အာဆင်နယ်အသင်း အရှိန်ထိုးကျမှုနှင့်အတူ အာဆင်ဝင်းဂါးကိုလည်း အာဆင်နယ်ပရိတ်သတ်များကအလွန်ပင်စိတ်ပျက်လျက်ရှိနေကြပါတယ်။ထိုသို့ဖြစ်ချိန်တွင် ပရိတ်သတ်များက အာဆင်ဝင်းဂါးကို နှုတ်ထွက်ပေးရန်သာ မျော်လင့်ထားနေရပြီးယခုအခါ အာဆင်ဝင်းဂါးက ရာသီကုန်တွင် နှုတ်ထွက်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
လက်ရှိ ပရီးမီးယားလိဂ်မှာ ၀ါရင့်သက်တမ်းရှည်နည်းပြအဖြစ် ရပ်တည်နေခဲ့တဲ့ အာဆင်ဝင်းဂါးအတွက်တော့ ၄င်းရဲ့ကာလရှည် အသင်းနည်းပြဘ၀ပာာအဆုံးသတ်ဖို့ သေချာသွားပြီဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ အသက် ၆၈နှစ်အရွယ် ၀င်းဂါးပာာ ၄င်းနည်းပြသက်တမ်းတစ်လျောက် Premier League သုံးကြိမ်နိုင်ခဲ့ပြီး FA ဖလား ၇ခုရရှိအောင်စွမ်းဆောင်နိုင်ခဲ့သူပါ။
နောက်ပိုင်းမှာ အသင်းရှုံးနိမ့်မှုတွေ မကြာခဏဖြစ်ပြီး ပရိတ်သတ်များရဲ့ အားမလိုအားမရဒေါသထွက်ခြင်းကိုခံခဲ့ရသူတစ်ဦးဖြစ်လာခဲ့ပါတယ်။ ပရီးမီးရားလိဂ်သမိုင်းတစ်လျောက် ၀င်းဂါးနည်းပြလုပ်ချိန် ပွဲပေါင်း ၈၂၃ပွဲကစားခဲ့ပြီး ၄၇၃ပွဲအနိုင်ရရှိကာ ၁၅၁ရှုံးနိမ့်ခဲ့ပါတယ်။ဂိုးသွင်းမှုအရေအတွက် ၁၅၄၉လုံးရှိပြီး Premier League Title သုံးကြိမ်ရယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။
ယခုလို နှုတ်ထွက်မှုအပေါ် အာဆင်နယ်ပရိတ်သတ်များက ကျေနပ်ဝမ်းသာလျက်ရှိနေကြာင်းသိရှိရပါတယ်။
Facebook Conversations