အတည်ပြုလိုက်ပြီဖြစ်ပါတယ်

တိုရီနိုအသင်းသည်ပီအက်စ်ဂျီနှင့် နှစ်ဦးသဘောတူလမ်းခွဲလာခဲ့သည့်ဂိုးသမားဆီရီဂူကိုခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။အသက်၃၀အရွယ်ရှိဆီရီဂူသညိ အီတလီအသင်းအတွက်၁၇ပွဲပါဝင်ကစားပေးထားပြီး လွန်ခဲ့တဲ့၆နှစ်က ပါလာမိုမှ ပီအက်စ်ဂျီသို့ရောက်ရှိသွားခဲ့ပြီးနောက်ယခုအခါစီးရီးအေသို့ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်ပါတယ်။

ဆီရီဂူသည် ပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းကုန်ဆုံးရန်ကျန်ရှိနေသေးသော်လည်း အသင်းတာဝန်ရှိသူများနှင့်ညှိနှိုင်းဆွေးနွေးပြီးစာချုပ်ဖျက်သိမ်းခဲ့ခြင်းဖြစ်ပြီးဂိုးသမားဂိုးသမားအခက်အခဲနှင့်ရင်ဆိုင်နေရတဲ့တိုရီနိုအသင်းကအမိအရခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations