ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာလည်း ပါဝင်နိုင်တော့မှာမဟုတ်ပါဘူး..

မန်ယူအသင်းနှင့်အိုင်းယက်စ်အသင်းတို့ယှဉ်ပြိုင်ကစားခဲ့သော ၂၀၁၆-၂၀၁၇ခုနှစ် ယူရိုပါလိဂ်ပြိုင်ပွဲဗိုလ်လုပွဲအပြီးတွင် မန်ယူအသင်းခံစစ်မှုးဖီးလ်ဂျုံးစ်သည်တားမြစ်ဆေးများသုံးစွဲထားခြင်းရှိမရှိစစ်ဆေးသည့်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကို စော်ကားပြောဆိုခဲ့ခြင်းကြောင့်ဥရောပဘောလုံးအဖွဲ့ချူပ်(ယူအီးအက်စ်အေ)၏ဥရောပပွဲနှစ်ပွဲပိတ်ပင်သည့် ပြစ်ဒဏ်ချမှတ်ခံရခဲ့ပါတယ်။

အင်္ဂလန်ကစားသမားဖီးလ်ဂျုံးစ်သည် ပွဲပယ်ပြစ်ဒဏ်ကြောင့် သြဂုတ်လ ၉ရက်တွင် ရီးရဲလ်မက်ဒရစ်အသင်းနှင့် ရင်ဆိုင်ရမည့်ဥရောပစူပါဖလားပွဲအားလွဲချော်ရမည်ဖြစ်ကာ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်တွင်လည်းပါဝင်ကစားနိုင်မည်မဟုတ်ပေ။ယူအီးအက်စ်အေကခံစစ်မှုးဖီးလ်ဂျုံးစ်အားပွဲပြစ်ဒဏ်အပြင် ဒဏ်ငွေပေါင် ၅၀၀၀ပေးဆောင်ရန်လည်းပြစ်ဒဏ်ချမှတ်ခဲ့ပါသည်။

 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations