ဒီတစ်ခေါက်မှာတော့ စပျစ်သီးရဲ့ အကြောင်း၊စပျစ်သီးနှင့် ပတ်သက်တဲ့ ဗဟုသုတ
လေးတွေကို စာဖတ်သူပရိသတ်တွေ သိရှိနိုင်စေဖို့ ဝေမျှပေးလိုက်ရပါတယ်။

စပျစ်သီးကို မကြိုက်တဲ့သူလို့ ဆိုလာရင်အတော်ကိုရှာယူရလိမ့်မယ်လို့ ထင်ပါ

တယ်။စပျစ်သီးကို ကလေး၊လူကြီး အကုန်ကြိုက်နှစ်သက်ကြပြီးတော့အခုဒီစာ

ကိုဖတ်နေတဲ့ သူကိုယ်တိုင်လည်း စပျစ်သီးကိုကြိုက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ဒီတစ်ခေါက်မှာတော့ စပျစ်သီးရဲ့ အကြောင်း၊စပျစ်သီးနှင့်ပတ်သက်တဲ့ ဗဟုသုတ

လေးတွေကို စာဖတ်သူပရိသတ်တွေ သိရှိနိုင်စေဖို့ဝေမျှပေးလိုက်ရပါတယ်။

စပျစ်သီးကို ကျွန်တော်တို့တော်တော်များများကတော့ အစိမ်းအတိုင်းလတ်လတ်

ဆတ်ဆတ် စားကြတာများပါတယ်။စည်သွတ်ဘူးထဲထည့်ပြီးတော့စားတာမျိုးလည်းရှိပြီးတော့ စပျစ်သီးကို အခြောက်ခံပြီးတော့စပျစ်သီးခြောက်အဖြစ် လုပ်စား

တာမျိုးတွေလည်း ရှိပါတယ်။နောက်ထပ် စပျစ်သီးကိုကျိတ်ပြီးတော့ စပျစ်ဝိုင်

လိုမျိုးနှင့် စပျစ်သီးဖျော်ရည်လိုမျိုး အဖြစ်လည်းသောက်သုံးကြတာဖြစ်ပါတယ်။

စပျစ်စိုက်ပျိုးခြင်းဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးသောအစားအသောက်စက်ရုံကြီး

ဖြစ်ပြီးတော့ စပျစ်သီးအမျိုးအစားပေါင်း ၆၀ကျော်နှင့်မတူညီတဲ့ အမျိုးပေါင်း

၈၀၀၀ ကျော်တောင်ရှိပါတယ်။ဘယ်လိုအမျိုးအစားဘဲဖြစ်ဖြစ်အားလုံးကို

ဖျော်ရည်အဖြစ်သော်လည်းကောင်း ၀ိုင်အဖြစ်သော်လည်းကောင်းအသုံးပြုနိုင်

ပါတယ်။

ကမ္ဘာပေါ်မှာ ခွဲခြားထားတဲ့ စပျစ်သီးအဓိက အမျိုးအစားနှစ်မျိုးရှိပါတယ်။

အမေရိကန်အမျိုးအစားနှင့် ဥရောပ အမျိုးအစားတို့ဖြစ်ပါတယ်။ဒီအမျိုးအစား

တွေဟာ အစေ့ပါတာနှင့် အစေ့မပါတာဆိုပြီးတော့ လာပါတယ်။အမေရိကန်စပျစ်သီး

တွေကတော့ နှစ်စဉ်နှစ်တိုင်းရဲ့စက်တင်ဘာလနှင့်အောက်တိုဘာလတို့မှာ

ရရှိနိုင်ပြီးတော့ ဥရောပစပျစ်သီးတွေကိုတော့နှစ်တိုင်းရရှိနိုင်ပါတယ်။ အမေရိက

မှာအရောင်းရဆုံး စပျစ်သီးကိုတော့ Thompson အစေ့လွတ်သီးလို့ခေါ်ပါတယ်။နာမည်ကျော် ရွှေစပျစ်သီးခြောက်ကို ဒီစပျစ်သီးအမျိုးအစားကနေပြုလုပ်တာ

ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ စပျစ်သီးခြံဧကပေါင်း ၂၅မီလီယံကျော်ရှိပြီးတော့အဲ့ဒီကစပျစ်သီး

တွေအားလုံးကို ပေါင်းလိုက်မယ်ဆိုရင်တော့စပျစ်သီးတန်ချိန်ပေါင်း ၇၂ မီလီယံ

တန်ကျော်ရှိပါတယ်။စပျစ်ဝိုင်တစ်လုံးဖြစ်လာဖို့အတွက်စပျစ်သီးစုစုပေါင်း

၂ပေါင်ခွဲကို အသုံးပြုရပါတယ်။စပျစ်သီးခြံတစ်ဧကဟာဝိုင်ခွက်ပေါင်း ၁၅၀၀၀ခန့်

ကို ထုတ်လုပ်နိုင်ပါတယ်။ကဲ ဒီလောက်ဆိုရင်တော့ တစ်ဧကမှာတောင်ဒီလောက်

ဝိုင်ခွက်တွေထွက်တယ်ဆိုရင် ၂၅မီလီယံကျော်ရှိတဲ့စပျစ်ခြံတွေဆိုရင်တော့

ခွက်ရေ ဘယ်လောက်တောင်ထွက်နေမလည်းဆိုတာ ကိုယ့်ဘာသာကိုယ်သာ

တွက်ကြည့်လိုက်ပါတော့။

ပျမ်းမျှလူတစ်ယောက်ဟာ တစ်နှစ်မှာ စပျစ်သီးစုစုပေါင်း၈ပေါင်ခန့်ကိုစားပါတယ်။

တစ်ထိုင်ထဲနှင့်စားတာကိုပြောတာမဟုတ်ဘူးနော်။စပျစ်သီးတွေအများကြီးစား

လိုက်လို့ရှိရင်လည်း ၀မ်းသွားစေနိုင်ပါတယ်။

 

စပျစ်နွယ်ပင်တစ်ပင်ဟာ ပေ၅၀အထိအမြင့်ရှိနိုင်ပြီးတော့ အခိုင်ပေါင်း၄၀ရှိနိုင်

ပါတယ်။စပျစ်ခိုင်တစ်ခိုင်မှာစပျစ်သီးပေါင်း၇၅လုံးလောက်လည်းရှိနိုင်ပါတယ်။

စပျစ်သီးမှာ ရေဓာတ် ၈၀ရာခိုင်နှုန်းပါဝင်တာကြောင့်ကယ်လိုရီနည်းတဲ့

အချိုပွဲ၊အဆာပြေမုန့်အဖြစ်သတ်မှတ်နိုင်တာလည်းဖြစ်ပါတယ်။စပျစ်ခြောက်

တွေကိုတော့ ရေဓာတ် ၁၅ရာခိုင်နှုန်းနှင့် ပြုလုပ်ထားပါတယ်။

စပျစ်သီးအစိုတွေကို ရေခဲသေတ္တာထဲမှာပလတ်စတစ်အိတ်(သို့)ထည့်စရာတစ်

ခုခုနှင့် ၂ရက်နေ၃ရက်အထိသိမ်းထားနိုင်ပါတယ်။

 

စပျစ်သီးတွေဟာ ကျန်းမာရေးကိုအင်မတန်အထောက်အကူပြုနိုင်ပါတယ်။

အယ်လ်ဇိုင်းမာရောဂါလိုမျိုး၊ပန်းနာရောဂါ၊၀မ်းချုပ်ခြင်း၊နှလုံးရောဂါ၊အစာမကြေ

ရောဂါ၊ကျောက်ကပ်ရောဂါနှင့်ခေါင်းကိုက်ခြင်း၊ပျို့အန်ခြင်းတို့ကို သက်သာ

ပျောက်ကင်းစေနိုင်ပါတယ်။နှလုံးရောဂါဖြစ်ခြင်းကိုလျှော့ချပေးနိုင်တာ စပျစ်သီး

ဘဲဖြစ်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations