အသင်းမှာဆက်လက်ထားရှိဖို့ ၀က်စဘရွန်းအသင်းက စာချုပ်ချုပ်ဆိုမှာပါ

ပရီးမီးယားလိဂ်ကလပ် ၀က်စ်ဘရွန်းအသင်းဟာ အသင်းသမိုင်းတစ်လျှောက် လုပ်ခလစာအများဆုံး ကစားသမားအဖြစ် နောက်ခံလူ ဂျွန်နီအီဗန်ကို စာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေပါတယ်။

မြောက်အိုင်ယာလန်လက်ရွေးစင် ကစားသမား အီဗန်အနေနဲ့ စာချုပ်သစ် ချုပ်ဆိုဖြစ်ခဲ့မယ်ဆိုရင် အသင်းရဲ့ သမိုင်းတစ်လျှောက် တစ်ပတ်လုပ်ခ ပေါင် (၁၀၀၀၀၀) ရရှိတဲ့ ပထမဆုံး ကစားသမား ဖြစ်လာမှာပါ။

ဝက်စ်ဘရွန်းအသင်းအနေနဲ့ အီဗန်ကို လေးနှစ်စာချုပ် ချုပ်ဆိုဖို့ ကမ်းလှမ်းထားပြီး စုစုပေါင်းလုပ်ခလစာ ပေါင် သန်း ၂၀ ရရှိမှာဖြစ်ပါတယ်။

လက်စတာအသင်းကလည်း အီဗန်ကို ခေါ်ယူချင်နေပြီး ပေါင် ၁၀ သန်းနဲ့ ကမ်းလှမ်းထားတာကို ၀က်စ်ဘရွန်းက ပယ်ချခဲ့ပါတယ်။

ဝက်စ်ဘရွန်းအသင်းဟာ သူတို့ရဲ့ အသင်းခေါင်းဆောင် ဖလက်ချာကို စတုခ်စီးတီးအသင်းဆီရောင်းချခဲ့လို့ အသင်းရဲ့ လက်ကျန်ကစားသမားတွေကို ထိန်းသိမ်းထားချင်နေတာဖြစ်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations