သင်တို့ရဲ့ ခြံတွေဝန်းတွေ၊အိမ်တွေမှာရှိတဲ့
ပန်းခြံတွေမှာ အသုံးပြုနိုင်မယ့် ရှာလကာရည်ရဲ့ အကျိုးကျေးဇူးတွေ၊အသုံးပြုပုံ
နည်းလမ်းတွေဘဲဖြစ်ပါတယ်။

အခုပြောပြမယ့် ရှာလကာရည်ရဲ့ အံ့သြစရာကောင်းလောက်အောင်အသုံးဝင်တဲ့

နည်းလမ်းနှင့် အကျိုးကျေးဇူးတွေကိုတော့လူတိုင်းမသိသေးဖူးလို့ထင်မိပါတယ်။

ပြီးတော့ ဒီနည်းလမ်းကို သင့်အနေနဲ့ ယုံကြည်စိတ်ချစွာအသုံးပြုနိုင်ပါတယ်လို့

လည်း အာမခံချက်ပေးချင်ပါတယ်။သင်တို့ရဲ့ခြံတွေဝန်းတွေ၊အိမ်တွေမှာရှိတဲ့

ပန်းခြံတွေမှာ အသုံးပြုနိုင်မယ့် ရှာလကာရည်ရဲ့အကျိုးကျေးဇူးတွေ၊အသုံးပြုပုံ

နည်းလမ်းတွေဘဲဖြစ်ပါတယ်။

2. ဥယျာဉ်ထဲမှာ ရှာလကာရည်ကို ဘယ်လို အသုံးပြုမလည်း

ဥယျာဉ်ထဲမှာ ရှာလကာရည်ကို ဘယ်လို အသုံးပြုမလည်း

ပေါင်းပင်တွေ၊မြက်ပင်တွေ လာရှုပ် နေပါတယ်ဆိုပြီးပိုက်ဆံအကုန်အကျခံလို့ သဘာဝမဟုတတ်

တဲ့ ဓာတုဗေဒဆေးတွေ အသုံးပြုခြင်းကိုရပ်တန့်လိုက်ပါတော့။ပေါင်းပင်တွေပေါ်ကို

တစ်ခါလောက်ဘဲဖြစ်ဖြစ် ရှာလကာရည်လေးတွေ လောင်းထည့်ဖို့ကြိုးစားကြည့်

လိုက်စမ်းပါ။ရှာလကာရည်မှာ ပါဝင်တဲ့ အက်ဆီးတစ်အက်စစ်ဟာဆိုရင်ပေါင်းပင်

တွေ၊မြက်ပင်တွေ ကြီးထွားမှု့ကို ရပ်တန့်ပစ်ပေးနိုင်ပြီးမြေဆီလွှာကိုတော့ ထိခိုက်

ပျက်ဆီးစေမှာ မဟုတ်ပါဘူး။ရှာလကာရည်နှင့် ရေကိုအချိုးကျစွာပေါင်းစပ်ထားတဲ့

အရောအနှောဟာဆိုရင် သင်တို့ရဲ့ ဥယျာဉ်တွင်းမှာလာလာနှောက်ယှက်နေတဲ့

ပုရွက်ဆိတ်တွေ နှင့် အခြားကိုက်ဖြတ်တက်တဲ့သတ္တ၀ါတွေကိုမလာနိုင်အောင်

ကာကွယ်ပေးနိုင်မှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ရှာလကာရည်လက်ဖက်ရည်ဇွန်း

နှစ်ဇွန်းနှင့် သကြားလက်ဖက်ရည်ဇွန်း တစ်ဇွန်းတို့ကိုရေထဲမှာ ရောပြီးတော့လည်း

အလှစိုက် ပန်းအိုးတွေထဲကပန်းတွေ လန်းဆန်းနေစေဖို့အတွက်အသုံးပြုနိုင်ပါတယ်။

ပန်းစည်းတွေထဲကိုလည်း စောနကအရောအနှောကို ဖျန်းပေးယုံနှင့်အချိန်အတော်

ကြာ လတ်ဆတ်နေမှာဘဲဖြစ်ပါတယ်။ ရှာလကာရည်ကိုပန်းခြံတွေ၊ဥယျာဉ်တွေထဲက

ဓာတုဗေဒ ဆေးဝါးအစားထိုးပစ္စည်းအဖြစ် အသုံးပြုနိုင်ယုံသာမကဘဲအိမ်သာထဲက

အညစ်အကြေးတွေကို သန့်စင်ဆေးကြောပေးနိုင်တဲ့ ပစ္စည်းအဖြစ်လည်းအသုံးပြု

နိုင်ပါသေးတယ်။

3. ရှာလကာရည်ကို အိမ်မှာ ဘယ်လိုအသုံးပြုမလည်း

ရှာလကာရည်ကို အိမ်မှာ ဘယ်လိုအသုံးပြုမလည်း

ဒီနည်းလမ်းကတော့ လွယ်ကူတယ်။ဒါပေမယ့် အကျိုးသက်ရောက်မှု့ကတော့

ရှယ်ဘဲလို့ ပြောရမှာဖြစ်ပါတယ်။ရေချိုးခန်းသန့်စင်ဖို့အတွက်အတော်ကို ကောင်းမွန်

လွယ်ကူစေတဲ့နည်းလမ်းဖြစ်ပါတယ်။အိမ်သာထဲကပြင်ပအညစ်အကြေးတွေနှင့် ပိုးတွေကိုသတ်

နိုင်ဖို့အတွက် ရှာလကာရည်ကို အသုံးပြုနိုင်တယ်ဆိုတာကိုပြောပြပေးသွားမှာဖြစ်

ပါတယ်။

အရင်ဦးဆုံး သင့်အနေနဲ့ ဒါတွေကို လိုအပ်ပါလိမ့်မယ်။

- ရှာလကာရည်အနည်းငယ်

- မုန့်ဖုတ်ဆိုဒါ(သို့) အိုင်အိုးဒင်းပျော်ရည်

 

ဆိုဒါနှင့် အသုံးပြုနည်း

 

ရှာလကာရည်ထည့်ထားတဲ့ ခွက်တစ်ခွက်ကို ၄၀ ဒီဂရီဆယ်ဆီးယပ်စ်အထိ အပူ

ပေးလိုက်ပါ။ပြီးတော့ အဲ့ဒီအပူပေးထားတဲ့ ရှာလကာရည်အပူကိုဆိုဒါ(သို့)အိုင်အို

ဒင်းနှင့် ရောပေးလိုက်ပါ။တကယ်လို့များ ရှာလကာရည်ပမာဏ ၂၀၀ဂရမ်အသုံး

ပြုမယ်ဆိုရင်တော့ ဆိုဒါ လက်ဖက်ရည်ဇွန်း တစ်ဇွန်းလောက်လိုအပ်ပါလိမ့်မယ်။

တကယ်လို့များ အိုင်အိုဒင်းကို အသုံးပြုမယ်ဆိုရင်တော့အချိုးအစားက ဆတူရော

ပေးရပါလိမ့်မယ်။အဆိုပါ အရောကိုအိမ်သာခွက်ထဲကို လောင်းချပြီးဆေးကြောနိုင်

ပါတယ်။ပိုပြီးကောင်းတဲ့ ရလာဒ်ကို လိုချင်တယ်ဆိုရင်တော့အကြိမ်ဖန်များစွာပြုလုပ်

ပေးနိုင်ပါတယ်။

ဆိုဒါမပါဘဲ အသုံးပြုနည်း

 

ရေဆွဲချတဲ့ ကန်ကို ဘာမှမရှိအောင်ပြုလုပ်ထားပါတယ်။ ခလုတ်ကိုပိတ်ထားလိုက်

ပါ။အတွင်းမျက်နှာပြင်ကို ခြောက်သွေ့တဲ့ အ၀တ်စနှင့်သုတ်ထားလိုက်ပါ။

ပြီးတော့ အ၀တ်တစ်ခုကို ရှာလကာရည်စွတ်ပြီးတော့သန့်ရှင်းရေးလုပ်ချင်တဲ့

နေရာကို ပွတ်တိုက်ပေးပါ။တစ်ခုရှိတာက ကြွေထည်ပစ္စည်းကိုသာသန့်စင်ပေးနိုင်

တာဖြစ်ပြီးတော့ သတ္တုထည်တွေကိုတော့ အကျိုးသက်ရောက်စေမှာမဟုတ်ပါဘူး။

 

ရှာလကာရည်ရဲ့ ကောင်းကျိုး

 

ထုံးကျောက်တွေကို ပျော်စေနိုင်တယ်။

သံချေးတက်ခြင်းမှ ကာကွယ်နိုင်တယ်။

ကိုယ်တိုင်အငွေ့ပျံနိုင်တာကြောင့် မကောင်းတဲ့ အနံ့တွေကိုသက်သာပျောက်ကင်းစေနိုင်တယ်။

ဆီးကျောက်တည်ခြင်းကို ကုသနိုင်တယ်။

ဘတ်တီးရီးယားပိုးမွှားတွေကိုသေစေနိုင်တယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations