ဘာကြောင့်လဲဆိုတော့ကာ

လူတွေဟာ ငြိုငြင်မှု့တွေ၊ အထင်သေးမှု့တွေကို ခံရမှာစိုးလို့သူတို့ချစ်တဲ့သူတွေရဲ့ရှေ့မှာ လေလည်ရမှာကို ကြောက်ကြပါတယ်တဲ့။

 

အဲ့လိုလေလည်ရမှာကြောက်တာကိုလည်း အပြစ်ပြောစရာမရှိပါဘူး။ဒါဟာလူတိုင်းဖြစ်လေ့ရှိကြတဲ့ သဘာဝတစ်ခုပါဘဲ။

ဒီလိုပြောလိုက်တဲ့တစ်ချိန်ထဲမှာလည်း တစ်ဖက်ကပြန်ကြည့်ရင်လေလည်တာဟာလည်း သဘာဝဘဲလေ။

 

လေ့လာသူတွေ သက်သေပြခဲ့တာကတော့ ကိုယ့်ရဲ့ လက်တွဲဖော်ရှေ့မှာဘဲလေလည်တက်တဲ့ သူတွေဟာ ပိုပြီးတော့ ခိုင်မြဲတဲ့သံယောဇဉ်ကိုပိုင်ဆိုင်ကြပါတယ်တဲ့။ဒါကြောင့် စိုးရိမ်မနေကြပါနဲ့။လွှတ် သာချလိုက်ပါ။

ရေရှည်လက်တွဲမယ့် relationshipတစ်ခုဟာ အပြည့်အ၀ ယုံကြည်မှု့နှင့် ဟန်ဆောင်မှု့ကင်းတာတွေကို အခြေခံပြီးတည်ဆောက်ထားတာဖြစ်ပါတယ်။

ဒီလို ယုံကြည်မှု့နှင့် ဟန်ဆောင်မှု့ကင်းတာတွေထဲမှာချစ်သူရှေ့ လေလည်တာလည်း တစ်ခုအပါအ၀င်ဖြစ်တယ်ဆိုတာကိုတော့ သင်လက်ခံရပါလိမ့်မယ်။

 

လေမလည်ဘဲ ထိန်းထားမယ်ဆိုရင် သင့်ရဲ့ ကျန်းမာရေးကိုဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပါတယ်။ ဒီလိုကနေတဆင့် ခေါင်းကိုက်လာမယ်။ခေါင်းကိုက်ပြီးတဲ့နောက်သွေးလိပ်ခေါင်းရောဂါ၊ဒါမှမဟုတ်ရင် အူမကြီး ဖောင်းကားလာတာမျိုးအထိဖြစ်နိုင်ပါတယ်။

 

ဒါပေမယ့် သင်တစ်ခုသိထားရမှာဘဲ ဘယ်လောက်ဘဲ သင့်အနေနဲ့လေမလည်အောင် အောင့်ထားအောင့်ထား၊ သင်အိပ်ပျော်နေတဲ့ အချိန်မှာတော့ သူ့ဘာသာသူထွက်ပေါက်ရှာပြီး ထွက်သွားမှာဖြစ်ပါတယ်။

 

ချစ်သူအရှေ့မှာ လေလည်တဲ့ အပြုအမူဟာ ဆက်ဆံမှု့တစ်ခုအကြားမှာမျှဝေခံစားခြင်း၊စာနာခြင်းဆိုတဲ့ အရာကို ဖန်တီးပေးနိုင်တာကြောင့် အမျိုးသမီးတွေကိုပိုပြီးဆွဲဆောင်နိုင်ပါတယ်တဲ့။

လေလည်တယ်ဆိုတာဟာ ရယ်မောတာမျိုး၊ငိုကြွေးတာမျိုးနှင့်စားသောက်တာမျိုးတို့လို သာမန်လုပ်ဆောင်ချက်တစ်ခုဖြစ်တာကြောင့် ကိုယ့်ရဲ့ချစ်သူရှေ့မှာ လေလည်ခြင်းကို ရဲရဲတင်းတင်းပြုလုပ်ဖို့ လိုအပ်ပါတယ်။

 

ချစ်သူရှေ့မှာကျတော့ အောင့်ထားပြီး တခြားသော နေရာမှာလွှတ်ချလိုက်တယ်ဆိုရင်တော့ သင်တို့ရဲ့ ဆက်ဆံရေးဟာ အနည်းငယ်စတင်ပြီးတော့စိမ်းကားနေပြီဆိုတာကို သက်သေပြနေပါတယ်။

 

ရေရှည်တွဲနေတဲ့ သမီးရည်းစားတွေ တစ်ချိန်ထဲမှာ လေအတူတူလည်မိတဲ့အခါ တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ရယ်မောမိကြပါတယ်။ဒါဟာဆိုရင် သူတို့ရဲ့ဆက်ဆံရေးမှာ အသစ်ဖြစ်တည်လာတဲ့ အဓိပ္ပာယ်တစ်ခုပါဘဲ။

ဒါဟာ စုံတွဲတွေအတွက် သက်တောင့်သက်သာအဖြစ်ဆုံးအခြေအနေတစ်ခုဖြစ်ပြီးတော့ ဒီလိုမျိုး သက်တောင့်သက်သာ မရှိဖူးဆိုရင်တော့ကျန်းမာရေးလည်း မကောင်းတော့သလို ကျန်းမာရေးမကောင်းတော့ဖူးဆိုရင် ရေရှည်လက်တွဲနိုင်

မယ့် အခွင့်အရေးတွေလည်း ဆုံးရှုံးတော့မှာဖြစ်ပါတယ်။

 

လေလည်မိလိုက်တဲ့အခါ သမီးရည်းစားနှစ်ယောက်အကြားမသက်မသာဖြစ်မှု့ကို သင့်အနေနဲ့ ခံစားမိလိုက်ပါသလား။

ဒါဆိုရင်တော့ စကားတစ်ခွန်းရှိပါတယ်။အဲ့တာကတော့"ချစ်သူတွေ အတူတူလေလည်ပါ။အတူတူနေထိုင်ပါ"တဲ့

 

လေအတူတူလည်လိုက်တဲ့အတွဲတွေဟာဆိုရင် အဲ့ဒီအကြောင်းပြောရင်းရယ်ကြမောကြ၊ စကြနောက်ကြနဲ့ သူတို့တွေရဲ့ ဆက်ဆံရေးကို ပိုပြီးခိုင်မာလာစေပါတယ်။

 

ချစ်သူနှင့် အတူတူရှိနေချိန်တွေမှာ လေလည်တက်နေပြီဆိုရင်တော့ဒါဟာ သင်တို့နှစ်ယောက်ကြားက ရိုးသားမှု့၊ပွင့်လင်းမှု့တွေကို သက်သေပြလိုက်တာနှင့်အတူတူပါဘဲ။

 

ဒါကြောင့် နောက်တစ်ခါ လေလည်မိပြီဆိုရင်လေလည်ပြီးသွားတဲ့နောက်မှာ သင့်ရဲ့ ချစ်သူကို အဲ့ဒီအကြောင်းပြောပြလိုက်ခြင်းဟာသင်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ပိုပြီး နီးစပ်လာစေနိုင်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations