Horror ကြိုက်နှစ်သက်သူတွေအတွက် resident evil 7 game က အောင်မြင်မှုရထားတဲ့ဂိမ်းတွေထဲကတစ်ခုလို့ ပြောရပါမယ်။

PC gamer တွေအကြိုက် horror game ( Resident Evil 7 )

PC gamer တွေအကြိုက် horror game ( Resident Evil 7 )

ကဲဒီတစ်ခေါက်မှာတော gamer တွေအတွက် Horror game အလန်းလေးတစ်ခုဆော့ဖို့ ညွှန်းချင်ပါတယ်။ဒါကတော့ Playstation,Xbox360,PC သမားတွေအကြိုက် Resident evil 7 ဖြစ်ပါတယ်။

 Resident evil series လိုက်ဆော့ဖူးတဲ့သူတွေကတော့သိမှာပါ။ ဇာတ်လမ်းဇာတ်အိမ်ဖွဲ့ထားတာကပြောစရာမ     လိုအောင်ကောင်းလွန်းပါတယ်။ ဒီတစ်ခေါက် Resident Evil 7 မှာတော့ ပျောက်ဆုံးနေတဲ့ မိမိရဲ့ချစ်သူ Mia ကိုရှာရ      မဲ့Ethanဇာတ်ကောင်နေရာကနေ ၀င်ကစားရမှာပါ။ စစချင်းမှာတော့ Mia ရဲ့အကူအညီတောင်းဆက်သွယ်လာမှုကြောင့်Ethan ပာာ ကားမောင်းထွက်လာရင်း ခြံဝင်းကြီးထဲမှာရှိတဲ့ လူမနေတဲ့ အိမ်အိုကြီးတစ်လုံးကိုရောက်သွားခဲ့ပါတယ်။အဲဒီခြောက်ခြားစရာပြည့်နှက်နေတဲ့အိမ်မှာမိမိချစ်သူကိုရှာပုံတော်ဖွင့်ရင်း ဘယ်လိုမျိုး  အခက်အခဲတွေကိုကြုံတွေ့ရမလဲဆိုတာဆော့ကြည့်လိုက်ပါ။ဒီတစ်ခေါက်မှာတော့အရင်က ဂိမ်းပုံစံလိုမျိုး လက်နက်တွေပေါပေါမရပဲ လက်နက်တစ်ခုရဖို့ မနည်းရှာဖွေ့ရမှာပါ။clue တစ်ခုရဖို့မလွယ်တော့ပဲ puzzle တွေကို ခေါင်းစားအောင် ဖြေရှင်းရမှာပါ။ virus ကူးခံနေရတဲ့ သူတွေ zombies ဖြစ်သွားပြီး တစ်ခန်းချင်းအလိုက်ဘယ်လိုအနိင်ယူရမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ တစ်ခုပြောရမယ်ဆိုရင်ဒီဂိမ်းပာာ Out Last ဂိမ်းပုံစံမျိုးနဲ့ သွားဆင်ပါတယ်။ Horror ကြိုက်တဲ့သူတွေအတွက်အသဲစွဲဂိမ်းတစ်ခုဖြစ်မှာပါ။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations