မွန်မြတ်လှပါတယ်...

အာဆင်နယ်ညာနောက်ခံလူဘယ်လာရင်သည်လန်ဒန်မြို့ ဂရန်းဖဲလ်တာဝါမှမီးဘေးဒုက္ခသည်များအတွက် ပေါင်၁သောင်း၉ထောင်ပေးအပ်လှူဒါန်းခဲ့ပါတယ်။စပိန်ယူ ၂၁လူငယ်ကစားသမား ဘယ်လာရင်ပာာ ဥရောပယူ ၂၁ချန်ပီယံရှစ်ပြိုင်ပွဲတွင်ပါဝင်ကစားခဲ့သူဖြစ်ပြီး၁မိနစ်ကစားတိုင်းပေါင် ၅၀စီလှူဒါန်းမယ်လိုကြိုတင့်ပြောဆိုခဲ့သူတစ်ဦးဖြစ်ပါတယ်။

အဆိုပါပြိုင်ပွဲတွင်စပိန်ဗိုလ်လုပွဲတတ်ရောက်နိုင်ခဲ့သလိုဘယ်လာရင်သည် ၃၈၁မိနစ်ပါဝင်ကစားခွင့်ရရှိခဲ့ရာသူ၏လှူဒါန်းငွေမှာ ပေါင်၁၉၀၅၀ဖြစ်ပါတယ်။

အဆိုပါငွေကို ဂရန်းဖဲလ်တာဝါမီးလောင်မှုတွင်ခံစားခဲ့ရတဲ့မီးဘေးသင့်သူတွေကိုလှူဒါန်းခဲ့ပါတယ်။ဆက်စပ်သတင်းအရ ဘယ်လာရင်ပာာ ဘာစီလိုနာအသင်းသိုပြန်လည့်ပြောင်းရွေ့ရန်လည်းအလွန်နီးစပ်နေပြီလို့သိရှိရပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations