ဒိုင်ဘာလာသည် ဘာစီလိုနာနှင့် ဘရာဇီးတိုက်စစ်မှုး နေမာ၏အဆင့်မျိုးသို့ မရောက်ရှိသေးသည့်ကစားသမားတစ်ဦးဖြစ်ကြောင်း ဂျူပင်တပ်အသင်း ခံစစ်မှုး ချီလီနီက မှတ်ချက်ပြုပြောဆိုလိုက်သည်...

ဂျူပင်တပ်အသင်းတိုက်စစ်မှုး ဒိုင်ဘာလာသည် ဘာစီလိုနာနှင့် ဘရာဇီးတိုက်စစ်မှုး နေမာ၏အဆင့်မျိုးသို့ မရောက်ရှိသေးသည့်ကစားသမားတစ်ဦးဖြစ်ကြောင်း ဂျူပင်တပ်အသင်း ခံစစ်မှုး ချီလီနီက မှတ်ချက်ပြုပြောဆိုလိုက်သည်။အာဂျီတီးနားတိုက်စစ်မှုး ဒိုင်ဘာလာအား ဘာစီလိုနာအသင်းကခေါ်ယူရန် ပစ်မှတ်ထားနေသည်ဟု သတင်းများထွက်ပေါ်လာပြီးနောက်ခံစစ်မှုးချီလီနီက ယခုကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်သည်။တိုက်စစ်မှုးနေမာအား ပီအက်စ်ဂျီအသင်းကပြောင်းရွှေ့ကြေး ယူရို ၂၂၂သန်းဖြင့်ခေါ်ယူရန်ရည်ရွယ်ချက်ရှိနေခြင်းကြောင့် ဘာစီလိုနာအသင်းသည်တိုက်စစ်မှုး ဒိုင်ဘာလာ အသက် ၂၃နှစ်အား နေမာ၏နေရာတွင်အစားထိုးရန် ရည်ရွယ်နေသည်ဟုဆိုသည်။

“တိုက်စစ်မှုးဒိုင်ဘာလာအပေါ်လေးစားမှုရှိပါတယ်။ဒါပေမဲ့ဒိုင်ဘာလာပာာ ဒီနေအချိန်မှာနေမာလိုမျိုး တန်ဖိုးမြင့်တဲ့အခြေအနေမျိုးမှာမရှိသေးပါဘူး။နေမာကတော့မက်ဆီ၊ခရစ္စတီယာနိုရော်နယ်ဒိုတို့လို ကစားသမားတွေရဲ့အဆင့်မျိုးရောက်နေပြီးသူပာာ  Ballon d’Or ဆုကိုဆက်ခံနိုင်ဆက်ခံနိုင်သူဖြစ်လာလိမ့်မယ်လို့ပြီးခဲ့တဲ့ရာသီကကျွန်တော်ပြောခဲ့ပါတယ်။နေမာရဲ့ပြောင်းရွှေ့တန်ဖိုးနဲ့ပက်သက်ပြီး ပြောရမယ်ဆိုရင်များပြားတဲ့ပမာဏဖြစ်ပေမဲ့ ပွဲတစ်ပွဲမှာ ရာသီတစ်ရာသီမှာ အသင်းရဲ့ ရလဒ်အခြေအနေကိုပြောင်းလဲပေးနိုင်တဲ့ကစားသမားတစ်ဦးအတွက်အသုံးပြုသင့်တဲ့ပမဏပါပဲ”လို့ပြောကြားခဲ့ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations