ဘယ်လိုစိတ်ကူးရခဲ့လဲဆိုတော့.....

အသက်၄၀အရွယ် Alnadar Ahmend ဆိုတဲ့အမျိုးသားတစ်ယောက်ပာာ အပြာကားကြည့်ချင်းကိုအလွန်နှစ်ခြိုက်သူတစ်ဦးဖြစ်ပါတယ်။အပြာကားကြည့်ရင်း မိမိရဲ့လိင်စိတ်ကာမကို ကိုယ်တိုင်ဖြေဖျောက်လို့မရနိုင်တဲ့အဆုံး အကြံတစ်ခုရကာ အမျိုးသမီးတွေကိုပစ်မှတ်ထားလာခဲ့ပါတယ်။ 

ထိုအရာကတော့ Taxiယာဉ်မောင်းသမားအဖြစ်ဟန်ဆောင်ကာ ကားငှားတဲ့အမျိုးသမီးတွေကို မဖွယ်မရာအပြာကားတွေပြသခဲ့ပြီး သူနဲ့လိင်ဆက်ဆံဖို့ပြောဆိုခဲ့ပါတယ်။အများစုကတော့ လုံးဝလက်မခံခဲ့ပါဘူး။ 

ယနေ့တိုးတတ်လာတဲ့ အင်တာနက်ခေတ်ကြီးမှာ အပြာကား website တွေအမြောက်အများရှိပြီး ထိုအပြာကားတွေထဲမှာမှ ဇာတ်လမ်းပုံစံဆင်ကာလိင်ဆက်ဆံကြပုံကိုရိုက်ကူးထားတဲ့ ဗီဒီယိုပေါင်းပာာမရေမတွက်နိုင်ခဲ့ပါဘူး။ထို website ရှိအပြာကားတွေမှာ အမျိုးသမီးငယ်လေးတွေပာာ taxi ခမပေးနိုင်သဖြင့် ကားဆရာနဲ့လိင်ဆက်ဆံခြင်း စသည့်ဇာတ်လမ်းဆင်ကာရိုက်ကူးထားခြင်းကို အတုယူကာ Alnadar Almend ဆိုသူပာာလည်းထိုအတိုင်းလုပ်ဆောင်ခဲ့ပါယတ်။

၎င်းဟာ စကပ်အတိုအပြတ်ဝတ်ထားတဲ့အမျိုးသမီးများကို အဓိကပစ်မှတ်ထားခဲ့ခြင်းဖြစ်ပါတယ်။ မုဒိန်းကျင့်ခံရသထဲများမှအမျိုးသမီးတစ်ယောက်ပြောပြချက်အရ နှစ်သစ်ကူးအကြိုညမှာ သူငယ်ချင်းတွေနဲ့ club သွားရင်း သောက်စားခဲ့တာကြောင့်မူးမှောက်နေခဲ့ပါတယ်။ညမိုးချုပ်ချိန်ဖြစ်တဲ့အတွက် သူငယ်ချင်းများကလည်း လိုက်မပို့နိုင်တာကြောင့် ယာဉ်ငှားပေးခဲ့ရာ သူယာဉ်မောင်းမှာ Alnadar Ahmend ဖြစ်နေတာကြောင့် ထိုအမျိုးသမီးမူးမှောက်နေခြင်းကိုအခွင့်ကောင်းယူကာ မုဒိန်းကျင့်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။

အဆိုပါလူပာာ နောက်ပိုင်းမှာလိင်စိတ်ပြင်းပြမှုပာာလွန်ကဲလာပြီးနောက် အလိုမတူပဲ အမျိုးသမီးများကို မုဒိန်းကျင့်ခဲ့ပါတယ်။မုဒိန်းကျင့်ခံရသူအမျိုးသမီးများပာာ တစ်ယောက်စတိုင်းတန်းရမှ ခံရဖူးသူများလည်းတစ်ဆင့်ဆင့်ရဲစခန်းကို ပူးပေါင်းတိုင်တန်းတရားစွဲဆိုခဲ့ရာ အဆိုပါအမျိုးသားကို ပြစ်မှုထင်ရှားတာကြောင့် ထောင်ဒဏ်၁၂နှစ်ချမှတ်ခဲ့ကြောင်းသိရှိခဲ့ရပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations