အထိုင်များပြီး လေ့ကျင့်ခန်းမလုပ်ဖြစ်ပဲ ဗိုက်နားမှာအဆီစုနေတဲ့သူတွေအတွက် လုပ်ရလွယ်ကူပြီး သောက်ရအ၀င်မဆိုးတဲ့ "Flat belly water" ပြုလုပ်ပုံလေးပါ

ယနေ့ခေတ်နေထိုင်စားသောက်မှုပုံစံတွေကြောင့်အမျိုးသားကော အမျိုးသမီးပါ ဗိုက်နားမှာမလိုချင်တဲ့အဆီတွေစုနေတတ်ပါတယ်။ ဒီအဆီပိုတွေကြောင့်ကြည့်ရဆိုးပြီး ကိုယ့်ကိုယ်ကိုအားမရတဲ့သူတွေအတွက် လွယ်ကူသက်သာပြီး သဘာဝအသီးလေးတွေနဲ့သောက်လို့ကောင်းတဲ့ flat belly water စမ်းလုပ်ပြီး သောက်ကြည့်လိုက်ပါ

ဒီရေတွေကတော့ဗိုက်မှာမလိုချင်တဲ့ အဆီတွေကိုတဖြည်းဖြည်း လျော့ကျစေလာတဲ့အပြင် အူလမ်းကြောင်း လုပ်ဆောင်မှုကို အဆင်ပြေစေတာကြောင့် ၀မ်းမှန်ခြင်း ၊ အသီးရွက်များပါဝင်တာကြောင့် အသားရေစိုပြေခြင်းစသည့်အကျိုးကျေးဇူးကိုရရှိစေနိင်ပါတယ်။

ပြုလုပ်ပုံကတော့ ရေဖန်ဂျားအကြီးထဲမှာ

(၁)ရေဖန်ခွက် ၆ ခွက်စာ ရေသန့်ရယ်

(၂)ပါးပါးလှီးထားတဲ့ သခွားသီး ၁ လုံးရယ် 

(၃) ပါးပါးလှီးထားတဲ့ ဂျင်းနည်းနည်းရယ်

(၄)ပါးပါးလှီးထားတဲ့သံပယိုသီး ၁ လုံးရယ်

(၅) ပူစီနံရွက်နည်းနည်းတို့ကိုရောပြီး တစ်ညလောက်ရေခဲသေတ္တာထဲထည့်ထားပါ။ရေကိုမခဲစေရပါ။

ရေဆာလာတဲ့အချိန်တိုင်းသောက်သုံးပေးခြင်းဖြင့်အဆီကျတဲ့အကျိုးကျေးဇူးကိုရရှိစေမှာပါ။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations