ဆန်းချက်အနေနဲ့လည်း မန်စီးတီးသို့ပြောင်းရွှေ့ရန်စိတ်အားထက်သန်နေကြောင်း....

အာဆင်နယ်တိုက်စစ်မှုး အလက်ဆစ်ဆန်းချက်အနေနဲ့ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်လို့ ချီလီသတင်းမီဒီယာတွေကရေးသားခဲ့ကြပါတယ်။ ချီလီဂျာနယ်လစ် ဖာနန်ဆိုကမန်စီးတီးနည်းပြဂွါဒီယိုလာအနေနဲ့ ဆန်းချက်ကို ခေါ်ယူဖို့ စည်းရုံးနိုင်ခဲ့ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ချီလီလက်ရွေးစင်ကစားသမားဆန်းချက်ဟာ ၂၀၁၆-၂၀၁၇ရာသီမှာ အာဆင်နယ်အတွက်ဂိုးပေါင်း(၃၀)သွင်းပေးခဲ့ပြီး ဂိုးရရှိဖို့အတွက် (၁၉)ကြိမ်ဖန်တီးပေးခဲ့ပါတယ်။ဆန်းချက်နဲ့ အာဆင်နယ်အသင်းချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက လာမည့်နှစ်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။အဲဒါကြောင့်အာဆင်နယ်အနေနဲ့ ဆန်းချက်ကိုစာချုပ်ချုပ်ဆိုနိုင်ခြင်းမရှိဘူးဆိုရင် ယခုရာသီမှာ ရောင်းထုတ်ရမှာပါ။

ဆန်းချက်အနေနဲ့ မန်းစီးတီးအသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပေမယ့်လည်း အာဆင်နယ်အသင်းက ဘိုင်ယန်မြူးနစ်အသင်းဆီကိုရောင်းချဖို့ ပိုပြီး စိတ်ဝင်စားနေတာပါ။  ဘိုင်ယန်အသင်းက ဆန်းချက်အတွက် ပေါင် သန်း ၄၀ လောက်သုံးဖို့ ကမ်းလှမ်းထားပေမယ့်လည်း ဆန်းချက်ကတော့ ပရီးမီးယားလိဂ်မှာ ဆက်လက်ကစားဖို့ ဆန္ဒရှိနေတာကြောင့် မန်စီးတီးနဲ့ အပြောင်းအရွှေ့ကသာပိုပြီး ဖြစ်လာနိုင်ချေ ရှိပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations