အာဆင်နယ်အသင်းချန်ပီယံလိဂ်မ၀င်ခဲ့တာကြောင့်ဆန်းချက်ဇ်အသင်းပြောင်းရန်ပြင်ဆင်နေကြောင်း

မန်စီးတီးအသင်းသည်ယခုနွေရာသီဈေးကွက်တွင်ခေါ်ယူရန်ပစ်မှတ်ထားနေသည့်ဆန်းချက်ဇ်ကိုခေါ်ယူနိုင်ရန်အတွက်တိုက်စစ်မှုးအဂွဲရိုးနှင့်လှယ်လဲသွားရန်ကမ်းလှမ်းထားကြောင်းသိရှိရပါတယ်။မန်စီးတီးနည်းပြဂွါဒီယိုလာသည်ပြီးခဲ့တဲ့ဘောလုံးရာသီကပရီးမီးယားလိဂ်တွင်(၂၄)ဂိုးသွင်းယူခဲ့ပြီး(၁၀)ဂိုးဖန်တီးပေးခဲ့တဲ့ချီလီတောင်ပံကစားသမားဆန်းချက်ဇ်ကိုခေါ်ယူရန်စိတ်ဝင်စားလျက်ရှိနေပါတယ်။

အာဆင်နယ်အသင်းနှင့်လည်းအဆိုပါဈေးကွက်တွင်အပြောင်းအရွေ့ကိစ္စအတွက်ဆွေးနွေးခဲ့သော်လည်းအာဆင်နယ်အသင်းကမူပြည်တွင်းပြိုင်ဘက်အသင်းထံရောင်းချရန်အစီအစဉ်မရှိကြောင်းအကြောင်းပြန်ခဲ့ပါတယ်။ဒါကြောင့်မန်စီးတီးအသင်းသသည်အာဆင်နယ်အသင်းလက်ခံနိုင်မည့်ကမ်းလှမ်းမှုတစ်ရပ်ကိုပြုလုပ်သွားရန်စီစဉ်ခဲ့ပြီးအဂွဲရိုးနှင့်အလဲအလှယ်ထပ်ပြုလုပ်သွားရန်ကမ်းလှမ်းခဲ့ခြင်းဖြစ်ပါတယ်။

ဆန်းချက်ဇ်ပာာအာဆင်နယ်နဲ့စာချုပ်သက်တမ်း၁နှစ်သာကျန်ရှိတော့ပြီးချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ကြောင့်အသင်းပြောင်းရန်ပြင်ဆင်နေသူတစ်ယောက်ဖြစ်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations