“မန်ယူအသင်းက ပရီးမီးယားလိဂ်ချန်ပီယံဆုကိုပြန်လည်ရယူဖို့စိတ်အားထက်သန်နေတဲ့အသင်းပါ။သူတို့ပာာဘောလုံးလောကမှာ ပြန်လည်လွှမ်းမိုးဖို့ကြိုးစားနေကြတာပါ။ ဒါကကျွန်တော်ကလေးဘ၀တည်းကလိုချင်တဲ့အခွင့်အရေးတစ်ခုပါ။ သူတို့ကမ်းလှမ်းမှုရှိလာတဲ့အခါ နှစ်ခါပြန်စဉ်းစားဖို့မလိုခဲ့ပါဘူ

မန်ယူအသင်းသို့ပြောင်းရွေ့ရန်မှာပြီးပြည်ကစုံသည့်အခွင့်အရေးတစ်ခုဖြစ်ကြောင်း၊မန်ယူအသင်းသို့ပြောင်းရွေ့ရေးကိုနှစ်ခါပြန်စဉ်းစားစရာမလိုကြောင်းတိုက်စစ်မှုးသစ်လူကာကူကပြောကြားခဲ့ပါတယ်။အသက်၂၄နှစ်အရွယ်ရှိဘယ်လ်ဂျီယံတိုက်စစ်မှုးလူကာကူသည် အဲဗာတန်မှမန်ယူသို့ပေါင် ၇၅သန်းဖြင့်ပြောင်းရွေ့ရန်သဘောတူညီခဲ့ပြီးလော့အိန်ဂျလိစ်တွင် ဆေးစစ်ဆေးမှုခံယူပြီးစီးခဲ့ပါတယ်။

လူကာကူပာာပြီးခဲ့တဲ့ဘောလုံးရာသီမှာအဲဗာတန်အသင်းအတွက် ၂၅ဂိုးသွင်းပေးခဲ့ပြီး လူကာကူကို ချဲလ်ဆီးအသင်းက ခေါ်ယူရန်ကြိုးပမ်းခဲ့သော်လည်းမန်ယူနဲ့နီးစပ်တဲ့အေးဂျင့်ရိုင်အိုလာရဲ့ဆက်သွယ်ညှိနှိုင်းပေးမှုများဖြင့်အိုးထရက်ဖိုဒ်သို့ရောက်ရန်သေချာခဲ့ခြင်းဖြစ်ပါတယ်။

“မန်ယူအသင်းက ပရီးမီးယားလိဂ်ချန်ပီယံဆုကိုပြန်လည်ရယူဖို့စိတ်အားထက်သန်နေတဲ့အသင်းပါ။သူတို့ပာာဘောလုံးလောကမှာ ပြန်လည်လွှမ်းမိုးဖို့ကြိုးစားနေကြတာပါ။ ဒါကကျွန်တော်ကလေးဘ၀တည်းကလိုချင်တဲ့အခွင့်အရေးတစ်ခုပါ။ သူတို့ကမ်းလှမ်းမှုရှိလာတဲ့အခါ နှစ်ခါပြန်စဉ်းစားဖို့မလိုခဲ့ပါဘူး။ဒီလိုကြီးကျယ်ခမ်းနားတဲ့ဘောလုံးအသင်းကမ်းလှမ်းမှုကိုဘယ်သူငြင်းနိုင်မှာလဲ”လို့၎င်းကဆိုခဲ့ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations