မာရာဒိုနာက အဲ့သတင်းထောက်မကို အိကျီချွတ်ခိုင်းခဲ့ပြီး ပြည့်တန်ဆာလားလို့မေးခဲ့ကာ....

အာဂျီတီးနားဂန္တ၀င်ကစားသမားမာရာဒိုနာပာာ ကွင်းအတွင်းမှာပြဿနာရှာတတ်သလိုကွင်းပြင်ပမှာလည်း မူးယစ်ဆေးပြဿနာတွေနဲ့ရှုပ်ထွေးတတ်သူပါ။သူပာာကွန်ဖက်ဒရေးရှင်းဖလား ဗိုလ်ပွဲအတွက် ဖိတ်ကြားခံရတာကြောင့် ရှရှားမြေကိုရောက်ရှိခဲ့ပါတယ်။ဂျာမနီနဲ့ချီလီတို့ဗိုလ်လုပွဲကစားရာစိန့်ပီတာစဘတ်မြို့မှာ မာရာဒိုနာပာာ အမျိုးသမီးသတင်းထောက်တစ်ဦးကို လိင်ပိုင်းဆိုင်ရာကျူးလွန်စော်ကားမှုတစ်ရပ်ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

နာဒိုစကာယာဆိုတဲ့ အမျိုးသမီးသတင်ထောက်ပာာအာဂျီတီးနားသားနဲ့ အင်တာပျုးဖို့ မာရာဒိုနာတည်းခိုရာဟိုတယ်ကိုရောက်ရှိလာပါတယ်။အဲ့ဒီမှာမာရာဒိုနာက အဲ့သတင်းထောက်မကို အိကျီချွတ်ခိုင်းခဲ့ပြီး ပြည့်တန်ဆာလားလို့မေးခဲ့သလိုဒေါ်လာ၅၀၀ကိုလည်း ပစ်ပေါက်ပေးခဲ့ပါတယ်လို့ လို့နာဒိုစကာတာယာက ရဲကိုတိုင်ကြားခဲ့ပါတယ်။ဒီစွပ်စွဲချက်က အစစ်အမှန်ဟုတ် မဟုတ် မသေချာသေးပေမဲ့ မာရာဒိုနာလို ကွန်ဖက်ဒရေးဖလားဗိုလ်လုပွဲရဲ့ဧည့်သည်တစ်ဦးအတွက် အရှက်ရဖွယ်ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations