ရော်ဘင်ဆင်ရဲ့ ကျောဒဏ်ရာပာာမသက်သာတာကြောင့် အနားယူခဲ့ခြင်းဖြစ်ပါတယ်....

အင်္ဂလန်လက်ရွေးစင် ဂိုးသမားဟောင်း ပေါလ်ရောဘင်ဆင်ပာာ ကျောဒဏ်ရာပြဿနာကြောင့် သူရဲ့ကစားသမားဘ၀ကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်းပြီးခဲ့တဲ့ဇူလိုင်လ၁၇ရက်နေ့တွင် သတင်းထုတ်ပြန်ကြေငြာလိုက်ပါတယ်။ လိစ်ဒ်ယူနိုက်တက်၊စပါးစ်၊ဘလက်ဘန်းအသင်းတို့တွင် ပါဝင်ကစားခဲ့သူ ဂိုးသမားရော်ဘင်ဆင် အသက်(၃၇)နှစ်သည် ၂၀၁၆ခုနှစ် ဇန်န၀ါရီလဈေးကွက်ကာလအတွင်း ဘန်လေအသင်းသို့ရောက်ရှိခဲ့သူဖြစ်ပြီး၂၀၁၆-၁၇ဘောလုံးရာသီအကုန်တွင်ဘန်လေနှင့်စာချုပ်သက်တမ်းကုန်ဆုံးခဲ့သူဖြစ်သည်။

ဂိုးသမားရော်ဘင်ဆင်ပာာပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဘန်လေနှင့်အတူပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သုံးပွဲသာကစားခွင့်ရရှိခဲ့သူဖြစ်ပါတယ်။ရော်ဘင်ဆင်သည် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၂၀၁၃ခုနှစ်မှ ၂၀၁၇ခှုနှစ်ထိပါဝင်ကစားပေးခဲ့ပြီးနိုင်ငံအသင်းနှင့်အတူ၄၁ပွဲကစားပေးခဲ့သူဖြစ်ပါတယ်။

”ကံမကောင်းစွာနဲ့ ပြီးခဲ့တဲ့ရာသီအကုန်မှာ ကျွန်တော်ပာာကျောဒဏ်ရာပြန်လည်ခံစားခဲ့ရပါတယ်။ဒီဒဏ်ရာပာာကျွန်တော့်ကို လာမည့်ရာသီစတင်ရေးအတွက် အဆင်သင့်မဖြစ်အောင်တားဆီးခဲ့ပါတယ်။ဖြစ်နိုင်သမျှတွေကိုစဉ်းစားပြီးနောက်မှာတော့ ကစားသမားဘ၀ကနေအနားယူပြီဆိုတာကြေငြာလိုက်တာဖြစ်ပါတယ်”လို့ရော်ဘင်ဆင်ပာာပြောကြားခဲ့ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations