ရော်နယ်ဒိုအတွက် နှစ်ကြိမ်တိတိကမ်းလှမ်းခဲ့ရပါတယ်

အမည်မဖော်လိုတဲ့ တရုတ်ကလပ်အသင်းတစ်သင်းဟာ ရီးယဲလ်အသင်းတိုက်စစ်မှူး ရော်နယ်ဒိုကို ပေါင် ၁၇၆ သန်းနဲ့ ကမ်းလှမ်းခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ တရုတ်ကလပ်အသင်းဟာ ရော်နယ်ဒိုအတွက် ဒုတိယအကြိမ် ကမ်းလှမ်းခဲ့တာဖြစ်ပြီး တစ်နှစ်လုပ်ခ ပေါင် ၁၀၅ သန်း အထိ ရရှိမှာဖြစ်လို့ မက်လောက်စရာ ငွေကြေးလည်း ဖြစ်ပါတယ်။ ရော်နယ်ဒိုသာ လက်ခံခဲ့မယ်ဆိုရင် သူဟာ ကမ္ဘာ့လုပ်ခလစာအများဆုံး ကစားသမား ဖြစ်လာမှာပါ။

ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ဟာ ဖြစ်လာနိုင်ဖို့တော့ နည်းပါတယ်။ ရီးယဲလ်အသင်းမှာ ဆက်လက်ရှိနေမယ့် ရော်နယ်ဒိုဟာ တရုတ်ကိုသွားဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

ဒါပေမယ့် တရုတ်စူပါလိဂ်ကတော့ ကစားသမားတွေကို မက်လောက်စရာ လစာတွေနဲ့ ဆွဲဆောင်လေ့ရှိပြီး ပီအက်စ်ဂျီတိုက်စစ်မှူးဟောင်း လာဗက်ဇီက တစ်ပတ်လုပ်ခ ပေါင် ၇၉၀၀၀၀ နဲ့ တရုတ်မှာ လစာအမြင့်ဆုံးရ ကစားသမားအဖြစ် ရပ်တည်နေတာပါ။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations