မန်ယူရဲ့အားသစ်ဖြစ်လာမဲ့ မာသစ်ပါ...

ပရီးမီးယားလိဂ်ကလပ်မန်ယူအသင်းသည်ပြီးခဲ့တဲ့ဇူလိုင်လ ၃၁ရက်နေ့တွင်ချဲလ်ဆီးအသင်းကွင်းလယ်ခံစစ်သမား နီမန်ဂျာမာတစ်အားပြောင်းရွှေ့ကြေး ပေါင်သန်း၄၀ဖြင့်ခေါ်ယူလိုက်ပြီဖြစ်သည်။ဆားဘီးယားကစားသမား မာတစ်နှင့်မန်ယူအသငိးု့သည် သုံးနစ်သက်တမ်းရှိစာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကာ အဆိုပါစာချုပ်သက်တမ်းကုန်ဆုံးချိန်တွင်နောက်ထပ်၁၂လသက်တမ်းတိုးခွင့်ရှိသည်ဟုဆိုသည်။

မာသစ်သည်မာခ်ဟုခ်ျ၊ဗီရွန်၊မာတာတို့ပြီးနောက်မန်ယူနှင့်ချဲလ်ဆီးတို့တွင်ပါဝင်ကစားခဲ့သည့်ကစားသမားဖြစ်လာခဲ့သည်။ခံစစ်မှုးမာတစ်နှင့်မန်ယူအသင်းမန်နေဂျာမော်ရင်ညိုတို့သည်၂၀၁၃ခုနှစ်မှ၂၀၁၅ခုနှစ်အထိချဲလ်ဆီးတွင်လက်တွဲခဲ့ဖူးသူများဖြစ်သည်။ကွင်းလယ်ကစားသမားမာသစ်သည်ပြီးခဲ့သည့်ဘောလုံးရာသီတွင်ကွင်းလယ်ကစားသမား ရှုဝေါင်စတိန်ဂျာဝတ်ဆင်ခဲ့သည့်နံပတ်၃၁ဂျာဆီအားဝတ်ဆင်သွားမည်ဖြစ်သည်။

မာသစ်က”မန်ယူအသင်းကိုပြောင်းရွေ့လာရတဲ့အတွက်ကျေနပ်မိပါတယ်။မန်နေဂျာမော်ရင်ညိုနဲ့နောက်တစ်ကြိမ်ပြန်လည်လက်တွဲရမဲ့အခွင့်အရေးကိုကျွန်တော်လက်လွှတ်မခံနိုင်ခဲ့ပါဘူး”ဟုပြောဆိုခဲ့ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations