ပရီးမီးယားလိဂ် ရာသီသစ်သည်မကြာမှီစတင်တော့မည်ဖြစ်သော်လည်းစပါးစ်အသင်းအနေဖြင့်လက်ရှိချိန်အထိကစားသမားအသစ်လုံးဝခေါ်ယူရခြင်းမရှိသေးသည့် အသင်းဖြစ်သည်။

စပါးစ်အသင်းမန်နေဂျာပွန်ချက်တီနိုက အပြောင်းအရွှေ့ရာသီမပိတ်ခင်ကစားသမားအနည်းငယ်ခေါ်ယူရန်ကြိုးစားနေကြောင်းထုတ်ဖော်ပြောဆိုလိုက်သည်။ ပရီးမီးယားလိဂ် ရာသီသစ်သည်မကြာမှီစတင်တော့မည်ဖြစ်သော်လည်းစပါးစ်အသင်းအနေဖြင့်လက်ရှိချိန်အထိကစားသမားအသစ်လုံးဝခေါ်ယူရခြင်းမရှိသေးသည့် အသင်းဖြစ်သည်။စပါးစ်အသင်းသည်ရာသီကြိုခြေစမ်းပွဲ၅ပွဲတွင် ၃ပွဲနိုင်အောင်ကစားခဲ့ပြီးပရီးမီးယားအဖွင့်ပွဲစဉ်အဖြစ် တန်းတတ်အသင်းဖြစ်သည့်နယူးကာဆယ် အသင်းနှင့်တွေ့ဆုံကစားရမည်ဖြစ်သည်။

စပါးအသင်း၏မန်နေဂျာပွန်ချက်တီနိုက”ကျွန်တော်တို့ပာာအသင်းအတွက်ကစားသမားအနည်းငယ်ခေါ်ယူဖို့အတွက်ကြိုးစားလုပ်ဆောင်နေပါတယ်။ကျွန်တော်တို့ရဲ့စိတ်ကူးတွေကတော့အရင်အတိုင်းပါပဲ။အသင်းကိုပိုမိုအင်အားတောင့်တင်းဖို့အတွက်အပြောင်းအရွှေ့ရာသီမပိတ်ခင် ကစားသမားအနည်းငယ်ကိုအရခေါ်ယူနိုင်ဖို့ကြိုးစားသွားမှာဖြစ်ပါတယ်။”ဟုပြောဆိုသွားခဲ့ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations