တော်သေးတယ် ကလေးငယ်တွေမှာဖြစ်ရင်အလွန်အန္တရာယ်ရှိတာကြောင့် မိမိတို့ရဲ့ကလေးငယ်လေးတွေကိုသေချာဂရုစိုက်ပေးသင့်ပါတယ်....

ကြံကြံဖန်ဖန်လို့ ပြောရမှာပါပဲ။ မျော့တစ်ကောင်ပာာလူတစ်ယောက်ရဲ့ နှာခေါင်းအတွင်း ၀င်ရောက်ခိုအောင်းနေခဲ့တာ ၂ပတ်ရှိနေခဲ့တာဖြစ်ပါတယ်။ 

အစပိုင်းမှာ သေးငယ်တဲ့မျော့လေးတစ်ကောင်အဖြစ်ကနေ သွေးစုပ်တာကြာလာတဲ့ချိန်မှာတော့တဖြည်းဖြည်းကြီးထွားလာပါတယ်။ထိုအချိန်မှာ လူနာပာာစတင်သတိထားမိပြီး ဆရာဝန်ထံသွားရောက်ပြသခဲ့ရပါတယ်။ ဆေးရုံရောက်ချိန်မှာတော့ Liu Xiongguang ဆိုတဲ့ဆရာဝန်တစ်ယောက်ပာာ လူနာရဲ့နှာခေါင်းအတွင်းဘက်ကိုသေချာစစ်ကြည့်ချိန်မှာတော့ အဓိကပြဿနာအကြောင်းရင်းကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။

အသက် ၅၁နှစ်အရွယ်လူနာပာာ ၁၀ရက်လောက် နှာခေါင်းထဲကနေ သွေးခဏခဏလျှံတာကြောင့် မင်္သကာတော့ပဲ ဆေးရုံကိုလာရောက်ပြသရာမှအဖြေမှန်ကိုသိသွားရခြင်းလည်းဖြစ်ပါတယ်။ထိုလူနာပာာ တရုတ်နိုင်ငံတောင်ပိုင်း Yunnan ပြည်နယ်မှာနေထိုင်ရင်း တနေ့အလုပ်ကပြန်လာချိန် နှာခေါင်းသွေးယိုမှုတွေခဏခဏဖြစ်လာတာကြောင့် ၄င်းရဲ့မိန်းမဟာဆေးရုံသို့သွားရန်တိုက်တွန်းခဲ့ခြင်းဖြစ်ပါတယ်။ 

နား နှာခေါင်းလည်ချောင်းအထူးကုဆရာဝန်ပာာလည်း လူနာရဲ့နှာခေါင်းအတွင်းရှိ မျော့ကြီးကိုသေချာဂရုစိုက်ထုတ်ပေးနေတာကို ဗီဒီယိုမှာတဆင့်တွေ့ရပြီး လူနာရဲ့နာကျင်မှုကိုပါခံစားသိရှိနိုင်မှာဖြစ်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် လူနာပာာယခုချိန်မှာတော့၎င်းကို၁၀ကျော်ကြာဒုက္ခပေးနေတဲ့အကောင်ကိုဖယ်ရှားပစ်နိုင်ခဲ့တာကြောင့် တဖန်ပြန်လည်ကောင်းမွန်လျက်ရှိနေပါပြီ။ 

အသက်အရွယ်ကြီးရင့်သူမှာလာရောက်ဖြစ်တာကြောင့် အသက်အန္တရာယ်မစိုးရိမ်ရပေမယ့် ကလေးငယ်လေးတွေမှာ၎င်းဖြစ်ရပ်မျိုးဖြစ်ပါကအန္တရာယ်အလွန်ရှိတာကြောင့် မိမိတို့ရဲ့ ကလေးငယ်တွေကိုလည်း ဂရုစိုက်သင့်ကြောင့်ထိုဗီဒီယို အွန်လိုင်းပေါ်တင်က သတိပေးခဲ့ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations