ဆုံး အဆုံးသတ်ဆီ ခုန်မချခင်လေးမှာ သင်တို့ နှစ်ယောက်ပြတ်ခဲ့တဲ့ အချိန်အတွင်းသူဘယ်လိုနေထိုင်ခဲ့သလည်း ဆိုတဲ့နောက်ကြောင်းရာဇ၀င်ကိုတော့စစ်ဆေးကြည့်ဖိုလိုပါလိမ့်မယ်။သင်တို့နှစ်ယောက်လုံးရဲ့ အကြောင်းကို သိတဲ့သူငယ်ချင်းတွေနှင့် ဆွေးနွေးတိုင်ပင်တာတွေပြုလုပ်သင့်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations