ကျောချမ်းစရာကြီး

မိခင်တစ်ဦးဟာ သူမရဲ့သားကိုစက်ဘီးနင်းသင်ပေးပြီး အမှတ်တရအနေနဲ့ ဓာတ်ပုံရိုက်လိုက်ချိန် ဓာတ်ပုံနောက်ကွယ်မှာတော့ အိမ်ပြတင်းပေါက်ကနေ မိမိရယ်ကလေးကို အမျိုးသမီးတစ်ယောက်ပာာကြက်သီးထဖွယ်ကြည့်နေခဲ့တာကြောင့်ထိတ်လန့်သွားခဲ့ရပါတယ်။

ဓာတ်ပုံထဲမှာ အဆိုပါအမျိုးသမီးပုံစံပာာ ရှေးယခင်ဝတ်စုံပုံစံဝတ်ထားပြီးမိမိရဲ့ကလေးငယ်လေးကို သေချာကြည့်နေတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ထိုအဖြစ်ပျက်က Paignton,Devon ရိှ Oldway Mansion မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။သူမရဲ့ငါးနှစ်အရွယ်ကလေးကိုထိုပတ်ဝန်းကျင်ရှိ ကားပါကင်နားမှာ ညနေ၅နာရီတိုင်း စက်ဘီးသင်ပေးခဲ့ခြင်းဖြစ်ပါတယ်။ဓာတ်ပုံရိုက်ကူးပြီး အိမ်ပြန်ရောက်ချိန်မှ ထိုအရာကိုတွေ့ခဲ့ခြင်းဖြစ်ပါတယ်။

ထိုအဆောက်အုံကြီးထဲမှာ သူမရှိစဉ်က မည်သူတစ်ဦးတစ်ယောက်မှမရှိတာကြောင့်ပိုမိုထူးဆန်းခဲ့ရပါတယ်။ ဒါကိုမကျေနပ်သေးပဲနဲ့ ဒီဓာတ်ပုံကို နားလည်တတ်ကျွမ်းသူတွေဆီပြချိန်မှာ အစောင့်တစ်ယောက်ယောက်ရဲ့ပုံဖြစ်လိမ့်မည်ဟုယူဆကြောင်းပြောကြားခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်သူမရှိစဉ် အစောင့်တစ်ယောက်ကိုမှမတွေ့ခဲ့ပေ ပိုထူးဆန်းခြင်းကရှေးဟောင်းဝတ်စုံဝတ်ဆင်ထားခြင်းပဲဖြစ်တာကြောင့် အောင့်သက်သက်နဲ့ပြန်လာခဲ့ရပါတယ်။ထိုဓာတ်ပုံကို အွန်လိုင်းပေါ်တင်ချိန်မှာတော့ လောကမှာမဖြေရှင်းနိုင်တဲ့အရာ မမြင်နိုင်တဲ့အရာတွေရှိနေတာကြောင့်လည်း လုပ်ဇာတ်မဟုတ်နိုင်ဘူးလို့ အင်တာနက်သုံးသူတစ်ချို့ကလည်း ဝေဖန်ခဲ့ကြပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations