စိတ်ဝင်စားစရာပဲ

ကလပ်အသင်းပေါင်းများစွာရဲ့ စိတ်ဝင်စားမှုကိုခံနေရတဲ့ ဒေါ့တ်မွန်တိုက်စစ်မှူး အော်ဘာမီယန်ကတော့ နာမည်ကြီးကလပ်တွေကိုသွားဖို့ထက် သူ့ရဲ့ဆရာဟောင်း ကလော့ပ်ရှိတဲ့ လီဗာပူးလ်ကိုသာ ပြောင်းရွှေ့လိုတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဘွန်ဒက်စ်လီဂါမှာ ၃၁ ဂိုးသွင်းယူပေးခဲ့ပြီး ဂိုးသွင်းအများဆုံးဆုရရှိခဲ့တဲ့ အော်ဘာမီယန်ဟာ ပီအက်စ်ဂျီ၊ မန်စီးတီး စတဲ့ နာမည်ကြီးကလပ်တွေရဲ့ စိတ်ဝင်စားမှုကိုလည်း ခံနေရတာပါ။

လီဗာပူးလ်အသင်းဟာ ဒီကစားသမားကို ပေါင် ၆၁ သန်းနဲ့ ကမ်းလှမ်းမယ်လို့ သတင်းတွေထွက်နေပြီး အော်ဘာမီယန်ကလည်း အန်ဖီးကိုပြောင်းဖို့အသင့်ရှိနေတယ်လို့ ဆိုပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အော်ဘာမီယန်နဲ့ ဂျာဂန်ကလော့ပ်တို့ကြားက ဆက်ဆံရေးကြောင့် သူ့အနေနဲ့ လီဗာပူးလ်ကိုရောက်သွားနိုင်တယ်လို့ မီဒီယာတွေက ရေးသားဖော်ပြခဲ့ကြပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations