တွေဝေမနေပါနဲ့

1. အခြားသူများကို အပြစ်တင်ခြင်း

အခြားသူများကို အပြစ်တင်ခြင်း

သင့်ရဲ့ ဘ၀ကို သင်ပိုင်တာဖြစ်ပြီး ဘယ်သူ့မှာ မှ တာဝန်မရှိပါဘူး။ဒါကြောင့်တစ်ခြားသူတွေကို အပြစ်တင် တာတွေ ရပ်ပြီး ကိုယ်တိုင် တာဝန်ယူဖို့စတင်ပါ။တခြားသူတွေကို အပြစ်တင်တယ်ဆိုတာဟာ ဆင်ခြေပေးတာ ဖြစ်ပါတယ်။ဒီလိုတွေပြုလုပ်ခြင်းဟာသင့်ရဲ့စိတ်ကို အဆိုးမြင်ခြင်းနဲ့ဘဲ အဆုံးသတ်စေမှာဖြစ်ပါတယ်။

2. အရာအားလုံးကို ထိန်းချုပ်ဖို့ ကြိုးစားခြင်း

အရာအားလုံးကို ထိန်းချုပ်ဖို့ ကြိုးစားခြင်း

လူတစ်ယောက်ထဲနှင့် ထိန်းချုပ်နိုင်တာတွေအများကြီးရှိပါတယ်။ဒါပေမယ့်လည်းကျွန်ုပ်တို့ရဲ့ ထိန်းချုပ်မှု့ နောက်ကွယ်မှာ ဘ၀ဟာတိကျသေချာတဲ့ အခြေအနေတွေကို လွှင့်ပစ်လိုက်တာတွေရှိပါတယ်။ပျော်ရွှင်မှု့ရဲ့ အစဆိုတာဟာကျွန်တော်တို့မထိန်းချုပ်လိုက်နိုင်တဲ့ ပြောင်းလဲမှု့တွေကို လက်ခံနိုင်ခြင်းဆိုတဲ့အရာပေါ်မှာ တည်ရှိနေပါတယ်။

3. ပြဿနာတွေကနေ ထွက်ပြေးခြင်း

ပြဿနာတွေကနေ ထွက်ပြေးခြင်း

ပြဿနာတွေကနေ ရှောင်ဖယ်တာတွေ၊ထွက်ပြေးတာတွေကိုမလုပ်ပါနဲ့တော့။စိန်ခေါ်မှု့တွေကိုမျက်နှာချင်းဆိုင်ဖြေရှင်းလိုက်ပါ။အကောင်းဆုံးနှင့် အတက်နိုင်ဆုံးရင်ဆိုင်ပြီးအရမ်းကောင်းတဲ့ ရလာဒ်တွေ၊ဂုဏ်ထူးတွေ ထွက်မလာဘူးဆိုရင်တောင်မှ အဲ့ဒီလိုဖြေရှင်းလိုက်ခြင်းက သင့်ကို စိတ်ကျေနပ်မှု့တစ်စုံတစ်ရာကိုပေးစွမ်းနိုင်မယ်ဆိုတာသေချာပါတယ်။

4. တစ်ခြားတစ်ယောက်နှင့် မတူတူအောင်နေထိုင်ခြင်း

တစ်ခြားတစ်ယောက်နှင့် မတူတူအောင်နေထိုင်ခြင်း

သင်ဟာ သင်ပါဘဲ။တစ်ခြားတစ်ယောက်ယောက်ဖြစ်သွားအောင်လုံးဝမကြိုးစားလိုက်ပါနဲ့။သင်အားကျရတဲ့ လူတစ်ယောက်ဟာ သင့်ထက် ကောင်းနိုင်သလိုသင့်ထက်လည်းဆိုးနိုင်တယ်ဆိုတာကို အမြဲတမ်း သတိရ နေပါ။ ဒါပေမယ့် သူတို့အားလုံးဟာသင်မဟုတ်ပါဘူး။ဒါကြောင့် ကိုယ်ဟာ ကျော်ကျော်ဆိုရင် မောင်မောင် ဖြစ်ဖို့ကြိုးစားမနေဘဲနှင့်ကျော်ကျော် အတိုင်းဘဲ ကောင်းမွန်အောင်နေထိုင်လိုက်မယ်ဆိုရင်စိတ်မှာ ပြည့်စုံတဲ့အနေအထားကို ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။

5. မကြီးမြတ်ခြင်း

မကြီးမြတ်ခြင်း

ဘ၀မှာ လုပ်နိုင်တဲ့ လုပ်တက်တဲ့ အရာတွေထဲကအဆိုးဆုံးအရာဖြစ်ပါတယ်။ကိစ္စသေးသေးလေးတွေမှာ ပျော်ရွှင်မှု့ကိုအမြဲတမ်းကြိုးစားရှာဖွေနေပြီးတော့ ဘ၀ဟာဘယ်လောက်တောင် လှပလိုက်သလည်းဆိုတာကိုတဖြည်းဖြည်းနှင့် သတိထားမိလာပါလိမ့်မယ်။ဒါကြောင့် အံ့သြစရာတွေနှင့် ပြည့်နေတဲ့ဘ၀ဆိုတာကြီးကို ကျေးဇူးတင်ဖို့တော့ လိုအပ်ပါလိမ့်မယ်။အံ့သြစရာ ကျေနပ်စရာတွေပြည့်နေတယ်ဆိုတဲ့အထဲမှာ သင့်ရဲ့ ကျန်းမာရေး၊မိသားစု၊လွပ်လပ်မှု့နှင့် ပညာရေးနောက်ထပ် အရာများစွာပါဝင်နေတာကြောင့် ဒီလိုအရာတွေကို အမြဲ တန်ဖိုးထားတက်ဖို့တော့လိုအပ်ပါတယ်။

6. ခွင့်မလွှတ်တက်ခြင်း

ခွင့်မလွှတ်တက်ခြင်း

မနာလိုမုန်းတီခြင်း၊ အာဃာတ ထားခြင်းဆိုတာဟာ တကယ်ကိုဆိုးရွားတဲ့ အရာဖြစ်ပါတယ်။သင့်ကို နာကျင်စေခဲ့တဲ့ လူကို ခွင့်လွှတ်ခြင်းဟာအမြဲတမ်းမင်္ဂလာတရားနှင့်ပြည့်စုံတဲ့ အရာတစ်ခုဖြစ်ပါတယ်။ကိုယ့်ကို ပူလောင်စေပေမယ့်သူ့ကို အေးချမ်းမှု့ပြန်ပေးတဲ့အခါ သူပေးတဲ့ အပူတွေ ပျောက်ကုန်ပါတယ်။

7. ကိုယ့်အတွက်ကိုယ် အချိန်ပြန်မပေးနိုင်ခြင်း

ကိုယ့်အတွက်ကိုယ် အချိန်ပြန်မပေးနိုင်ခြင်း

အခုလို ပြိုင်ဆိုင်မှု့များတဲ့ ခေတ်ကာလကြီးထဲမှာ အကြိတ်အနယ်ကုန်းရုံးလုပ်တာကောင်းတော့ ကောင်းပါတယ်။ဒါပေမယ်ပလည်း ဒီလိုပြုလုပ်တက်တဲ့အကျင့်ကြောင့်ကိုယ့်အတွက် အချိန်ဆို မရှိတော့ဘဲ စိတ်ပိုင်းဆိုင်ရာကောရုပ်ပိုင်းဆိုင်ရာပါ ကျဆင်းတာကို တွေ့ကြုံရမှာဖြစ်ပါတယ်။ဒီလိုဖြစ်တာဟာ သင့်အတွက်ကောင်းကျိုးတစ်ခုမှမရပါဘူး။ဘ၀မှာ လျှောက်လှမ်းခဲ့ဖူးသမျှအခြေအနေတွေတိုင်းမှာကိုယ့်အတွက် အချိန်ဆိုတာ အမြဲတမ်းရှိနိုင်ပါစေ။အခုလို ပြောင်းလဲနေထိုင်လိုက်မယ်ဆိုရင်သင်ဟာ

အရင်ကထက် ပိုမိုနုပျိုလာမှာဖြစ်ပြီးနေထိုင်မှု့ပုံစံဟာ အများကြီးတိုးတက်ပြောင်းလဲသွားမှာဖြစ်ပါတယ်။

8. ကျန်းမာရေးကို ဂရုမစိုက်ခြင်း

 ကျန်းမာရေးကို ဂရုမစိုက်ခြင်း

ကျန်းမာခြင်းဟာ လာဘ်ကြီးတစ်ပါးပါ။ခန္ဓာကိုယ်ရဲ့ ပြဿနာတွေကို မသိကျိုးကျွံမပြုလုပ်ထားပါနဲ့။ဒီအကျင့်ဆိုး ကို ဖျောက်ပြီးတော့ ကျန်းမာရေးကို ဂရုစိုက်ရပါမယ်။ကျန်းမာရေးနှင့်ညီညွှတ်အောင် နေထိုင် စားသောက် ရပါမယ်။လေ့ကျင့်ခန်းတွေပြုလုပ်ပါ။အံ့သြစရာကောင်းလောက်တဲ့အကျိုးရလာဒ်တွေကို မြင်အောင်ကြည့်ပြီး သိအောင်လုပ်ပြီး ကောင်းမွန်တဲ့နေထိုင်မှု့ပုံစံကို တည်ဆောက်ပါ။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations