နံပါတ်တွေဆိုတာဟာ အရာတိုင်းမှာ ပါဝင်ပတ်သက်နေပါတယ်။ အခုကတော့နံပါတ်တွေအများကြီးထဲကမှ နံပါတ် ၂၅နှင့် ပတ်သက်တဲ့ အချက် ၂၅ချက်ကိုဖော်ပြပေးတော့မှာဘဲဖြစ်ပါတယ်။ တကယ်စိတ်ဝင်စားစရာ ကောင်းတာမို့လို့ဆက်လက်ဖတ်ရှု့ကြပါလို့ အကြံပြုလိုက်ရပါတယ်။

၁) အမေရိကန်နိုင်ငံရဲ့ ၂၅ယောက်မြောက် သမ္မတဟာ William McKinley,Jrဖြစ်ပါတယ်။

၂) MarioKart Wii နှင့် SuperSmash Bros.Melee ဆိုတဲ့ ဂိမ်းတွေမှာဆော့ကစားလို့ရတဲ့ဂိမ်းဇာတ်ကောင်အမျိုးအစားပေါင်း ၂၅ မျိုးပါဝင်ပါတယ်။

၃) အိန္ဒိယတွေရဲ့ စားပွဲခုံပေါ်တင်ဆော့ရတဲ့ ဂိမ်းတစ်ခုဖြစ်တဲ့Pachisi ဆိုတာဟာဟိနြိုလိုဆိုရင်တော့ ၂၅ လို့ အဓိပ္ပာယ်ရပါတယ်။

၎) JohnnyMarr နှင့် JohnnyCash တို့နှစ်ယောက်စလုံးဟာ ၂၅ ဆိုတဲ့ ခေါင်းစဉ်နှင့်သီချင်းများစွာ ဆိုခဲ့ဖူးပါတယ်။ အဲ့တာတွေကတော့ ၂၅နာရီ ၊ ဆက်သွားဖို့၂၅မိနစ်ဆိုတဲ့သီချင်းတွေဘဲဖြစ်ပါတယ်။

၅) အမေရိကန်သမ္မတရွေးကောက်ပွဲကို အနိုင်ရခဲ့တဲ့ဖလော်ရီဒါရွေးကောက်ပွဲ ရဲ့နံပါတ်ကတော့ ၂၅ဘဲဖြစ်ပါတယ်။

၆) ဘေစ့်ဘောကစားရာသီပွဲစဉ်တွေမှာ ဆိုဒ် ၂၅ဟာစာရင်းပြည့်ထည့်သွင်းရတာဖြစ်ပါတယ်။

၇) စကော့တလန်ကဗျာဆရာ RobertBurns ဟာ နှစ်တစ်နှစ်ရဲ့ ၂၅ ရက်မြောက်နေ့မှာ မွေးဖွားခဲ့ပါတယ်။

၈) WorldPatsa Day ကို နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလ၂၅ရက်နေ့မှာကျင်းပပြုလုပ်ကြပါတယ်။

၉) ရောမ ဂဏန်းတွေမှာ နံပါတ် ၂၅ကို XXV နှင့်ဖော်ပြပါတယ်။

၁၀) PALဗီဒီယိုတွေရဲ့ သတ်မှတ်ချက်ကတော့ ၁စက္ကန့်မှာ ကိုယ်ထည်နှုန်း၂၅ ဖြစ်ပါတယ်။

၁၁) LawrencecBragg ဆိုသူဟာ ၁၉၁၅ ခုနှစ်မှာ ရူပဗေဒဘာသာနှင့် နိုဗယ်ဆုရတုန်းကသူဟာ ၂၅နှစ်ဘဲရှိပါသေးတယ်။

၁၂) FrancescoBoggian ဆိုသူဟာ၂၀၀၈ ခုနှစ်တုန်းက ၃မိနစ်အတွင်းမှာ tortelloni လို့ခေါ်တဲ့မုန့်အမျိုးအစား ၂၅ခုကို ပြုလုပ်ခဲ့ပြီးတော့ ကမ္ဘာ့ဂင်းနစ်စံချိန်တင်ထားခဲ့ပါတယ်။

၁၃) ပိုင် သင်္ကေတရဲ့ ၈၉နှင့်၉၀တို့ရဲ့ နံပါတ်ကတော့၂၅ဘဲဖြစ်ပါတယ်။

၁၄) အက်စတိုးနီးယားနိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး ဘတ္တရီများဖြင့်ပုံဖော်ထားတဲ့စာလုံးမှတ်တမ်းကို ပိုင်ဆိုင်ထားပါတယ်။ဘတ္ထရီ အရေအတွက်ပေါင်းတစ်သောင်းရှစ်ထောင်နှင့် အရွယ်အစားအနေနဲ့ ၂၅ စကွဲယားမီတာဖြစ်ပြီးအဲ့တာကိုပြုလုပ်ဖန်တီးခဲ့တာကတော့ အနုပညာကျောင်းသား အဖွဲ့ ၁၀ဖွဲ့ကပူးပေါင်းဖန်တီးခဲ့တာဖြစ်ပါတယ်။

၁၅) Alexandraဘုရင်မကြီးရဲ့ ဌက်တောင်ပံနှင့် လိပ်ပြာဟာ ကမ္ဘာပေါ်မှာအကြီးဆုံး လိပ်ပြာအဖြစ်လူသိများကြပြီးတော့ သူ့ရဲ့ အလေးချိန်ကတော့၂၅ဂရမ်ဘဲဖြစ်ပါတယ်။

၁၆) Tupac,PeachesGeldof,Wilfred Owen,John Keats နှင့် ClydeBarrow တို့အားလုံးဟာ အသက် ၂၅နှစ်မှာ သေဆုံးခဲ့ကြပါတယ်။

၁၇) ဘေစ့်ဘောကစားနည်းမှာ နံပါတ် ၂၅ကို အကောင်းဆုံးတိုက်ခိုက်နိုင်သူက၀တ်ဆင်လေ့ရှိပါတယ်။။

၁၈) ကုရ်အာန်ကျမ်းစာအုပ်ထဲမှာ ရှေးဖြစ်ဟောသူ၂၅ယောက်ရှိပါတယ်။

၁၉) အဆိုတော် Adeleရဲ့ အယ်လဘမ်ဖြစ်တဲ့ ၂၅ အမည်ပေးထားတဲ့ အခွေဟာအမေရိကန်မှာ တစ်ပတ်အတွင်းအရောင်းရဆုံး အယ်လဘမ်ဖြစ်ခဲ့ပါတယ်။

၂၀) Manganeseမှာ Atomic နံပါတ်၂၅ ရှိပါတယ်။

၂၁) အသေးဆုံးစတုရန်းပုံကို ကိန်းအစဉ်လိုက်ပုံစံပေါင်းပြီးရေးမယ်ဆိုရင်စုစုပေါင်းဟာ၂၅ ဖြစ်ပါတယ်။(3²+4²=5²)

၂၂) ပေါ်တူဂီမှာ အများဆုံး ထောင်ကျတဲ့ နှစ်က၂၅နှစ်ဖြစ်ပါတယ်။

၂၃) ၂၀၁၆ခုနှစ်ရဲ့ ကမ္ဘာ့ပျော်ရွှင်မှု့အများဆုံး မှတ်တမ်းမှာပါနားမားနိုင်ငံဟာကမ္ဘာ့စာရင်း နံပါတ် ၂၅မှာရှိနေပါတယ်။

၂၄) ခရစ်ယာန်ကျမ်းစားမှာ နံပါတ် ၆၀၀ နှင့် နံပါတ် ၁၂၀၀၀ကို၂၅ ကြိမ်တိတိအသုံးပြုထားပါတယ်။

၂၅) တစ်ပတ်တာအတွင်း ကော်ဖီအတွက် ကုန်ကျစရိတ်ကတော့ပျမ်းမျှအားဖြင့်၂၅ဒေါ်လာလောက်ကျသင့်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations