တောေ်တ်ာဆိုးလာတဲ့ ISIS တွေ

ISIS အဖွဲ့ပာာ ဒီလာမယ့် ကမ္ဘာ့ဖလားပွဲမှာ နာမည်ကြီးဘောလုံးသမားတွေဖြစ်တဲ့ စီရော်နယ်ဒိုနဲ့ မက်စီတို့ကို ပစ်မှတ်ထားလုပ်ကြံရန် ခြိမ်းခြောက်စာများပြုလုပ်ခဲ့ပါတယ်။ ဒီခြိမ်းခြောက်စာမတိုင်ခင် ကမ္ဘာဖလားပွဲတွင် တိုက်ခတ်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ခြိမ်းခြောက်စာအများအပြား ယခင်ကလည်းပို့ထားခဲ့ပါတယ်။ 

 

ပုံထဲမှာမြင်တွေရတဲ့အတိုင်း ISIS အဖွဲ့တွေပာာ ရော်နယ်ဒိုနဲ့ မက်စီပုံကို ဖြတ်ညှပ်ကပ်လုပ်ကာ အကြမ်းဖက်သမားများ ခေါင်းဖြတ်နေတဲ့ပုံကိုထုတ်ဝေကာ ခြိမ်းခြောက်ခဲ့ခြင်းဖြစ်ပါတယ်။ခေါင်းစဉ်ဟာလည်း " မင်းတို့ရဲ့သွေးတွေပာာမြေပေါ်ခစေရမယ်လို့"ရေးသားထားခဲ့ပါတယ်။

ယခုလတ်လောဖြစ်ပွားခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံက မိသားစုလိုက်အသေခံဗုံးခွဲတိုက်ခတ်မှုပာာ ၄င်းတို့ရဲ့စေခိုင်းချက်ဖြစ်ကြောင်းပြောကြားထားပြီး ထိုအသေခံဗုံးပေါက်ခွဲတိုက်ခတ်မှုကြောင့် လူပေါင်းများစွာသေဆုံးခဲ့ရပါတယ်။ယခုခါမှာလည်း ကမ္ဘာ့ဖလားပွဲအတွက် အဓိကပစ်မှတ်ထား တိုက်ခိုက်မည်ဖြစ်ကြောင်း ခြိမ်းခြောက်စာများနှင့်ဓာတ်ပုံများတင်ခဲ့ပါတယ်။ ရုရှားရဲတပ်ဖွဲ့ဝင်တွေပာာလည်း လုံခြုံရေးကို တိုးမဖောက်နိုင်အောင် ထားထားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations