ဒီချစ်စရာကောင်းတဲ့မြေခွေးအချက်လက်တွေက ဘာဖြစ်မလဲဆိုတော့

ဒီလိုချစ်စရာဖြူဖြူဖွေးဖွေးမြေခွေးကို တရားဝင် Arctic မြေခွေးလို့လူသိများပြီး ၄င်းကို မြေခွေးဖြူ ပိုလာမြေခွေး နှင်းခွေးလို့လည်းခေါ်ဝေါ်ကြပါတယ်။

၎င်းမြေခွေးတွေပာာ အလွန်အေးတဲ့နေရာဒေသတွေမှာနေထိုင်လေ့ရှိပြီး အပူချိန် အနုတ်၇၀ဒီဂရီအထိနေနိင်စွမ်းရှိကြပါတယ်။

လူတွေက ဒီArcticမြေခွေးကိုချစ်စရာကောင်းတဲ့အဖြူရောင်မြေခွေးလို့ပဲထင်နေရင်မှားသွားပါလိမ့်မယ်။ နွေဦးရာသီရောက်ရှိတဲ့အချိန်မှာဆို အဆိုပါမြေခွေးတွေပာာ ရာသီဥတုကိုလိုက်လျောညီထွေစွာ အဖြူရောင်ကနေ အမည်းရောင်အဖြစ်အမွေးလဲကြပါတယ်။

မွေးကင်းစ ဒီမြေခွေးလေးတွေက လျင်မြန်စွာကြီးထွားဖို့လိုအပ်ဖို့လိုပါတယ်။ဘာကြောင့်လဲဆိုတော့ ပိုလာဒေသမှာ နွေရာသီဟာအင်မတန်တိုတောင်းပြီး အလွန်ချမ်းအေးတဲ့ ဆောင်းရာသီသာရှိတာကြောင့် မွေးကင်းစမြေခွေးတွေအတွက်အသက်ရှင်ဖို့အတော်ရုန်းကန်ရမှာဖြစ်တာကြောင့်ပဲဖြစ်ပါတယ်။

အစားအစာရှာဖွေဖို့ခက်ခဲပြီး အစားမရှိတဲ့ချိန်မှာ Arctic မြေခွေးတွေပာာ ၄င်းတို့ရဲ့အစာချေစနစ်နှုန်းကိုလျော့ချနိုင်ပြီး စွမ်းအင်ကုန်ဆုံးမှုကိုချွေတာနိုင်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations