မန်ယူအသင်းမှာ ကစားဖို့အတွက် အားကစားသမားတိုင်းရဲ့ အိပ်မက်ပါပဲ

လာဇီယိုအသင်းကွင်းလယ်လူ အန်ဒါဆန်က မန်ယူအသင်းမှာ ကစားခွင့်ရရှိရေးဟာ သူ့ရဲ့ အိပ်မက်တစ်ခုဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၃ နှစ်တုန်းက မန်ယူအသင်းရဲ့စိတ်ဝင်စားခြင်းကို ခံခဲ့ရတဲ့ ဘရာဇီးကွင်းလယ်ကစားသမားဟာ ဒီနှစ်အပြောင်းအရွှေ့မှာ မန်ယူအသင်းနဲ့ပတ်သက်တဲ့ အပြောင်းအရွှေ့ပုံပြင်တွေ ထွက်ပေါ်လာပြန်တာပါ။

“ဘယ်ကစားသမားမဆို မန်ယူလိုအသင်းမျိုးမှာ ကစားခွင့်ရရှိဖို့ အိပ်မက်မက်နေမှာအသေအချာပါပဲ။ပြီးခဲ့တဲ့ ရာသီက ကျွန်တော့်ခြေစွမ်းပြနိုင်ခဲ့လို့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေတာ မထူးဆန်းပါဘူး” လို့ အန်ဒါဆန်က ဆိုခဲ့ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations