သြဂုတ်လ၁၄ရက်နေ့ နေ့လည်၂နာရီခွဲမှာ မြန်မာနဲ့စင်ကာပူယှဉ်ပြိုင်တာကိုတွေ့ရမှာပါ..

၂၉ကြိမ်မြောက်မလေးရှားဆီးဂိမ်းပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ-၂၂အသင်း၏ပြိုင်ပွဲမတိုင်မှီကြိုတင်ပြင်ဆင်မှုများကိုအားရကျေနပ်မိသည်ဟုမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှုးဦးကိုကိုသိန်းကပြောကြားခဲ့သည်။မြန်မာယူ၂၂အသင်းသည်ဆီးဂိမ်းပြိုင်ပွဲဝင်ရန်အတွက် သြဂုတ် ၁၁ရက်နေ့နေ့လည်ပိုင်းတွင်မလေးရှားနိုင်သို့ထွက်ခွာမီဖြစ်ပြီးလက်ရှ်ိအချိန်တွင် ဆီးဂိမ်းပြိုင်ပွဲအတွက် အပြီးသတ်ကစားသမား၂၀ဦးကိုရွေးချယ်ထားပြီးဖြစ်သည်။

ဦးကိုကိုသိန်းက“လက်ရှိအသင်းရဲ့စုဖွဲ့မှုအနေအထားအရရော ပြိုင်ပွဲမတိုင်ခင်ပြင်ဆင်မှုတွေကိုပါ အားရကျေနပ်မှုရရှိခဲ့ပါတယ်။ဆီးဂိမ်းမတိုင်ခင်အသင်းအနေနဲ့KBZbank Cup ၄နို်င်ငံကိုဖိတ်ခေါ်ပြိုင်ပွဲကစားခဲ့သလို အာရှယူ-၂၃ချန်ပီယံရှစ်ခြေစစ်ပွဲတွေလည်းကစားခဲ့ပါတယ်။ဖီဖာယူ-၂၀ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းကို အခြေခံပြီးအတွေ့အကြုံရှိတဲ့ကစားသမားတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာဖြစ်ပါတယ်။လက်ရှိမှာအသင်းကိုအကောင်းဆုံးပြင်ဆင်နေတာကြောင့်လာမဲ့ဆီးဂိမ်းပြိုင်ပွဲအတွက်အဆင့်သင့်ဖြစ်နေပါပြီ”ဟုပြောကြားခဲ့ပါတယ်။

 မြန်မာယူ-၂၂အသင်းသည်၂၁ကြိမ်မြောက်ဆီးဂိမ်းဖွင့်ပွဲအဖြစ် သြဂုတ်၁၄ရက်နေ့ နေ့လည်၂နာရီခွဲတွင် စင်ကာပူအသင်းနှင့်စတင်ယှဉ်ပြိုင်မည်ဖြစ်သည်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations