သင်ကောဘယ်လိုမြင်လဲ

ရီးရဲလ်အသင်းကွင်းလယ်ကစားသမား အစ္စကိုက အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ နီးစပ်နေပြီဖြစ်ပြီး ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ရီးရဲလ်အသင်းနဲ့အတူ အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး လာလီဂါဆုဖလားနဲ့ ချန်ပီယံလိဂ်ဖလားတွေကို ရရှိခဲ့တဲ့ အစ္စကိုဟာ လီဗာပူးလ်၊ ဂျူဗင်တပ်စ် စတဲ့ အသင်းကြီးတွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတာပါ။

လက်ရှိအချိန်မှာတော့ အပြောင်းအရွှေ့နဲ့ပတ်သက်တဲ့ ကောလာဟလတွေကို အဆုံးသတ်ဖို့ အစ္စကိုက အလိုရှိနေပြီး အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

အစ္စကိုဟာ မက်ဆီဒိုးနီးယားအသင်းနဲ့ ကစားခဲ့တဲ့ စပိန်အသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ၀င်ရောက်ကစားပေးခဲ့ပြီး အသင်းအတွက် တစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။

“ကျွန်တော် မက်ဒရစ်မှာ ပျော်ပါတယ်။ နှစ်ပေါင်းများစွာ ဆက်နေရဖို့လည်းမျှော်လင့်ထားပါတယ်။ ဘောလုံးရာသီ တစ်ရာသီလုံး ကာလရှည်ကစားခဲ့ရတာကြောင့် ခုချိန်ဟာ အနားယူရမယ့်အချိန်ပါ။ စာချုပ်သက်တမ်းတိုးဖို့လည်း နီးစပ်နေပါပြီ” လို့ အစ္စကိုက ဆိုခဲ့ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations