ဟုတ်တယ်ဟုတ်

၁) ဒီကောင် ဘယ်နှစ်ခွက်သောက်ပြီးရင် အန်ပါထွက်တယ်ဆိုတာသိပေမယ့်လည်း

အမြဲတမ်း ဒါနောက်ဆုံးတစ်ခွက်ပါဘဲကွာ ဆိုပြီး တိုက်လေ့ရှိကြတယ်။

 

၂) တစ်ယောက်ကိုတစ်ယောက်ပိုက်ဆံဘယ်လောက်ဘဲ ကျန်တော့တယ်ဆိုတာ

မပြောလည်း သိနေတဲ့ အဆင့်ဆိုပါတော့။နှစ်ယောက်လုံးမှာ တစ်ချိန်ထဲပိုက်ဆံကုန်

သွားပြီဆိုတာနှင့် တစ်ခုခုကို လုပ်ဖို့ အတူတူကြံတက်ကြတယ်။

၃) သင်တို့က အမြဲတမ်း တတွဲတွဲပါဘဲ။ကိုယ့်အိမ်သွားလည်း သူပါ။သူ့အိမ်သွား

လည်းကိုယ်ကလိုက်နှင့်။ ကျန်တဲ့ သူငယ်ချင်းတွေကတောင် မင်းတို့၊နင်တို့ကြိုက်

နေကြတာလားလို့ အနည်းဆုံး တစ်ကြိမ်လောက်ဖြစ်ဖြစ်တော့ မေးတက်ကြပါတယ်။

 

၎) တစ်ယောက်နှင့် တစ်ယောက်ရုတ်တရက် စကားမပြောဖြစ်ကြရင်တောင်မှ

တစ်ယောက်ကစပြီးတော့ ဆုံးသွားတဲ့နေရာကနေ စပြောတက်တယ်။

၅) တစ်ယောက်ရဲ့ ဘ၀မှာ တခုခုထူးခြားတဲ့ အဖြစ်အပျက်တခုကြုံပြီဆိုတာနှင့်

(ပျော်စရာဘဲဖြစ်ဖြစ်၊၀မ်းနည်းစရာဘဲဖြစ်ဖြစ်၊ရှက်စရာဘဲဖြစ်ဖြစ်)ကျန်တဲ့ သူတွေကို

ဖုန်းဆက်ခေါ်ပြီးပြောတက်ကြတယ်။ အဲ့ဒီအချိန်က အရမ်းမိုက်တယ်။

 

၆) သင့်မှာ ရည်းစားရှိတယ်ဆိုရင် သူငယ်ချင်းတွေက သင့်ရဲ့ အချိန်တွေတော်တော်

များများကိုယူထားပါတယ်ဆိုပြီး ပြဿနာခဏခဏတက်တက်တယ်။အဲ့လိုဖြစ်တာ

ကောင်းတဲ့ လက္ခဏာပါ။ သူငယ်ချင်းအထက်မှာ ဘယ်သူမှမရှိဘူးပေါ့။

၇) သူအသစ်ဝယ်လာတဲ့ ပစ္စည်းတစ်ခုခုကို ဖျက်ဆီးမိတာဘဲဖြစ်ဖြစ် သူ့ပစ္စည်း

တခုခုကို ဖျောက်လိုက်မိတာဘဲဖြစ်ဖြစ် အဲ့ဒီအကြောင်းအရာတွေကိုအရက်သောက်

ပြီးတဲ့ အချိန်မှာ သူ့ကိုပြောလိုက်ပါ။သူစိတ်မဆိုးဘူးဆိုတာ အာမခံပါတယ်။အဲ့တာမှ

လည်း တကယ့်သူငယ်ချင်းအစစ်ဖြစ်တာကိုး။

 

၈) ဘယ်လောက်ဘဲ အလုပ်တွေရှုပ်ရှုပ် ဘ၀မှာ ဘယ်လိုတွေဘဲဖြစ်နေဖြစ်နေ

တစ်ယောက်နှင့်တစ်ယောက်ကြားမှာတော့ မအားဘူးဆိုတာ လုံးဝမရှိပါဘူး။

 

၉) မနက် ၄နာရီကြီး ဖုန်းဆက်ခေါ်ရင်တောင် ထပြီးလာတက်ကြတယ်။ဘာလို့လည်း

ဆိုတော့ ငါခေါ်ရင် သူတို့လည်း ငါ့လိုဘဲ လာကြမှာဘဲဆိုတာကို သိနေကြလို့ပါဘဲ။

၁၀) ပျော်ဖို့ရွှင်ဖို့အတွက် သီးသန့်ကြီး အစီအစဉ်ဆွဲစရာမလိုပါဘူး။ပိုက်ဆံအရမ်းပြတ်

နေတဲ့ အချိန် စီးကရက် တစ်လိပ်ကို အတူတူသောက်တာမျိုး၊ညဘက်မှာကျန်တဲ့

မုန့်တွေ၊ထမင်းတွေကို အတူတူစားတာမျိုးနဲ့ တင် သင်တို့ အတွက်အ၇မ်းပျော်စရာ

ကောင်းနေပါပြီ။

 

၁၁) သင်တို့သူငယ်ချင်းတွေရဲ့ ကမ္ဘာမှာ ဟိတ်ကြီးဟန်ကြီးလုပ်တယ်ဆိုတာမရှိပါဘူး.

တစ်ယောက်မွေးနေ့ တစ်ယောက် မေ့ရင်တောင် မေ့နေတက်ပေမယ့်လည်း ဒီလို

မေ့နေတာကြောင့် စိတ်ဆိုးတယ်ဆိုတာမျိုးလည်း မရှိပါဘူး။

 

၁၂) တခြားသူတွေ သင့်သူငယ်ချင်းအပေါ်ကို ဘယ်လိုဘဲမြင်မြင် သင့်အတွက်တော့

သူတို့တွေက အထူးခြားဆုံးတွေပါဘဲ။တစ်ခါတစ်လေ ဘယ်သူမှ နားမလည်တဲ့

လှို့ဝှက်ဆန်တဲ့ ဟာသတွေနဲ့တောင် သင်တို့နှစ်ယောက်ထဲ ရယ်ချင်ရယ်နေနိုင်

ပါသေးတယ်။

 

၁၃) သင်တို့တစ်ယောက်နှင့် တစ်ယောက်ကြားမှာ ပြိုင်ဆိုင်မှု့ဆိုတာမရှိပါဘူး။

 

၁၄) နှစ်တွေအများကြီး ကုန်သွားခဲ့ပြီး တခြားသော မိန်းကလေးတွေသူငယ်ချင်းတွေ

ယောက်ကျားလေးသူငယ်ချင်းတွေ အဝေးကို ထွက်သွားကြသည့်တိုင်အောင်

ဒီသူငယ်ချင်းက အနီးမှာဘဲ ရှိနေမှာပါ။

၁၅) လှို့ဝှက်ချက်တွေ ပြောပြလို့ရသည်အထိ ယုံကြည်ကြပါတယ်။ဒါပေမယ့်သူတို့

တွေမူးပြီး အကုန်လုံးကို ထုတ်ပြောမိလိုက်တယ်။ဒါပေမယ့် စိတ်မဆိုးဘဲမျက်လုံး

စုံမှိတ်ယုံနေတုန်းပါဘဲ။ဘာကြောင့်လည်းဆိုတော့ ဒါဟာ သူငယ်ချင်းတွေကြား

ကဆန်းကြယ်တဲ့ နားလည်မှု့တစ်မျိုးပါဘဲ။

 

၁၆) သူတို့ကို ဆေးလိပ်ဖြတ်ခိုင်းဖို့ ကြိုးစားရင်း သင်ပါ ဆေးလိပ်သောက်တက်လာ

ပါလိမ့်မယ်။

၁၇) အခြားတစ်ယောက်ယောက်သာ သိသွားရင် ကမ္ဘာကြီးတောင် ပျက်သွား

နိုင်တဲ့ ရှက်စရာကောင်းတဲ့ လှို့ဝှက်ချက်တွေကို တစ်ယောက်နှင့်တစ်ယောက်သိထား

ကြပါတယ်။

 

၁၈) သူတို့တွေဟာ ရည်းစားမရှိတဲ့ fa တွေဖြစ်ချင်ဖြစ်နေလိမ့်မယ်။အချစ်ရေးမှာ

မစွံတဲ့ သူတွေဖြစ်ချင်ဖြစ်နေလိမ့်မယ်။ဒါပေမယ့်လည်း သင်အနေနဲ့သူတို့တွေဆီမှာ

ဘဲ သင့်ရဲ့ အချစ်ရေး ကိစ္စကို သွားတိုင်ပင်လေ့ရှိတယ်။

 

၁၉) တစ်ယောက်နှင့် တစ်ယောက် အသေအလဲ စတာနောက်တာပြုလုပ်ကြသည့်

တိုင်အောင် အရမ်းသိချင်နေတဲ့ အရာမျိုးဆိုရင် လုံးဝမပြောကြပါဘူး။

 

၂၀) Fbမှာ သူတို့ရှက်စေမယ့် အရာတွေကို သင်သိထားပြီးတဲ့ နောက် သူတို့ကို

Tag လုပ်ဖို့ သင်အရမ်းစိတ်ဆန္ဒပြင်းနေလေ့ရှိပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations