ယုံချင်ယုံမယုံချင်နေ တကယ်ရှိခဲ့တဲ့လူသားတွေပါ

1. Natasha Demkina ( ဖောက်ထွင်းမြင်နိုင်)

Natasha Demkina ( ဖောက်ထွင်းမြင်နိုင်)

ရုရှားမှာတော့အဆိုပါနတာရှာ ဒန်ကီနာကိုဖောက်ထွင်မြင်နိုင်တဲ့မျက်လုံးနဲ့မိန်းကလေးလို့လူသိများကြပါတယ်။သူမပာာလူခန္ဓာကိုယ်အရည်ပြားကနေတဆင့် အတွင်းအရိုးတွေထိတောင်ဖောက်ထွင်းမြင်နိုင်ပါတယ်။ သူမအသက်ဆယ်နှစ်အရွယ်မှာအဆိုပါစွမ်းအင်ကိုရရှိခဲ့တာဖြစ်ပါတယ်။သူမပာာလူတွေရဲ့ကိုယ်အင်္ဂါတစ်ရှုးတွေကိုဖောက်ထွင်းမြင်ရတဲ့ကမ္ဘာပေါ်ကတစ်ဦးထဲသောစွမ်အားရရှိထားသူဖြစ်ပါတယ်။သူမျက်စိပာာ x ray လိုပဲဖောက်ထွင်းမြင်နိုင်တာကြောင့်သူမမျက်လုံးကို ဆေးပညာအရသိပ္ပံပညာရှင်တွေလေ့လာခဲ့ကြပါတယ်။သူမကိုdiscovery channel ကတောင်လာရောက်မေးမြန်းအင်တာပြူးကြပါတယ်။ သူမမျက်စိကိုခွဲစိတ်ဖို့တိုက်တွန်းပေးတဲ့သူရှိသလိုသူမမျက်စိနဲ့လူတွေကိုဆေးပညာအရကြည့်ပေးဖို့အတွက်ထောက်ခံတဲ့လူအုပ်ကြီးတစ်စုရှိပါတယ်။

2. Ben Underwood ( အသံကြားရုံနဲ့အရာအားလုံးကိုသိရှိနိုင်)

Ben Underwood ( အသံကြားရုံနဲ့အရာအားလုံးကိုသိရှိနိုင်)

ဘန်အန်တာဝုဒ်ကို၁၉၉၂ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။မွေးတည်းက ကင်ဆာရောဂါခံစားနေရသူမို့အသက်သုံးနှစ်အရွယ်မှာမျက်လုံးနှစ်လုံးကိုခွဲစိတ်ဖယ်ရှားခံလိုက်ရပါတယ်။ မျက်စိနှစ်ဖက်ကွယ်သွားခဲ့ပေမဲ့ ဘန်ပာာလမ်းပြဖို့ခွေးတုတ်ကောက်အကူအညီတွေမလိုခဲ့ပါဘူး။အသက်၅နှစ်အရွယ်မှာဘန်ပာာ အသံကြားရုံနဲ့ ပတ်ဝန်ကျင်မှာဘာတွေဖြစ်ပျက်ပြီးဘာတွေလုပ်နေလဲဆိုတာသိရှိခဲ့ပါတယ်။သူ့ကိုအသံကြားခြင်းဖြင့်အရာဝတ္တုတွေကိုထောက်လှမ်းဖို့သင်ကြားပေးခဲ့ပါတယ်။သူရဲ့စိတ်အားထက်သန်မှုကြောင့်ဘောလုံးကစားခြင်း စကိတ်စီးခြင်း စတဲ့လူငယ်တွေလုပ်နိုင်တဲ့အရာတွေကိုအကုန်လုပ်တတ်ခဲ့ပါတယ်။ကံမကောင်းစွာနဲ့ပဲကင်ဆာရောဂါအခံနဲ့ အသက်၁၆နှစ် ၂၀၀၉ခုနှစ်မှာကွယ်လွန်သွားခဲ့ပါတယ်။

3. Isao Machii (စူပါဆာမူရိုင်း)

Isao Machii (စူပါဆာမူရိုင်း)

အီဆို မာချီပာာဂျပန်လူမျိုးတစ်ယောက်ဖြစ်ပြီးသူမှာအထင်ကြီးအဲ့သြစရာကောင်းတဲ့စွမ်းအားရှိပါတယ်။ သူပာာ တစ်နာရီမိုင်၂၀၀နှုန်းနဲ့လာတဲ့BB သေနတ်ကနေပစ်ခတ်တဲ့ကျည်ဆံကိုတောင် ဓားနဲ့ထိအောင်ခုတ်ပြနိုင်ခဲ့ပါတယ်။သူရဲ့ကျွမ်းကျင်မှုပာာအလွန်သာလွန်တာကြောင့်လူတွေအံ့သြမှင်သက်သွားစေပါတယ်။သုတေသီတွေဖော်ပြချက်အရ အီဆိုပာာ သာမန်လူထက် အမြင်အာရုံပိုမိုအားကောင်းလွန်းပြီး ပုံမှန်လူတစ်ယောက်စွမ်းရည်ထက်အမြန်နှုန်းမှာတုံ့ပြန်နိုင်မှုအားကောင်းလွန်းတာကြောင့်သူကိုစွမ်းအားရှိတဲ့သူတစ်ယောက်အဖြစ်နဲ့တောင်သတ်မှတ်ခဲ့ပါတယ်။

4. Master Zhou ( တရုတ်ရတနာတစ်ဦး)

Master Zhou ( တရုတ်ရတနာတစ်ဦး)

မာစတာ Zhouပာာကွန်ဖူးနဲ့ထိုက်ချိသိုင်းပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူပာာ အနာရောဂါကိုငြိမ်းစေတဲ့သူတစ်ဦးဖြစ်တယ်လို့လည်းဆိုကြပါတယ်။ဒါအပြင်သူပာာမည့်သည့်မီးမှမပါပဲ ရိုးရိုးလက်နဲ့ ရေကိုပူနွေးအောင်လုပ်နိုင်တဲ့သူတစ်ဦးဖြစ်ပါတယ်။သူကမြင်သမျှအနာကိုပျောက်ကင်းရန်အတွက် အပူပေးပြီးကုသပေးခဲ့လို့ယုံကြည်သူပေါင်းများစွာရှိပြီးဝေဒနာအမျိုးမျိုးအတွက်သူ့ဆီလာရောက်ကြပါတယ်။ထိုထူးဆန်းတဲ့တန်ခိုးကြောင့် သူပာာတရုတ်ရတနာတစ်ပါးအဖြစ်လူသိများကြပါတယ်။၎င်းအစွမ်းကို သိပ္ပံနီးကျမဖြေရှင်းနိုင်တာကြောင့် သူကိုစွမ်းအားရှင်လိုသတ်မှတ်ခဲ့ပါတယ်။

5. Masutatsu Oyama (နွားထီးတစ်ကောင်ကိုလက်တချက်နဲ့ရိုက်သတ်နိုင်)

Masutatsu Oyama (နွားထီးတစ်ကောင်ကိုလက်တချက်နဲ့ရိုက်သတ်နိုင်)

မာဆုတက်ဆု အိုရာမပာာထိပ်တန်းကိုယ်ခံပညာရှင်တစ်ဦးဖြစ်ပါတယ်။သူပာာကရာတေးကျွမ်းကျင်သူဖြစ်ပြီး လူအယောက်တစ်ရာကို၂မိနစ်အတွင်း အလဲထိုးနိုင်ခဲ့ပါတယ်။ ဒါတင်မဟုတ်ပဲသူပာာ လက်ဗလာနဲ့နွား၅၂ကောင်နဲ့ယှဉ်ချခဲ့ပြီးနွားသုံးကောင်ကို လက်သီးတချက်စီနဲ့သေဆုံးသွားအောင်လုပ်ပြခဲ့တာကြောင့် လူတွေအထင်ကြီးရာကွန်ဖူးဆရာဖြစ်ခဲ့ပါတယ်။

6. Wim Hof(ရေခဲလူသား)

Wim Hof(ရေခဲလူသား)

သာမန်လူတွေရေခဲတုံးလေးတစ်တုံးတောင်၁မိနစ်လေးတောင်မကိုင်ထားနိုင်ကြပါဘူး။ ဒါပေမဲ့ Wim Hofပာာတော့ ရေခဲမှတ်အပူချိန်ကိုခံနိုင်စွမ်းရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ကမ္ဘာဂင်းနစ်စံချိန်မှာလည်း ရေခဲဇလုံကြီးထဲမှာ ၁နာရီ ၅၂မိနစ်ကြာအောင်နေသွားပြပြီးစံချိန်တင်သွားပါတယ်။ဒါ့အပြင်သူပာာကီလီမန်ဂျလိုတောင်ထိပ်ကို အ၀တ်ဗလာနဲ့ဘောင်းဘီတိုတာဝတ်ဆင်ပြီးတက်ပြသွားတာကြောင့်သူ့ကိုရေခဲလူသားလို့တင်စားခေါ်ဝေါ်ကြပါတယ်။ဒီလောက်အေးတဲ့ချိန်မှာ သူရဲ့ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိနိုင်တာကြောင့်သာမန်ထူတွေထက်ထူးကဲတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

7. Michel Lotito

Michel Lotito

မိုက်ကယ် လိုတစ်တိုပာာမည်သည့်အရာဝတ္တုကိုမဆိုစားနိုင်သောက်နိုင်တာကြောင့်နာမည်ကြီးပါတယ်။သူပာာ သတ္တုတွေကိုဒီတိုင်းဝါးစားခဲ့တာနှစ်ပေါင်းကြာခဲပါပြီ။မိုက်ကယ်စုစုပေါင်းစားခဲ့တာအရာတွေပာာစက်ဘီး ၁၈စီး ဈေးဝယ်လှည်း ၁၅စီး တီဗီ၂လုံး တို့ဖြစ်ပါတယ်။ သူရဲ့ပုံမှန်မဟုတ်တဲ့စားသောက်နိုင်မှုကြောင့်လူတွေထိတ်လန့်အံသြခဲ့ရပါတယ်။သူရဲ့အစာခြေလမ်းကြောင်း အူနံရံတွေပာာ သတ္တုအမြောက်အများလက်ခံနိုင်တာကိုတွေ့ရပါတယ်။ သူပာာ၂၀၀၇ခုနှစ်မှာကွယ်လွန်သွားခဲ့ပါတယ်။အကျိုးဆက်ကသူစားခဲ့တဲ့ ခဲသတ္တုတွေအဆိပ်သင့်မှုကြောင့်လိုဆိုပါတယ်။ဘာပဲဖြစ်ဖြစ်သူပာာ လူတွေမလုပ်တဲ့အရာကိုလုပ်နိုင်ခဲ့တာကြောင့်သဘာဝလွန်စွမ်းအားရှိတဲ့သူလိုသတ်မှတ်ခဲ့ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations