ပူလီဆစ်ပာာအသက်အငယ်ဆုံးကစားသမားကောင်းတစ်ဦးဖြစ်....

ဒေါ့တ်မွန်အသင်း တိုက်စစ်မှူး ပူလီဆစ်က သူ့အနေနဲ့ ပြည်တွင်းပြိုင်ဘက်အသင်းဖြစ်တဲ့ဘိုင်ယန်မြူးနစ် ဆီကို ပြောင်းရွှေ့ဖို့အစီအစဉ်မရှိဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အသက် ၁၈ နှစ်အရွယ်သာ ရှိသေးတဲ့ အမေရိကန်လက်ရွေးစင် ပူလီဆစ်ဟာ လက်ရှိဥရောပဘောလုံးလောကရဲ့ အလားအလာရှိတဲ့ လူငယ်ဘောလုံးသမားစာရင်းမှာ ပါနေပြီး အသင်းကြီးတွေရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရတာပါ။

လက်ရှိမှာ ဘိုင်ယန်အသင်းက ပူလီဆစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပြီး ပူလီဆစ်က ငြင်းဆိုခဲ့တာဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါရဲ့ ထိပ်သီးအသင်းဖြစ်တဲ့ ဘိုင်ယန်ဟာ ဒေါ့တ်မွန်အသင်းရဲ့ ကစားသမားကောင်းတွေကို ငွေသုံးပြီးခေါ်ယူလေ့ရှိပြီး ပြိုင်ဖက်အသင်းကို အားနည်းအောင်လုပ်လေ့ရှိပါတယ်။

ဒေါ့တ်မွန်ရဲ့ အဓိက ကစားသမားတွေဖြစ်ခဲ့ကြတဲ့ ဟမ်းမဲလ်၊ လီဝန်ဒေါစကီးနဲ့ ဂေါ့ဇီတို့ကို ဘိုင်ယန်က ငွေအင်အားသုံးပြီး ခေါ်ယူခဲ့ဖူးပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations