ဂါရတ်ဘေးလ်က မိမိအနေဖြင့် ရီးရဲလ်မှထွက်ခွာရန် စဉ်းစားထားခြင်းမရှိကြောင်းနှင့်ရီးရဲလ်တွင်နေရာရရှိရေးအတွက် ကြိုးစားသွားရန်အဆင်သင့်ရှိနေကြောင်းထုတ်ဖော်ပြောဆို..

ရီးရဲလ်မက်ဒရစ်အသင်းတောင်ပံတိုက်စစ်ကစားသမား ဂါရတ်ဘေးလ်က မိမိအနေဖြင့် ရီးရဲလ်မှထွက်ခွာရန် စဉ်းစားထားခြင်းမရှိကြောင်းနှင့်ရီးရဲလ်တွင်နေရာရရှိရေးအတွက် ကြိုးစားသွားရန်အဆင်သင့်ရှိနေကြောင်းထုတ်ဖော်ပြောဆိုလိုက်သည်။

ဝေလကစားသမားဂါရတ်ဘေးလ်အားမန်ယူအသင်းကခေါ်ယူရန်စိတ်ဝင်စားခြင်းရှိနေခြင်းကြောင့် စပါးစ်ကစားသမားပောာင်းတစ်ဦးဖြစ်သူဂါရတ်ဘေးလ်သည် ရီးရဲလ်မှထွက်ခွာသည်ဟုထင်ကြေးပေးမှုများထွက်ပေါ်နေသည်။ ရီးရဲလ်အသင်းအနေဖြင့်မိုနာကိုအသင်းမှ လူငယ်တိုက်စစ်ကစားမား အမ်ဘာမေအားခေါ်ယူနိုင်ခဲ့ပါက ရါရတ်ဘေးလ်၏ရီးရဲလ်ကစားသမားဘ၀အနာဂတ်မှာ မရေမရာဖြစ်လာနိုင်သည်ဟု သုံးသပ်မှုများထွက်ပေါ်နေသည်။

သို့သော်လည်းဂါရတ်ဘေးလ်က”ကျွန်တော်အနေနဲ့ရီးရဲလ်ကနေထွက်ခွာဖို့ မစဉ်းစားပါဘူး။ရီးရဲလ်အသင်းမှာပုံမှန်နေရာရရှိဖို့ ခက်ခဲမယ်ဆိုတာကျွန်တ်ာသိပါတယ်။ဒါပေမဲ့ဒီလိုအခက်အခဲတွေနဲ့ရင်ဆိုင်ဖို့ရီးရဲလ်အသင်းမှာ ကျွန်တော်ရှိနေတာပါ”ဟုပြောဆိုခဲ့သည်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations