ရော်နယ်ဒိုကတော့ ရီးရဲလ်အသင်းမှာဆက်လက်ရှိနေအုန်းမယ်လို့ ဆိုပါတယ်...

ရီးရဲလ်မက်ဒရစ်တိုက်စစ်ကစားသမား စီရော်နယ်ဒိုသည် ရီးရဲလ်မက်ဒရစ်အသင်းနှင့်အတူ ဆုဖလားများပိုမိုဆွတ်ခူးသွားနိုင်ရန်ဆန္ဒရှိနေကြောင်းနှင့် ရီးရဲလ်တွင်သာဆက်ရှိသွားမည်ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါသည်။ကမ္ဘာ့တစ်နှစ်သာအကောင်းဆုံးကစားသမား ရွှေဘောလုံးဆု ၄ကြိမ်ရရှိထားသည့် စီရော်နယ်ဒိုသည်ယခုနှစ်နွေရာသီအစောပိုင်းတွင် ရီးရဲလ်မက်ဒရစ်မှ ထွက်ခွာရန်သတင်းထွက်ပေါ်ပြီး ပြင်သစ်ကလပ်ပီအက်စ်ဂျီအသင်းကခေါ်ယူရန်စိတ်ဝင်စားခဲ့ကာ ဆက်သွယ်ခြင်းခံခဲ့ရသည်။

ရော်နယ်ဒိုသည်ပြီးခဲ့သည့်ရာသီတွင်ရီးရဲလ်မက်ဒရစ်အသင်းကို ချန်ပီယံလိဂ်ဆုဖလား၊စပိန်လာလီဂါဆုဖလားအပါအ၀င် ဆုဖလား၎လုံးရရှိအောင်ခြေစွမ်းပြဦးဆောင်ခဲ့သည်။အသက်၃၂နှစ်အရွယ်ရှိရော်နယ်ဒိုသည် လာမည့် ၂၀၂၁ခုနှစ်ထိတိုင်အောင်ရီးရဲလ်နှင့် စာချုပ်သက်တမ်းရှိနေုပြီး ဆုဖလားများပိုမိုရယူသွားရန်နှင့် လာမည်ရာသီတွင်လည်းအသင်းနှင့်အတူအောင်မြင်မှုများရရှိရန်မျော်လင့််ထားကြောင်း ပြောဆိုခဲ့ပါသည်။

“ပြီးခဲ့တဲ့နှစ်အတွင်းကျွန်တော်ရဲ့ ကလပ်နဲ့အတူအဓိကဆုဖလားတွေ ဆွတ်ခူးနိုင်ခဲ့ခြင်းပာာ တကယ်ကိုကောင်းမွန်ခဲ့ပါတယ်။ဒီလိုဆုဖလားတွေ နောက်ထပ်ကောင်းမွန်စွာ ဆွတ်ခူးနိုင်ဖို့လည်း ရှိနေပါတယ်။ တစ်နှစ်ပြီးတစ်နှစ်အလုပ်ကိုဆက်လက်ကြိုးစားသွားမှာဖြစ်ပါတယ်။ဘောလုံးပာာကျွန်တော်ရဲ့ဘ၀ဖြစ်ပြီးဒါပာာ ကျွန်တော်ရဲ့စိတ်အားထက်သန်မှုဖြစ်ပါတယ်”လို့ရော်နယ်ဒိုကပြောဆိုခဲ့ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations