ချဲလ်ဆီးအသင်းမန်နေဂျာကွန်တီက ပာာဇက်ကိုဘာစီလိုနာအသင်းမှ ခေါ်ယူမည်ဆိုပါကသူ့အနေဖြင့်တားမြစ်နိုင်မည်မဟုတ်ကြောင်း.....

ချဲလ်ဆီးအသင်းမန်နေဂျာကွန်တီက ပာာဇက်ကိုဘာစီလိုနာအသင်းမှ ခေါ်ယူမည်ဆိုပါကသူ့အနေဖြင့်တားမြစ်နိုင်မည်မဟုတ်ကြောင်းထုတ်ဖော်ပြောဆိုလိုက်သည်။ဘာစီလိုနာအသင်းသည်အသင်းမှထွက်ခွာသွားခဲ့သည့်နေမာ၏နေရာတွင်အစားထိုးရန်အတွက် ပာာဇက်ကိုခေါ်ယူရန်ပြင်ဆင်နေခြင်းဖြစ်သလိုရီးရဲလ်မက်ဒရစ်နှင့်ပီအက်စ်ဂျီအသင်းတို့မှလည်းနွေရာသီဈေးကွက်စတင်ချိန်တည်းကခေါ်ယူရန်ပြင်ဆင်နေခြင်းဖြစ်သည်။ကွန်တီသည်မာတစ်မထွက်ခွာခင်တုန်းကလည်း အသင်းမှထွက်ခွာရန်ပြင်ဆင်နေကြောင်းကို အရိပ်အမြွတ်ထုတ်ဖော်ပြောဆိုခဲ့သေးသည်။

ချဲလ်ဆီးအသင်းမန်နေဂျာကွန်တီက “ကျွန်တော်ပာာနည်းပြတစ်ဦးပါ။ကျွန်တော့်အမြင်တွေကိုဖော်ပြရမှာဖြစ်ပါတယ်။ဒါပေမဲ့နောက်ဆုံးဆုံးဖြတ်ချက်ကိုအသင်းကသာချမှတ်သွားမှာပါ။ကောလပာာလတွေတော့ထွက်နေတာပါပဲ။ပာာဇက်ပာာ အသင်းမှာကစားရတာကိုတော့ပျော်ရွှင်မှုရှိနေပါတယ်”လို့ပြောကြားခဲ့ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations